မာဆယ်လိုနှင့် အစ္စကိုတို့ရဲ့ရီးရဲလ်မက်ဒရစ်အနာဂတ်ကို အန်ဆယ်လော့တီအတည်ပြုလာ

ရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီကအလယ်တန်းကစားသမားအစ္စကိုမှာရာသီအကုန်တွင်ဘာနေဗျူးမှထွက်ခွာမည်ဖြစ်ကြောင်းအတည်ပြုလာပါတယ်။

အသက်၃၀နှစ်ရှိစပိန်ကွင်းလယ်ကစားသမားရဲ့စာချုပ်ကဇွန်လ၃၀ရက်နေ့တွင်ကုန်ဆုံးမည်ဖြစ်ပြီး ကိုးနှစ်ကြာကစားလာခဲ့တဲ့ဘာနေဗျူးကိုစွန့်ခွာလာတော့မှာဖြစ်ပါတယ်။

အစ္စကိုဟာရီးရဲလ်မက်ဒရစ်သို့ဇီဒန်းတကျော့ပြန်ရောက်လာပြီးနောက်နေရာရရှိရန်ရုန်းကန်ခဲ့တဲ့အပြင်အန်ဆယ်လော့တီရဲ့လက်အောက်တွင်လည်းဆက်လက်ရုန်းကန်ခဲ့ရပါတယ်။

အစ္စကိုဟာယခုရာသီတွင်ရီးရဲလ်မက်ဒရစ်အတွက်လာလီဂါတွင်၁၃ပွဲတည်းသာကစားခွင့်ရရှိခဲ့ရာမှာ၃ပွဲတည်းသာပွဲထွက်ခွင့်ရခဲ့ပါတယ်။သူဟာရီးရဲလ်မက်ဒရစ်ရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်ရာတွင်လည်းပွဲအများစုကိုအရန်အဖြစ်ပင်ဝင်မကစားခဲ့ရဘဲအရန်ခုံတွင်ပင်အချိန်ကုန်ဆုံးခဲ့ရပါတယ်။

အစ္စကိုဟာရီးရဲလ်မက်ဒရစ်အတွက်၃၅၂ပွဲကစားကာ၅၃ဂိုးသွင်းယူပြီး၅၆ကြိမ်ဖန်တီးထားပါတယ်။သူဟာရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလား၄ကြိမ်၊လာလီဂါဖလား၃ကြိမ်အပါအဝင်ဆုဖလား၁၈လုံးရယူနိုင်ခဲ့ပါတယ်။

အစောပိုင်းတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းအရအစ္စကိုဟာဘက်တစ်သို့ပြောင်းရွှေ့ကစားမှာဖြစ်ပြီးဘက်တစ်ကလပ်သမိုင်းတွင်လုပ်ခအများဆုံးရရှိတဲ့ကစားသမားဖြစ်လာမယ်လို့သိရပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီဟာအစ္စကိုဘာနေဗျူးမှထွက်ခွာမည်ဟုအတည်ပြုသွားပေမဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်မာဆယ်လိုရဲ့အနာဂတ်ကိုတော့ အတည်ပြုပြောကြားရန်ငြင်းဆိုသွားပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်မာဆယ်လိုရဲ့စာချုပ်သက်တမ်းမှာလာမယ့်ဇွန်လ၃၀ရက်နေ့တွင်ကုန်ဆုံးပါမယ်။

ZawGyi

မာဆယ္လိုႏွင့္ အစၥကိုတို႔ရဲ႕ရီးရဲလ္မက္ဒရစ္အနာဂတ္ကို အန္ဆယ္ေလာ့တီအတည္ျပဳလာ

ရီးရဲလ္မက္ဒရစ္နည္းျပကာလိုအန္ဆယ္ေလာ့တီကအလယ္တန္းကစားသမားအစၥကိုမွာရာသီအကုန္တြင္ဘာေနဗ်ဴးမွထြက္ခြာမည္ျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

အသက္၃၀ႏွစ္ရွိစပိန္ကြင္းလယ္ကစားသမားရဲ႕စာခ်ဳပ္ကဇြန္လ၃၀ရက္ေန႔တြင္ကုန္ဆုံးမည္ျဖစ္ၿပီး ကိုးႏွစ္ၾကာကစားလာခဲ့တဲ့ဘာေနဗ်ဴးကိုစြန႔္ခြာလာေတာ့မွာျဖစ္ပါတယ္။

အစၥကိုဟာရီးရဲလ္မက္ဒရစ္သို႔ဇီဒန္းတေက်ာ့ျပန္ေရာက္လာၿပီးေနာက္ေနရာရရွိရန္႐ုန္းကန္ခဲ့တဲ့အျပင္အန္ဆယ္ေလာ့တီရဲ႕လက္ေအာက္တြင္လည္းဆက္လက္႐ုန္းကန္ခဲ့ရပါတယ္။

အစၥကိုဟာယခုရာသီတြင္ရီးရဲလ္မက္ဒရစ္အတြက္လာလီဂါတြင္၁၃ပြဲတည္းသာကစားခြင့္ရရွိခဲ့ရာမွာ၃ပြဲတည္းသာပြဲထြက္ခြင့္ရခဲ့ပါတယ္။သူဟာရီးရဲလ္မက္ဒရစ္ရဲ႕ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔တက္ေရာက္ရာတြင္လည္းပြဲအမ်ားစုကိုအရန္အျဖစ္ပင္ဝင္မကစားခဲ့ရဘဲအရန္ခုံတြင္ပင္အခ်ိန္ကုန္ဆုံးခဲ့ရပါတယ္။

အစၥကိုဟာရီးရဲလ္မက္ဒရစ္အတြက္၃၅၂ပြဲကစားကာ၅၃ဂိုးသြင္းယူၿပီး၅၆ႀကိမ္ဖန္တီးထားပါတယ္။သူဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလား၄ႀကိမ္၊လာလီဂါဖလား၃ႀကိမ္အပါအဝင္ဆုဖလား၁၈လုံးရယူႏိုင္ခဲ့ပါတယ္။

အေစာပိုင္းတုန္းကထြက္ေပၚခဲ့တဲ့သတင္းအရအစၥကိုဟာဘက္တစ္သို႔ေျပာင္းေ႐ႊ႕ကစားမွာျဖစ္ၿပီးဘက္တစ္ကလပ္သမိုင္းတြင္လုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားျဖစ္လာမယ္လို႔သိရပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပအန္ဆယ္ေလာ့တီဟာအစၥကိုဘာေနဗ်ဴးမွထြက္ခြာမည္ဟုအတည္ျပဳသြားေပမဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္မာဆယ္လိုရဲ႕အနာဂတ္ကိုေတာ့ အတည္ျပဳေျပာၾကားရန္ျငင္းဆိုသြားပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္မာဆယ္လိုရဲ႕စာခ်ဳပ္သက္တမ္းမွာလာမယ့္ဇြန္လ၃၀ရက္ေန႔တြင္ကုန္ဆုံးပါမယ္။