ချန်ပီယံလိဂ်အုပ်စုအဆင့်ရဲ့မရဏအုပ်စုတွင် လီဗာပူးကျရောက်နေပြီး မန်စီးတီးနှင့်ပီအက်စ်ဂျီတစ်အုပ်စုတည်းကျ

ယခုနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်အတွက်မဲခွဲမှုပြုလုပ်ခဲ့ရာစိတ်ဝင်စားစရာကောင်းပြီးပြိုင်ဆိုင်မှုပြင်းထန်တဲ့အုပ်စုပွဲစဉ်များကိုမြင်တွေ့လာရဖို့သေချာနေပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားခြောက်ကြိမ်ရလီဗာပူးအသင်းဟာချန်ပီယံလိဂ်အုပ်စု(ခ)တွင်လာလီဂါချန်ပီယံအက်သလက်တီကိုမက်ဒရစ်၊ပေါ်တူဂီထိပ်သီးပေါ်တို၊စီးရီးအေထိပ်သီးအေစီမီလန်နှင့်တစ်အုပ်စုတည်းကျရောက်ကာအခက်ခဲဆုံးအုပ်စုအတွင်းတွင်ကျရောက်နေပါတယ်။

တစ်ဖက်တွင်ပရီးမီးယားလိဂ်ထိပ်သီးမန်ယူမှာလည်းပြီးခဲ့တဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ရရှုံးနိမ့်ခဲ့တဲ့ဗီလာရီးရဲလ်နှင့်ပြန်လည်တွေ့ဆုံနေပါတယ်။မန်ယူဟာချန်ပီယံလိဂ်အုပ်စု(စ)တွင်ဗီလာရီးရဲလ်၊အတ္တလန္တာ၊ယန်းဘွိုင်းတို့နှင့်တွေ့ဆုံနေပါတယ်။

 

ဒါ့အပြင်ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်မန်စီးတီးမှာလည်းအုပ်စု(က)တွင်ပီအက်စ်ဂျီ၊လိုက်ဇစ်၊ဘရုဂျက်တို့နှင့်တစ်အုပ်စုတည်းကျနေပါတယ်။ယင်းအုပ်စုတွင်ပီအက်စ်ဂျီနှင့်မန်စီးတီးတို့ကအုပ်စုမှတက်ရောက်ရန်အခြေအနေကောင်းနေသော်လည်းမက်ဆီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ပြန်လည်ဆုံစည်းနိုင်တဲ့အနေအထားမျိုးတွင်ရှိနေပါတယ်။မန်စီးတီးဟာခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူနိုင်မယ့်အခြေအနေမျိုးမှာရှိနေပါတယ်။

လက်ရှိချန်ပီယံချဲလ်ဆီးမှာစီးရီးအေထိပ်သီးဂျူဗင်တပ်၊ရုရှားထိပ်သီးဇင်းနစ်၊မယ်လ်မိုတို့နှင့်ရင်ဆိုင်တွေ့နေပြီးအုပ်စု(င)တွင်ဘိုင်ယန်မြူးစ်၊ဘာစီလိုနာ၊ဒိုင်နမိုကိဗ်၊ဘင်ဖီကာတို့တွေ့ဆုံနေမှုမှာလည်းစိတ်ဝင်စားစရာကောင်းနေပါတယ်။

အုပ်စု(ဃ)တွင်အင်တာမီလန်၊ရီးရဲလ်မက်ဒရစ်၊ရှက်တာဒိုးနက်စ်၊ရှာရစ်တီရာစပိုလ်တို့တွေ့နေပါတယ်။အင်တာမီလန်၊ရီးရဲလ်မက်ဒရစ်၊ရှက်တာဒိုးနက်စ်တို့ဟာယမန်နှစ်ချန်ပီယံအုပ်စုတုန်းကလည်းထိပ်တိုက်တွေ့ဆုံခဲ့ကြဖူးပါတယ်။

ချန်ပီယံလိဂ်အုပ်စု(ဆ)တွင်လိုင်လီ၊ဆီဗီလာ၊ဆဲလ်ဘတ်၊ဝုဖ်ဘတ်တို့တွေ့နေပြီးအုပ်စု(ဂ)တွင်စပို့တင်းလစ္စဘွန်း၊ဒေါ့မွန်၊အေဂျက်စ်၊ဘီဆစ်တပ်တို့တွေ့ဆုံနေမှုမှာလည်းစိတ်ဝင်စားစရာပါ။

ZawGyi

ခ်န္ပီယံလိဂ္အုပ္စုအဆင့္ရဲ႕မရဏအုပ္စုတြင္ လီဗာပူးက်ေရာက္ေနၿပီး မန္စီးတီးႏွင့္ပီအက္စ္ဂ်ီတစ္အုပ္စုတည္းက်

ယခုႏွစ္ခ်န္ပီယံလိဂ္အုပ္စုအဆင့္အတြက္မဲခြဲမႈျပဳလုပ္ခဲ့ရာစိတ္ဝင္စားစရာေကာင္းၿပီးၿပိဳင္ဆိုင္မႈျပင္းထန္တဲ့အုပ္စုပြဲစဥ္မ်ားကိုျမင္ေတြ႕လာရဖို႔ေသခ်ာေနၿပီျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဖလားေျခာက္ႀကိမ္ရလီဗာပူးအသင္းဟာခ်န္ပီယံလိဂ္အုပ္စု(ခ)တြင္လာလီဂါခ်န္ပီယံအက္သလက္တီကိုမက္ဒရစ္၊ေပၚတူဂီထိပ္သီးေပၚတို၊စီးရီးေအထိပ္သီးေအစီမီလန္ႏွင့္တစ္အုပ္စုတည္းက်ေရာက္ကာအခက္ခဲဆုံးအုပ္စုအတြင္းတြင္က်ေရာက္ေနပါတယ္။

တစ္ဖက္တြင္ပရီးမီးယားလိဂ္ထိပ္သီးမန္ယူမွာလည္းၿပီးခဲ့တဲ့ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ရရႈံးနိမ့္ခဲ့တဲ့ဗီလာရီးရဲလ္ႏွင့္ျပန္လည္ေတြ႕ဆုံေနပါတယ္။မန္ယူဟာခ်န္ပီယံလိဂ္အုပ္စု(စ)တြင္ဗီလာရီးရဲလ္၊အတၱလႏၲာ၊ယန္းဘြိဳင္းတို႔ႏွင့္ေတြ႕ဆုံေနပါတယ္။

ဒါ့အျပင္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္မန္စီးတီးမွာလည္းအုပ္စု(က)တြင္ပီအက္စ္ဂ်ီ၊လိုက္ဇစ္၊ဘ႐ုဂ်က္တို႔ႏွင့္တစ္အုပ္စုတည္းက်ေနပါတယ္။ယင္းအုပ္စုတြင္ပီအက္စ္ဂ်ီႏွင့္မန္စီးတီးတို႔ကအုပ္စုမွတက္ေရာက္ရန္အေျခအေနေကာင္းေနေသာ္လည္းမက္ဆီႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ျပန္လည္ဆုံစည္းႏိုင္တဲ့အေနအထားမ်ိဳးတြင္ရွိေနပါတယ္။မန္စီးတီးဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူႏိုင္မယ့္အေျခအေနမ်ိဳးမွာရွိေနပါတယ္။

လက္ရွိခ်န္ပီယံခ်ဲလ္ဆီးမွာစီးရီးေအထိပ္သီးဂ်ဴဗင္တပ္၊႐ုရွားထိပ္သီးဇင္းနစ္၊မယ္လ္မိုတို႔ႏွင့္ရင္ဆိုင္ေတြ႕ေနၿပီးအုပ္စု(င)တြင္ဘိုင္ယန္ျမဴးစ္၊ဘာစီလိုနာ၊ဒိုင္နမိုကိဗ္၊ဘင္ဖီကာတို႔ေတြ႕ဆုံေနမႈမွာလည္းစိတ္ဝင္စားစရာေကာင္းေနပါတယ္။

အုပ္စု(ဃ)တြင္အင္တာမီလန္၊ရီးရဲလ္မက္ဒရစ္၊ရွက္တာဒိုးနက္စ္၊ရွာရစ္တီရာစပိုလ္တို႔ေတြ႕ေနပါတယ္။အင္တာမီလန္၊ရီးရဲလ္မက္ဒရစ္၊ရွက္တာဒိုးနက္စ္တို႔ဟာယမန္ႏွစ္ခ်န္ပီယံအုပ္စုတုန္းကလည္းထိပ္တိုက္ေတြ႕ဆုံခဲ့ၾကဖူးပါတယ္။

ခ်န္ပီယံလိဂ္အုပ္စု(ဆ)တြင္လိုင္လီ၊ဆီဗီလာ၊ဆဲလ္ဘတ္၊ဝုဖ္ဘတ္တို႔ေတြ႕ေနၿပီးအုပ္စု(ဂ)တြင္စပို႔တင္းလစၥဘြန္း၊ေဒါ့မြန္၊ေအဂ်က္စ္၊ဘီဆစ္တပ္တို႔ေတြ႕ဆုံေနမႈမွာလည္းစိတ္ဝင္စားစရာပါ။