မယုံနိုင်စရာကောင်းတဲ့ ဒေးဗစ်လုဇ်ရဲ့အနီကတ်ကို အယူခံသွားမည်ဟု အာတီတာ အတည်ပြု

ဒေးဗစ်လုဇ်ကမနေ့ညတုန်းကဝုဗ်နှင့်ပွဲစဉ်တွင်ပြသခြင်းခံခဲ့ရတဲ့အနီကတ်မှာမယုံနိုင်လောက်စရာကောင်းတဲ့အနီကတ်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။ဒါ့အပြင်အာဆင်နယ်နည်းပြအာတီတာကလည်းဒေးဗစ်လုဇ်မှာပြိုင်ဘက် ကစားသမားနှင့်တစ်စုံတစ်ရာထိတွေ့မှုမရှိရာအနီကတ်ကိုအယူခံဝင်သွားမှာဖြစ်ကြောင်းလည်းပြောကြား သွားပါတယ်။

ဒေးဗစ်လုဇ်ဟာပထမပိုင်းပြီးခါနီးနာကျင်အချိန်တွင်ပင်နယ်တီဧရိယာအတွင်းတွင်ဝီလီယံဟိုဆေးကိုဂိုးမသွင်းနိုင် အောင်တားဆီးတယ်ဆိုပြီးအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီးပင်နယ်တီပါပေးခဲ့ရပါတယ်။ယင်းပင်နယ်တီကိုရူဘင် နီဗက်စ်ကကန်သွင်းကာပီပီရဲ့အာဆင်နယ်အတွက်ဦးဆောင်ဂိုးကိုချေပခဲ့ပါတယ်။ဒုတိယပိုင်းတွင်မော်တင်ဟိုကဝုဗ်အတွက်အနိုင်ဂိုးသွင်းခဲ့ပြီးအာဆင်နယ်ဂိုးသမားလီနိုမှာလည်းဧရိယာအပြင်ဘက်တွင်ဘောလုံးကိုလက်ဖြင့်ပုတ် ထုတ်မှုကြောင့်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါသေးတယ်။

အနှေးပြကွက်များအရဘရာဇီးနောက်ခံလူဒေးဗစ်လုဇ်ဟာဝုဗ်တိုက်စစ်မှူးနီဗက်စ်ကိုအနည်းငယ်သာထိတွေ့မှုရှိ ကြောင်းတွေ့ရပါတယ်။ယင်းဖြစ်ရပ်ကိုVAR ကစစ်ဆေးမှုပြုလုပ်ခဲ့ပေမယ့်လည်းပင်နယ်တီပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးတွင်ဒေးဗစ်လုဇ်ကအင်စတာဂရမ်တွင်မယုံနိုင်လောက်အောင်စရာကောင်းတယ်ဆိုပြီးစာရေးသားပြီးဒေါသ ထွက်နေတဲ့emoji ကိုတင်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြအာတီတာကလည်းဒေးဗစ်လုဇ်မှာပြိုင်ဘက်ကစားသမားနှင့်ထိတွေ့ခဲ့ခြင်းမရှိကြောင်းပြောကြားကာအနီကတ်ကိုအယူခံဝင်မယ်လို့ဆိုသွားပါတယ်။

အာတီတာက “ဒီဖြစ်ရပ်ကိုမတူညီတဲ့ရှုထောင့်ငါးခုကနေဆယ်ခါလောက်ပြန်ကြည့်ပြီးပြီ။ဘာထိတွေ့မှုမှမတွေ့ ပါဘူး။အယူခံဝင်ပါမယ်။ကလပ်ရဲ့ဥပဒေအဖွဲ့နဲ့စကားပြောပြီးအကောင်းဆုံးဖြစ်အောင်လုပ်သွားပါမယ်”လို့ပြော ကြားသွားပါတယ်။

ZawGyi

မယုံႏိုင္စရာေကာင္းတဲ့ ေဒးဗစ္လုဇ္ရဲ႕အနီကတ္ကို အယူခံသြားမည္ဟု အာတီတာ အတည္ျပဳ

ေဒးဗစ္လုဇ္ကမေန႔ညတုန္းကဝုဗ္ႏွင့္ပြဲစဥ္တြင္ျပသျခင္းခံခဲ့ရတဲ့အနီကတ္မွာမယုံႏိုင္ေလာက္စရာေကာင္းတဲ့အနီကတ္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။ဒါ့အျပင္အာဆင္နယ္နည္းျပအာတီတာကလည္းေဒးဗစ္လုဇ္မွာၿပိဳင္ဘက္ ကစားသမားႏွင့္တစ္စုံတစ္ရာထိေတြ႕မႈမရွိရာအနီကတ္ကိုအယူခံဝင္သြားမွာျဖစ္ေၾကာင္းလည္းေျပာၾကား သြားပါတယ္။

ေဒးဗစ္လုဇ္ဟာပထမပိုင္းၿပီးခါနီးနာက်င္အခ်ိန္တြင္ပင္နယ္တီဧရိယာအတြင္းတြင္ဝီလီယံဟိုေဆးကိုဂိုးမသြင္းႏိုင္ ေအာင္တားဆီးတယ္ဆိုၿပီးအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရၿပီးပင္နယ္တီပါေပးခဲ့ရပါတယ္။ယင္းပင္နယ္တီကို႐ူဘင္ နီဗက္စ္ကကန္သြင္းကာပီပီရဲ႕အာဆင္နယ္အတြက္ဦးေဆာင္ဂိုးကိုေခ်ပခဲ့ပါတယ္။ဒုတိယပိုင္းတြင္ေမာ္တင္ဟိုကဝုဗ္အတြက္အႏိုင္ဂိုးသြင္းခဲ့ၿပီးအာဆင္နယ္ဂိုးသမားလီႏိုမွာလည္းဧရိယာအျပင္ဘက္တြင္ေဘာလုံးကိုလက္ျဖင့္ပုတ္ ထုတ္မႈေၾကာင့္အနီကတ္ျပထုတ္ပယ္ခံခဲ့ရပါေသးတယ္။

အေႏွးျပကြက္မ်ားအရဘရာဇီးေနာက္ခံလူေဒးဗစ္လုဇ္ဟာဝုဗ္တိုက္စစ္မႉးနီဗက္စ္ကိုအနည္းငယ္သာထိေတြ႕မႈရွိ ေၾကာင္းေတြ႕ရပါတယ္။ယင္းျဖစ္ရပ္ကိုVAR ကစစ္ေဆးမႈျပဳလုပ္ခဲ့ေပမယ့္လည္းပင္နယ္တီေပးခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးတြင္ေဒးဗစ္လုဇ္ကအင္စတာဂရမ္တြင္မယုံႏိုင္ေလာက္ေအာင္စရာေကာင္းတယ္ဆိုၿပီးစာေရးသားၿပီးေဒါသ ထြက္ေနတဲ့emoji ကိုတင္ခဲ့ပါတယ္။

အာဆင္နယ္နည္းျပအာတီတာကလည္းေဒးဗစ္လုဇ္မွာၿပိဳင္ဘက္ကစားသမားႏွင့္ထိေတြ႕ခဲ့ျခင္းမရွိေၾကာင္းေျပာၾကားကာအနီကတ္ကိုအယူခံဝင္မယ္လို႔ဆိုသြားပါတယ္။

အာတီတာက “ဒီျဖစ္ရပ္ကိုမတူညီတဲ့ရႈေထာင့္ငါးခုကေနဆယ္ခါေလာက္ျပန္ၾကည့္ၿပီးၿပီ။ဘာထိေတြ႕မႈမွမေတြ႕ ပါဘူး။အယူခံဝင္ပါမယ္။ကလပ္ရဲ႕ဥပေဒအဖြဲ႕နဲ႔စကားေျပာၿပီးအေကာင္းဆုံးျဖစ္ေအာင္လုပ္သြားပါမယ္”လို႔ေျပာ ၾကားသြားပါတယ္။