မဟာရန်သူတော်ကြီးမက်ဆီနှင့် တွဲကစားဖို့ နှစ်လအထိ စောင့်ဆိုင်းရတော့မယ့် ဆာဂျီယိုရာမို့စ်

ပီအက်စ်ဂျီစတားဆာဂျီယိုရာမို့စ်ဟာပေါင်ကြွက်သားဒဏ်ရာကြောင့်နှစ်လအထိအနားယူရတော့မှာဖြစ်ကြောင်းသိရပါတယ်။

ယင်းသို့နေအထားကြောင့်စပိန်မှာတုန်းကအကြီးမားဆုံးပြိုင်ဘက်များဖြစ်ခဲ့ကြတဲ့ရီးရဲလ်မက်ဒရစ်ဂန္ထဝင်နောက်ခံလူဆာဂျီယိုရာမို့်စ်နှင့်ဘာစီလိုနာဂန္ထဝင်လီယွန်နယ်မက်ဆီတို့တွဲကစားမှုအားကြည့်ရှုရန်စောင့်ဆိုင်းရဦးတော့မှာလည်းဖြစ်ပါတယ်။

Marca သတင်းစာရဲ့ဖော်ပြချက်အရအသက်၃၅နှစ်ရှိရာမို့စ်ဟာနှစ်ပတ်ခန့်အနားယူရမည်ဟုဖော်ပြနေပေမယ့်လည်းပြင်သစ်မီဒီယာများကမူစပိန်အသင်းခေါင်းဆောင်ရဲ့ဒဏ်ရာမှာထင်မှတ်ထားသည်ထက်ဆိုးရွားနေမှုကြောင့်နှစ်လအထိအနားယူရနိုင်ကြောင်းရေးသားနေပါတယ်။

ရာမို့စ်ဟာရီးရဲလ်မက်ဒရစ်တွင်၁၆နှစ်ကြာကစားပြီးနောက်ပြီးခဲ့တဲ့လတုန်းကပီအက်စ်ဂျီသို့၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

သူဟာဇူလိုင်လနှောင်းပိုင်းတုန်းကလေ့ကျင့်ခန်းအစီအစဉ်တွင်ဒဏ်ရာရရှိကာစနေနေ့တုန်းကထရိုယက်စ်နှင့်လီဂူး၁အဖွင့်ပွဲကိုလွဲချော်ခဲ့ပါတယ်။

ZawGyi

မဟာရန္သူေတာ္ႀကီးမက္ဆီႏွင့္ တြဲကစားဖို႔ ႏွစ္လအထိ ေစာင့္ဆိုင္းရေတာ့မယ့္ ဆာဂ်ီယိုရာမို႔စ္

ပီအက္စ္ဂ်ီစတားဆာဂ်ီယိုရာမို႔စ္ဟာေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ႏွစ္လအထိအနားယူရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

ယင္းသို႔ေနအထားေၾကာင့္စပိန္မွာတုန္းကအႀကီးမားဆုံးၿပိဳင္ဘက္မ်ားျဖစ္ခဲ့ၾကတဲ့ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ေနာက္ခံလူဆာဂ်ီယိုရာမို႔္စ္ႏွင့္ဘာစီလိုနာဂႏၴဝင္လီယြန္နယ္မက္ဆီတို႔တြဲကစားမႈအားၾကည့္ရႈရန္ေစာင့္ဆိုင္းရဦးေတာ့မွာလည္းျဖစ္ပါတယ္။

Marca သတင္းစာရဲ႕ေဖာ္ျပခ်က္အရအသက္၃၅ႏွစ္ရွိရာမို႔စ္ဟာႏွစ္ပတ္ခန႔္အနားယူရမည္ဟုေဖာ္ျပေနေပမယ့္လည္းျပင္သစ္မီဒီယာမ်ားကမူစပိန္အသင္းေခါင္းေဆာင္ရဲ႕ဒဏ္ရာမွာထင္မွတ္ထားသည္ထက္ဆိုး႐ြားေနမႈေၾကာင့္ႏွစ္လအထိအနားယူရႏိုင္ေၾကာင္းေရးသားေနပါတယ္။

ရာမို႔စ္ဟာရီးရဲလ္မက္ဒရစ္တြင္၁၆ႏွစ္ၾကာကစားၿပီးေနာက္ၿပီးခဲ့တဲ့လတုန္းကပီအက္စ္ဂ်ီသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

သူဟာဇူလိုင္လေႏွာင္းပိုင္းတုန္းကေလ့က်င့္ခန္းအစီအစဥ္တြင္ဒဏ္ရာရရွိကာစေနေန႔တုန္းကထ႐ိုယက္စ္ႏွင့္လီဂူး၁အဖြင့္ပြဲကိုလြဲေခ်ာ္ခဲ့ပါတယ္။