မလိုချင်တဲ့ စံချိန်ဆိုးတစ်ခုကို ထပ်မံ ပိုင်ဆိုင်သွားခဲ့တဲ့ လီယွန်နယ်မက်ဆီ

ပီအက်စ်ဂျီစူပါစတားလီယွန်နယ်မက်ဆီဟာလွန်ခဲ့တဲ့၁၂နှစ်တုန်းဘာစီလိုနာလူငယ်စတားဘဝတုန်းကရရှိခဲ့ဖူးတဲ့ဘယ်သူမှမလိုချင်တဲ့စံချိန်ဆိုးတစ်ခုကိုထပ်မံရရှိသွားပါတယ်။

အသက်၃၄နှစ်ရှိလီယွန်နယ်မက်ဆီဟာစနေနေ့တုန်းကနိုက်စ်ကို၁-၀ဂိုးဖြင့်မထင်မှတ်ဘဲရှုံးနိမ့်တဲ့ပွဲစဉ်မှာဂိုးပေါက်ကန်သွင်းမှုတစ်ကြိမ်မျှမပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Ballon d’Or ဆုကိုခုနှစ်ကြိမ်ဆွတ်ခူးထားတဲ့မက်ဆီဟာ၂၀၀၉/၁၀ ဘောလုံးရာသီနောက်ပိုင်းတွင်ပွဲတစ်ပွဲတွင်ပထမဆုံးအကြိမ်အဖြစ်ဂိုးပေါက်ကန်သွင်းမှုမပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီအတွက်နောက်ဆုံးအကြိမ်ဂိုးပေါက်ကန်သွင်းမှုတစ်ကြိမ်မျှမပြုလုပ်နိုင်ခဲ့တဲ့ပွဲမှာရီးရဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ကစားရတဲ့၂၀၀၉ခုနှစ်ကိုပါဒယ်ရေးပါပွဲမှာတုန်းကဖြစ်ပါတယ်။

မက်ဆီဟာနွေရာသီတုန်းကဘာစီလိုနာကိုမထင်မှတ်ဘဲစွန့်ခွာကာ ပီအက်စ်ဂျီသို့ပြောင်းလာပြီးနောက်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်နေရသူလည်းဖြစ်ပါတယ်။သူဟာပီအက်စ်ဂျီအတွက်လီဂူး၁ပွဲ၁၇ပွဲကစားထားရာမှာ၂ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

ZawGyi

မလိုခ်င္တဲ့ စံခ်ိန္ဆိုးတစ္ခုကို ထပ္မံ ပိုင္ဆိုင္သြားခဲ့တဲ့ လီယြန္နယ္မက္ဆီ

ပီအက္စ္ဂ်ီစူပါစတားလီယြန္နယ္မက္ဆီဟာလြန္ခဲ့တဲ့၁၂ႏွစ္တုန္းဘာစီလိုနာလူငယ္စတားဘဝတုန္းကရရွိခဲ့ဖူးတဲ့ဘယ္သူမွမလိုခ်င္တဲ့စံခ်ိန္ဆိုးတစ္ခုကိုထပ္မံရရွိသြားပါတယ္။

အသက္၃၄ႏွစ္ရွိလီယြန္နယ္မက္ဆီဟာစေနေန႔တုန္းကႏိုက္စ္ကို၁-၀ဂိုးျဖင့္မထင္မွတ္ဘဲရႈံးနိမ့္တဲ့ပြဲစဥ္မွာဂိုးေပါက္ကန္သြင္းမႈတစ္ႀကိမ္မွ်မျပဳလုပ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

Ballon d’Or ဆုကိုခုႏွစ္ႀကိမ္ဆြတ္ခူးထားတဲ့မက္ဆီဟာ၂၀၀၉/၁၀ ေဘာလုံးရာသီေနာက္ပိုင္းတြင္ပြဲတစ္ပြဲတြင္ပထမဆုံးအႀကိမ္အျဖစ္ဂိုးေပါက္ကန္သြင္းမႈမျပဳလုပ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မက္ဆီအတြက္ေနာက္ဆုံးအႀကိမ္ဂိုးေပါက္ကန္သြင္းမႈတစ္ႀကိမ္မွ်မျပဳလုပ္ႏိုင္ခဲ့တဲ့ပြဲမွာရီးရဲလ္မက္ဒရစ္ႏွင့္ရင္ဆိုင္ကစားရတဲ့၂၀၀၉ခုႏွစ္ကိုပါဒယ္ေရးပါပြဲမွာတုန္းကျဖစ္ပါတယ္။

မက္ဆီဟာေႏြရာသီတုန္းကဘာစီလိုနာကိုမထင္မွတ္ဘဲစြန႔္ခြာကာ ပီအက္စ္ဂ်ီသို႔ေျပာင္းလာၿပီးေနာက္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ေနရသူလည္းျဖစ္ပါတယ္။သူဟာပီအက္စ္ဂ်ီအတြက္လီဂူး၁ပြဲ၁၇ပြဲကစားထားရာမွာ၂ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။