မမွေးရသေးတဲ့ကလေးရဲ့အတိတ်ပေးမှုကြောင့် အင်္ဂလန်ပရိသတ်တစ်ဦး ပေါင် ၃၆၀ အနိုင်ရရှိ

အင်္ဂလန်ပရိသတ်တစ်ဦးဟာအာထရာဆောင်းရိုက်ကူးရာမှာမမွေးရသေးတဲ့ကလေးရဲ့အမူအယာကြောင့်ဂျာမနီနှင့်ပွဲမှာလောင်းကြေးပေါင်၃၆၀အနိုင်ရရှိခဲ့ပါတယ်။

ဂရိတ်ယာမောင့်မှအသက်၃၀နှစ်ရှိဂက်စ်အင်ဂျင်နီယာဂျွန်နီဟိုဝဲလ်ရဲ့ချစ်သူအလိုက်ဟာကိုယ်ဝန်လွယ်ထားရပြီးအာထရာဆောင်းရိုက်ကူးခဲ့ပါတယ်။

ယင်းသို့အာထရာဆောင်းရိုက်ကူးရာမှာမမွေးရာသေးတဲ့ကလေးဟာလက်နှစ်ချောင်းထောင်နေတာတွေ့ရပါတယ်။

အာထရာဆောင်းရိုက်ကူးသူကကလေးငယ်ဟာလက်နှစ်ချောင်းထောင်နေမှုကြောင့်ငြိမ်းချမ်းရေးလိုလားသူဖြစ်လိမ့်မယ်လို့ဟာသနှောပြောခဲ့ပါတယ်။

ဒါပေမယ့်ဂျွန်နီဟိုဝဲလ်ကတော့သူ့ရဲ့မမွေးရသေးတဲ့ကလေးကအင်္ဂလန်-ဂျာမနီပွဲအတွက်အတိတ်စိမ်းပေးလာတာလို့ယုံကြည်နေခဲ့ပါတယ်။

ဒါကြောင့်လည်းသူဟာအင်္ဂလန်ကဂျာမနီကို၂-၀ဂိုးနဲ့နိုင်မယ်ဆိုပြီးပေါင်၃၀လောင်းကြေးထပ်ခဲ့ပါတယ်။ကြေးဖွင့်လှစ်မှုက၁၂-၁ ဖြစ်ပါတယ်။

တကယ်တမ်းမှာလည်းအင်္ဂလန်အသင််းဟာဂျာမနီကိုစတာလင်း၊ဟယ်ရီကိန်းတို့ရဲ့ဂိုးများနှင့်၂-၀ဂိုးဖြင့်အနိုင်ရရှိကာကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပါတယ်။

ဟိုဝဲလ်က “ကျွန်တော့်ကောင်လေးကမှန်ကန်တဲ့ရလဒ်ဟောနိုင်တာအံ့ဩစရာပါ။လက်လေးချာင်းနဲ့လက်မထောင်ပြီးငါးဂိုးသွင်းမယ်လို့မခန့်မှန်းလိုက်တာဆိုးတယ်”လို့ပြောကြားသွားခဲ့ပါတယ်။

ဟိုဝဲလ်နှင့်အလိုက်တို့စုံတွဲဟာလောင်းကြေးနိုင်တဲ့ပေါင်၃၆၀ကိုမမွေးရသေးတဲ့ကလေးမွေးလာတဲ့အချိန်မှာသုံးဖို့အတွက်ကလေးအသုံးအဆောင်ပစ္စည်းများဝယ်ယူဖို့ဆုံးဖြတ်ထားကြပါတယ်။

အင်္ဂလန်ဟာစနေနေ့မှာရောမမှာယူကရိန်းနဲ့ယူရို၂၀၂၀ကွာတားဖိုင်နယ်ပွဲကစားရပါမယ်။

ZawGyi

မေမြးရေသးတဲ့ကေလးရဲ႕အတိတ္ေပးမႈေၾကာင့္ အဂၤလန္ပရိသတ္တစ္ဦး ေပါင္ ၃၆၀ အႏိုင္ရရွိ

အဂၤလန္ပရိသတ္တစ္ဦးဟာအာထရာေဆာင္း႐ိုက္ကူးရာမွာမေမြးရေသးတဲ့ကေလးရဲ႕အမူအယာေၾကာင့္ဂ်ာမနီႏွင့္ပြဲမွာေလာင္းေၾကးေပါင္၃၆၀အႏိုင္ရရွိခဲ့ပါတယ္။

ဂရိတ္ယာေမာင့္မွအသက္၃၀ႏွစ္ရွိဂက္စ္အင္ဂ်င္နီယာဂြၽန္နီဟိုဝဲလ္ရဲ႕ခ်စ္သူအလိုက္ဟာကိုယ္ဝန္လြယ္ထားရၿပီးအာထရာေဆာင္း႐ိုက္ကူးခဲ့ပါတယ္။

ယင္းသို႔အာထရာေဆာင္း႐ိုက္ကူးရာမွာမေမြးရာေသးတဲ့ကေလးဟာလက္ႏွစ္ေခ်ာင္းေထာင္ေနတာေတြ႕ရပါတယ္။

အာထရာေဆာင္း႐ိုက္ကူးသူကကေလးငယ္ဟာလက္ႏွစ္ေခ်ာင္းေထာင္ေနမႈေၾကာင့္ၿငိမ္းခ်မ္းေရးလိုလားသူျဖစ္လိမ့္မယ္လို႔ဟာသေႏွာေျပာခဲ့ပါတယ္။

ဒါေပမယ့္ဂြၽန္နီဟိုဝဲလ္ကေတာ့သူ႔ရဲ႕မေမြးရေသးတဲ့ကေလးကအဂၤလန္-ဂ်ာမနီပြဲအတြက္အတိတ္စိမ္းေပးလာတာလို႔ယုံၾကည္ေနခဲ့ပါတယ္။

ဒါေၾကာင့္လည္းသူဟာအဂၤလန္ကဂ်ာမနီကို၂-၀ဂိုးနဲ႔ႏိုင္မယ္ဆိုၿပီးေပါင္၃၀ေလာင္းေၾကးထပ္ခဲ့ပါတယ္။ေၾကးဖြင့္လွစ္မႈက၁၂-၁ ျဖစ္ပါတယ္။

တကယ္တမ္းမွာလည္းအဂၤလန္အသင္္းဟာဂ်ာမနီကိုစတာလင္း၊ဟယ္ရီကိန္းတို႔ရဲ႕ဂိုးမ်ားႏွင့္၂-၀ဂိုးျဖင့္အႏိုင္ရရွိကာကြာတားဖိုင္နယ္သို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ဟိုဝဲလ္က “ကြၽန္ေတာ့္ေကာင္ေလးကမွန္ကန္တဲ့ရလဒ္ေဟာႏိုင္တာအံ့ဩစရာပါ။လက္ေလးခ်ာင္းနဲ႔လက္မေထာင္ၿပီးငါးဂိုးသြင္းမယ္လို႔မခန႔္မွန္းလိုက္တာဆိုးတယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။

ဟိုဝဲလ္ႏွင့္အလိုက္တို႔စုံတြဲဟာေလာင္းေၾကးႏိုင္တဲ့ေပါင္၃၆၀ကိုမေမြးရေသးတဲ့ကေလးေမြးလာတဲ့အခ်ိန္မွာသုံးဖို႔အတြက္ကေလးအသုံးအေဆာင္ပစၥည္းမ်ားဝယ္ယူဖို႔ဆုံးျဖတ္ထားၾကပါတယ္။

အဂၤလန္ဟာစေနေန႔မွာေရာမမွာယူကရိန္းနဲ႔ယူ႐ို၂၀၂၀ကြာတားဖိုင္နယ္ပြဲကစားရပါမယ္။