
ဘောလုံးပရိသတ်တစ်ဦးဟာမျှတခြင်းမရှိတာကြောင့်အာလင်းဟာလန်းကိုဘောလုံးလောကမှပိတ်ပင်ရေးအတွက် ထောက်ခံလက်မှတ်ကောက်ခံမှုပြုလုပ်နေပါတယ်။
အသက်၂၂နှစ်ရှိနော်ဝေတိုက်စစ်မှူးဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ပြောင်းရွှေ့ကြေးပေါင်၅၁သန်းဖြင့်ဒေါ့မွန်မှမန်စီးတီးသို့ပြောင်းလာသူဖြစ်ပါတယ်။
သူဟာမန်စီးတီးနှင့်တစ်ပတ်လုပ်ခပေါင်၃၇၅၀၀၀တန်ငါးနှစ်စာချုပ်ချုပ်ဆိုထားပါတယ်။
အာလင်းဟာလန်းဟာမန်စီးတီးသို့ရောက်လာပြီးနောက်၁၁ပွဲကစားထားရာမှာ၁၉ဂိုးအထိသွင်းယူထားနိုင်ပါတယ်။
ဆဲလ်ဘတ်တိုက်စစ်မှူးဟောင်းဟာမန်ချက်စတာဒါဘီပွဲတွင်ဟက်ထရစ်သွင်းယူပြီးနောက်နောက်ဆုံးပရီးမီးယားလိဂ်အိမ်ကွင်းသုံးပွဲဆက်ဟက်ထရစ်သွင်းယူထားနိုင်ပါတယ်။
ဒါကြောင့်လည်းဘောလုံးပရိသတ်တစ်ဦးကအာလင်းဟာလန်းကိုဘောလုံးကစားခွင့်ပိတ်ပင်ရေးအတွက်ထောက်ခံလက်မှတ်ကောက်ခံလာပြီဖြစ်ပါတယ်။
အာလင်းဟာလန်းကိုကစားခွင့်ပိတ်ပင်ရေးထောက်ခံလက်မှတ်ကောက်ခံမှုက ချက်ချင်းပင်တစ်ရာရရှိခဲ့ပြီးယခုသတင်းရေးသားနေချိန်တွင်၄၃၁ဦးအထိထောက်ခံလက်မှတ်ရေးထိုးထားကြပြီးဖြစ်ပါတယ်။
ZawGyi
မမျှတတာကြောင့် အာလင်းဟာလန်းကို ဘောလုံးလောကမှ ပိတ်ပင်ရန် ပရိသတ်များ ထောက်ခံလက်မှတ်ရယူနေ