မယ်မိုနှင့်ယူနီယံဘာလင်တို့ပွဲတွင် ပရိသတ်များကြောင့် ပွဲကို ရပ်ဆိုင်းခဲ့ရ

မယ်မိုနှင့်ယူနီယံဘာလင်တို့ရင်ဆိုင်ကစားခဲ့ကြတဲ့ယူရိုပါလိဂ်ပွဲစဉ်တွင် နှစ်ဖက်ပရိသတ်များကကွင်းအတွင်းသို့မီးရှူးမီးပန်းများဖြင့်ပစ်လွှတ်မှုကြောင့်ပွဲကိုမိနစ်၂၀ခန့်ရပ်နားခဲ့ရပါတယ်။

နှစ်ဖက်ပရိသတ်များဟာဒုတိယပိုင်းတွင်ကွင်းအတွင်းသို့မီးရှူးမီးပန်းများအပါအဝင်ပစ္စည်းများဖြင့်ပစ်ပေါက်မှုပြုလုပ်မှုကြောင့်ပွဲကိုရပ်နားခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ပရိသတ်များကိုထိန်းချုပ်နိုင်မှုနှင့်အတူပွဲကိုပြန်လည်စတင်ကစားနိုင်ခဲ့ပြီး ယူနီယံဘာလင်က၁-၀ဂိုးဖြင့်အနိုင်ရရှိသွားပါတယ်။ယူနီယံဘာလင်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုရှီရယ်ဒိုဘက်ကာကသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မယ်မိုဟာယူနီယံဘာလင်ရှုံးပွဲကြောင့်နိုင်ပွဲမရရှိသေးဘဲယူရိုပါလိဂ်အုပ်စု(ဃ)ကြမ်းခင်းတွင်ရပ်တည်နေရပါတယ်။ယူနီယံဘာလင်ကတော့ ရမှတ်၃မှတ်ရရှိကာအဆင့်၃နေရာမှာရပ်တည်နေပါတယ်။

ZawGyi




