မယုံကြည်နိုင်အောင် အသေးစိတ်နိုင်တဲ့ကွန်တီ။ ကွင်းမြက်ခင်းကို လက်ဖြင့် ပြင်ဆင်ဖို့ ညွှန်ကြားခဲ့

အန်တိုနီယိုကွန်တီရဲ့ကွင်းအတွင်းအသေးစိတ်နိုင်ပုံကစိတ္တဇဆန်လွန်းလှတယ်လို့ ပြောဆိုနေကြပါတယ်။အီတလီလူမျိုးနည်းပြဟာကွင်းဘေးရှိ ပျက်စီးနေတဲ့ကွင်းမြက်ခင်းကိုလက်ဖြင့်ပြန်လည်ပြုပြင်ဖို့အတွက် ကွင်းမြက်ခင်းထိန်းသိမ်းသူများကိုခိုင်းစေခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့တုန်းကလိဒ်နှင့်ပရီးမီးယားလိဂ်ပွဲစဉ်မှာကွင်းထိန်းသိမ်းသူများဟာဒူးထောက်ပြီးလက်ကိုအသုံးပြုကာကွင်းမြက်ခင်းကိုထိန်းသိမ်းပြုပြင်မှုပြုလုပ်နေခဲ့ကြတာတွေ့ရပါတယ်။

စကိုင်းစပေါ့မှသတင်းထောက်ဂျော့ဖ်ရှရီးဗီးဟာအန်တိုနီယိုကွန်တီရဲ့အသေးစိတ်နိုင်ပုံကိုအွန်လိုင်းတွင်ဗီဒီယိုဖိုင်တင်သွားခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်အန်တိုနီယိုကွန်တီဟာပွဲကစားချိန်တွင်ပင်ကွင်းဘေးတွင်ကွင်းထိန်းသိမ်းသူများကလက်ကိုသုံးပြီးမြက်ခင်းအားထိန်းသိမ်းပြုပြင်စေခဲ့တာလည်းဖြစ်ပါတယ်။

လိဒ်နှင့်ပွဲစဉ်မှာစပါးစ်ဟာဒန်ဂျိမ်းစ်ရဲ့ဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရပေမယ့်ဟိုဘတ်နှင့်ရီဂိုလွန်တို့ရဲ့ကြောင်း၂-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယင်းနိုင်ပွဲကအန်တိုနီယိုကွန်တီအတွက်စပါးစ်အတွက်ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲလည်းဖြစ်ပါတယ်။

ZawGyi





