
မန်ချက်စတာယူနိုက်တက်လူငယ်ကစားသမားဟောင်းတစ်ဦးဟာသူ့ကစားသမားဘဝအဆုံးသတ်စေခဲ့တဲ့မအောင်မြင်တဲ့ခွဲစိတ်ကုသမှုအတွက်ခွဲစိတ်ဆရာဝန်တစ်ဦးကိုသန်းချီနစ်နာကြေးရရှိရန်အတွက်တရားစွဲလာပါတယ်။
ဆိုင်ဗန်အီဘန့်ဘလိတ်ဟာယူနိုက်တက်လူငယ်စီမံကိန်းမှထွက်ပေါ်လာခဲ့သူဖြစ်ပြီးဘားနက်နှင့်လိဂ်ဖလားပွဲစဉ်တွင်၂ဂိုးသွင်းယူခဲ့သူလည်းဖြစ်ပါတယ်။
သူဟာယူနိုက်တက်မှထွက်ခွာပြီးပလိုင်းမောက်သို့ပြောင်းရွှေ့ခဲ့ပါတယ်။ယင်းမှတဆင့်သူဟာဝုဗ်သို့ပြောင်းကစားခဲ့ပြီးယင်းတွင်၁၉၃ပွဲကစားကာ၆၄ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။သူဟာအစ္စဝှစ်ချ်၊ပရက်စတန်၊ချက်စတာဖီးလ်၊ရှောဘူရီတောင်းတို့တွင်လည်းကစားခဲ့ပါတယ်။
၂၀၁၃ခုနှစ်မှာတော့သူဟာဘာမင်ဂမ်နှင့်ချန်ပီယံရှစ်ပွဲစဉ်မှာတော့ဒူးနှင့်ခြေသလုံးကြားအဆက်အရိုးကျိုးခဲ့သလိုခြေကျင်းဝတ်အရွတ်ဒဏ်ရာလည်းရရှိခဲ့ပါတယ်။
အင်္ဂလန်ယူ-၂၁လက်ရွေးစင်ဟာယင်းဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပေမဲ့လည်းထိပ်တန်းအဆင့်မှာနောက်ထပ်တစ်ကြိမ်မကစားနိုင်တော့ပါဘူး။
သူဟာခွဲစိတ်ကုသမှုခံယူပြီးနောက်ပိုင်းမှာအဆစ်နာခြင်း၊ အဆစ်တင်းမာခြင်း၊ရွှေ့လျားမှုနှေးကွေးခြင်းတို့ကြုံခဲ့ပါတယ်။
ယင်းနောက်သူဟာ၂၀၁၉-၂၀ရာသီမှာတော့ Midland League တွင်Walsall Wood အတွက်ကစားစဉ်ခြေထောက်ရိုးကျိုးဒဏ်ရာထပ်မံရရှိခဲ့ပါတော့တယ်။
ယင်းနောက်မှာတော့သူဟာသူ့ကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့တဲ့အရိုးခွဲစိတ်ဆရာဝန်ပရော်ဖက်ဆာဂျိမ်းစ်ကယ်ဒါကိုတရားစွဲလာပါတယ်။သူဟာနစ်နာကြေးများစွာရရှိရေးအတွက်တရားစွဲလာပါတယ်။
လက်ရှိအချိန်တွင်အီဘင့်ဘလိတ်ဟာနစ်နာကြေးဘယ်လောက်တောင်းဆိုထားတယ်ဆိုတာ မသိရသေးပေမဲ့လည်းအခုအချိန်မှာပရီးမီးယားလိဂ်ကစားသမားတစ်ဦးရဲ့ပျမ်းမျှလုပ်ခကပေါင်၁.၆သန်းဖြစ်ရာနစ်နာကြေးသန်းချီတောင်းလာဖို့သေချာနေပါတယ်။
ZawGyi
မေအာင္ျမင္တဲ့ခြဲစိတ္မႈေၾကာင့္ ကစားသမားဘဝဆုံးရၿပီးေနာက္ ခြဲစိတ္ဆရာဝန္ကို သန္းေပါင္းမ်ားစြာအတြက္ တရားစြဲလာတဲ့ ယူႏိုက္တက္စတားေဟာင္း
မန္ခ်က္စတာယူႏိုက္တက္လူငယ္ကစားသမားေဟာင္းတစ္ဦးဟာသူ႔ကစားသမားဘဝအဆုံးသတ္ေစခဲ့တဲ့မေအာင္ျမင္တဲ့ခြဲစိတ္ကုသမႈအတြက္ခြဲစိတ္ဆရာဝန္တစ္ဦးကိုသန္းခ်ီနစ္နာေၾကးရရွိရန္အတြက္တရားစြဲလာပါတယ္။
ဆိုင္ဗန္အီဘန႔္ဘလိတ္ဟာယူႏိုက္တက္လူငယ္စီမံကိန္းမွထြက္ေပၚလာခဲ့သူျဖစ္ၿပီးဘားနက္ႏွင့္လိဂ္ဖလားပြဲစဥ္တြင္၂ဂိုးသြင္းယူခဲ့သူလည္းျဖစ္ပါတယ္။
သူဟာယူႏိုက္တက္မွထြက္ခြာၿပီးပလိုင္းေမာက္သို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ယင္းမွတဆင့္သူဟာဝုဗ္သို႔ေျပာင္းကစားခဲ့ၿပီးယင္းတြင္၁၉၃ပြဲကစားကာ၆၄ဂိုးအထိသြင္းႏိုင္ခဲ့ပါတယ္။သူဟာအစၥဝွစ္ခ်္၊ပရက္စတန္၊ခ်က္စတာဖီးလ္၊ေရွာဘူရီေတာင္းတို႔တြင္လည္းကစားခဲ့ပါတယ္။
၂၀၁၃ခုႏွစ္မွာေတာ့သူဟာဘာမင္ဂမ္ႏွင့္ခ်န္ပီယံရွစ္ပြဲစဥ္မွာေတာ့ဒူးႏွင့္ေျခသလုံးၾကားအဆက္အ႐ိုးက်ိဳးခဲ့သလိုေျခက်င္းဝတ္အ႐ြတ္ဒဏ္ရာလည္းရရွိခဲ့ပါတယ္။
အဂၤလန္ယူ-၂၁လက္ေ႐ြးစင္ဟာယင္းဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ေပမဲ့လည္းထိပ္တန္းအဆင့္မွာေနာက္ထပ္တစ္ႀကိမ္မကစားႏိုင္ေတာ့ပါဘူး။
သူဟာခြဲစိတ္ကုသမႈခံယူၿပီးေနာက္ပိုင္းမွာအဆစ္နာျခင္း၊ အဆစ္တင္းမာျခင္း၊ေ႐ႊ႕လ်ားမႈေႏွးေကြးျခင္းတို႔ႀကဳံခဲ့ပါတယ္။
ယင္းေနာက္သူဟာ၂၀၁၉-၂၀ရာသီမွာေတာ့ Midland League တြင္Walsall Wood အတြက္ကစားစဥ္ေျခေထာက္႐ိုးက်ိဳးဒဏ္ရာထပ္မံရရွိခဲ့ပါေတာ့တယ္။
ယင္းေနာက္မွာေတာ့သူဟာသူ႔ကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့တဲ့အ႐ိုးခြဲစိတ္ဆရာဝန္ပေရာ္ဖက္ဆာဂ်ိမ္းစ္ကယ္ဒါကိုတရားစြဲလာပါတယ္။သူဟာနစ္နာေၾကးမ်ားစြာရရွိေရးအတြက္တရားစြဲလာပါတယ္။
လက္ရွိအခ်ိန္တြင္အီဘင့္ဘလိတ္ဟာနစ္နာေၾကးဘယ္ေလာက္ေတာင္းဆိုထားတယ္ဆိုတာ မသိရေသးေပမဲ့လည္းအခုအခ်ိန္မွာပရီးမီးယားလိဂ္ကစားသမားတစ္ဦးရဲ႕ပ်မ္းမွ်လုပ္ခကေပါင္၁.၆သန္းျဖစ္ရာနစ္နာေၾကးသန္းခ်ီေတာင္းလာဖို႔ေသခ်ာေနပါတယ္။