မရရှိဖူးသေးတဲ့ Golden Foot ဆုအတွက် ဟယ်ရီကိန်းနဲ့ ကီဗင်ဒီဘရိုင်းတို့နဲ့ ယှဉ်ပြိုင်ရမယ့် မက်ဆီ

ဂန္ထဝင်လီယွန်နယ်မက်ဆီမရရှိဖူးသေးတဲ့ဆုဖလားနှင့်တစ်ကိုယ်တော်ဆုက အလွန်ပဲနည်းပါးလွန်းလှပါတယ်။

ဒါပေမဲ့မက်ဆီမရရှိဖူးသေးတဲ့ ဂုဏ်ယူဖွယ်ရာဆုများထဲမှာ Golden Foot လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။သူဟာ၂၀ကြိမ်မြောက်ချီးမြှင့်လာတဲ့Golden Foot ဆုအတွက်ပရီးမီးယားလိဂ်စူပါစတားများနှင့်ယှဉ်ပြိုင်ရလာတော့မှာဖြစ်ပါတယ်။

အသက်၃၅နှစ်ရှိပီအက်စ်ဂျီစူပါစတားဟာ Golden Foot ဆုအတွက်ဆန်ကာတင်စာရင်းမှာ၇နှစ်ဆက်တိုက်ပါဝင်လာပြီဖြစ်ပေမဲ့လည်း ယင်းဆုနှင့်ယခုတိုင်လွဲချော်နေတုန်းဖြစ်ပါတယ်။

မက်ဆီဟာကလပ်နှင့်နိုင်ငံတကာပွဲတို့တွင် ဆုဖလားပေါင်း၄၀ဆွတ်ခူးထားနိုင်တဲ့အပြင် ဂိုးတွင်တိုက်ရိုက်ပါဝင်မှု၁၁၅၇ဂိုးအထိရှိပြီးသမိုင်းတွင်ဒုတိယအအောင်မြင်ဆုံးကစားသမားအဖြစ်ရပ်တည်နေသူပါ။

သူဟာရွှေဖိနပ်ဆုများစွာဆွတ်ခူးပြီးဖြစ်သလို Ballon d’Or ဆုကိုလည်းခုနှစ်ကြိမ်တိုင်တိုင်ဆွတ်ခူးထားပါတယ်။

၂၀၂၁ခုနှစ် Golden Foot ဆုကိုမိုဟာမက်ဆာလက်ကဆွတ်ခူးသွားပြီး၂၀၂၀ခုနှစ်ဆုကို ခရစ္စတီယာနိုရော်နယ်ဒိုကဆွတ်ခူးခဲ့ပါတယ်။

ဒါပေမဲ့ယခုနှစ်မှာတော့မက်ဆီဟာယင်းဆုကိုဆွတ်ခူးသူများမှာဆန်ကာတင်စာရင်းတွင်ပင်ရွေးချယ်ရခြင်းမရှိရာယခုနှစ်ဆုကိုဆွတ်ခူးနိုင်ရန်အခြေအနေကောင်းနေပြီဖြစ်ပါတယ်။

ယင်းဆုအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်ရမယ့်သူမှာလည်းအနည်းဆုံးအသက်၂၈နှစ်ပြည့်ရမည်ဖြစ်ရာကိုင်လီယန်ဘက်ပေး၊အာလင်းဟာလန်းတို့လည်းပါဝင်လာခြင်းမရှိသေးပါဘူး။

မက်ဆီဟာယခုနှစ်ဆန်ကာတင်စာရင်းပါပရီးမီးယားလိဂ်စတားများဖြစ်ကြတဲ့ကီဗင်ဒီဘရိုင်း၊ဂျော်ဂျင်ဟို၊ဟယ်ရီကိန်း၊အန်ဂိုလိုကန်တီ၊ဆန်ဟောင်မင်း၊တီယာဂိုဆေးလ်ဗား၊ဗာဂယ်ဗန်ဒိုက်တို့နှင့်ယှဉ်ပြိုင်ရပါမယ်။

Golden Foot ဆုမှာ Hollywood of football ဆုဖြစ်ပြီး ဆုရရှိသူရဲ့ခြေဖဝါးပုံစံမှာ မိုနာကို၊ မွန်တီကာလိုရှိPromenade of the Champions တွင်ထားရှိခံရပါမယ်။

ယခုနှစ်ဆန်ကာတင်စာရင်းတွင်နေမာ၊လူးဝစ်ဆွာရက်ဇ်၊ဆာဂျီယိုရာမို့စ်၊မန်နူရယ်နူအာတို့လည်းပါဝင်နေပါတယ်။

အဆိုပါဆုကို၂၀၀၃ခုနှစ်တွင်စတင်ချီးမြှင့်တာဖြစ်ပြီးပထမဆုံးဆွတ်ခူးသူအဖြစ်ရောဘတ်တိုဘက်ဂျီယိုကဆွတ်ခူးခဲ့ပါတယ်။

ZawGyi

မရရွိဖူးေသးတဲ့ Golden Foot ဆုအတြက္ ဟယ္ရီကိန္းနဲ႔ ကီဗင္ဒီဘ႐ိုင္းတို႔နဲ႔ ယွဥ္ၿပိဳင္ရမယ့္ မက္ဆီ

ဂႏၴဝင္လီယြန္နယ္မက္ဆီမရရွိဖူးေသးတဲ့ဆုဖလားႏွင့္တစ္ကိုယ္ေတာ္ဆုက အလြန္ပဲနည္းပါးလြန္းလွပါတယ္။

ဒါေပမဲ့မက္ဆီမရရွိဖူးေသးတဲ့ ဂုဏ္ယူဖြယ္ရာဆုမ်ားထဲမွာ Golden Foot လည္းတစ္ခုအပါအဝင္ျဖစ္ပါတယ္။သူဟာ၂၀ႀကိမ္ေျမာက္ခ်ီးျမႇင့္လာတဲ့Golden Foot ဆုအတြက္ပရီးမီးယားလိဂ္စူပါစတားမ်ားႏွင့္ယွဥ္ၿပိဳင္ရလာေတာ့မွာျဖစ္ပါတယ္။

အသက္၃၅ႏွစ္ရွိပီအက္စ္ဂ်ီစူပါစတားဟာ Golden Foot ဆုအတြက္ဆန္ကာတင္စာရင္းမွာ၇ႏွစ္ဆက္တိုက္ပါဝင္လာၿပီျဖစ္ေပမဲ့လည္း ယင္းဆုႏွင့္ယခုတိုင္လြဲေခ်ာ္ေနတုန္းျဖစ္ပါတယ္။

မက္ဆီဟာကလပ္ႏွင့္ႏိုင္ငံတကာပြဲတို႔တြင္ ဆုဖလားေပါင္း၄၀ဆြတ္ခူးထားႏိုင္တဲ့အျပင္ ဂိုးတြင္တိုက္႐ိုက္ပါဝင္မႈ၁၁၅၇ဂိုးအထိရွိၿပီးသမိုင္းတြင္ဒုတိယအေအာင္ျမင္ဆုံးကစားသမားအျဖစ္ရပ္တည္ေနသူပါ။

သူဟာေ႐ႊဖိနပ္ဆုမ်ားစြာဆြတ္ခူးၿပီးျဖစ္သလို Ballon d’Or ဆုကိုလည္းခုႏွစ္ႀကိမ္တိုင္တိုင္ဆြတ္ခူးထားပါတယ္။

၂၀၂၁ခုႏွစ္ Golden Foot ဆုကိုမိုဟာမက္ဆာလက္ကဆြတ္ခူးသြားၿပီး၂၀၂၀ခုႏွစ္ဆုကို ခရစၥတီယာႏိုေရာ္နယ္ဒိုကဆြတ္ခူးခဲ့ပါတယ္။

ဒါေပမဲ့ယခုႏွစ္မွာေတာ့မက္ဆီဟာယင္းဆုကိုဆြတ္ခူးသူမ်ားမွာဆန္ကာတင္စာရင္းတြင္ပင္ေ႐ြးခ်ယ္ရျခင္းမရွိရာယခုႏွစ္ဆုကိုဆြတ္ခူးႏိုင္ရန္အေျခအေနေကာင္းေနၿပီျဖစ္ပါတယ္။

ယင္းဆုအတြက္ဆန္ကာတင္စာရင္းတြင္ပါဝင္ရမယ့္သူမွာလည္းအနည္းဆုံးအသက္၂၈ႏွစ္ျပည့္ရမည္ျဖစ္ရာကိုင္လီယန္ဘက္ေပး၊အာလင္းဟာလန္းတို႔လည္းပါဝင္လာျခင္းမရွိေသးပါဘူး။

မက္ဆီဟာယခုႏွစ္ဆန္ကာတင္စာရင္းပါပရီးမီးယားလိဂ္စတားမ်ားျဖစ္ၾကတဲ့ကီဗင္ဒီဘ႐ိုင္း၊ေဂ်ာ္ဂ်င္ဟို၊ဟယ္ရီကိန္း၊အန္ဂိုလိုကန္တီ၊ဆန္ေဟာင္မင္း၊တီယာဂိုေဆးလ္ဗား၊ဗာဂယ္ဗန္ဒိုက္တို႔ႏွင့္ယွဥ္ၿပိဳင္ရပါမယ္။

Golden Foot ဆုမွာ Hollywood of football ဆုျဖစ္ၿပီး ဆုရရွိသူရဲ႕ေျခဖဝါးပုံစံမွာ မိုနာကို၊ မြန္တီကာလိုရွိPromenade of the Champions တြင္ထားရွိခံရပါမယ္။

ယခုႏွစ္ဆန္ကာတင္စာရင္းတြင္ေနမာ၊လူးဝစ္ဆြာရက္ဇ္၊ဆာဂ်ီယိုရာမို႔စ္၊မန္ႏူရယ္ႏူအာတို႔လည္းပါဝင္ေနပါတယ္။

အဆိုပါဆုကို၂၀၀၃ခုႏွစ္တြင္စတင္ခ်ီးျမႇင့္တာျဖစ္ၿပီးပထမဆုံးဆြတ္ခူးသူအျဖစ္ေရာဘတ္တိုဘက္ဂ်ီယိုကဆြတ္ခူးခဲ့ပါတယ္။