
ဘုန်းမောက်ဟာမာဆယ်လိုဘီရဲလ်ဆာကိုနည်းပြသစ်အဖြစ်ခန့်အပ်ရန်စီစဉ်နေပါတယ်။
ဘုန်းမောက်ဟာဩဂုတ်လတုန်းကစကော့ပါကားကိုနည်းပြရာထူးမှထုတ်ပယ်ခဲ့ပြီးဂယ်ရီအိုနေးလ်ကိုယာယီနည်းပြအဖြစ်ခန့်အပ်ထားပါတယ်။ဘုန်းမောက်ဟာဂယ်ရီအိုနေးလ်လက်ထက်တွင်ရလဒ်ပိုင်းတိုးတက်မှုရှိနေပေမဲ့လည်းအမြဲတမ်းနည်းပြရာထူးအတွက်ကမ်းလှမ်းခြင်းမရှိပါဘူး။
The Athletic ရဲ့ဖော်ပြမှုအရဘုန်းမောက်ပိုင်ရှင်များဟာပြီးခဲ့တဲ့ရက်များအတွင်းတွင်လော့စ်ဗီးဂက်စ်သို့သွားရောက်ကာပိုင်ရှင်သစ်ဖြစ်လာမယ့်ဘေးလ်ဖိုလေးနှင့်တွေ့ဆုံပြီးနည်းပြသစ်အဖြစ်ခန့်အပ်ရေးဆွေးနွေးခဲ့ရာတွင်ဘီရဲလ်ဆာမှာထိပ်ဆုံးကပါဝင်နေပါတယ်။
ဖိုလေးဟာဘုန်းမောက်ကိုဝယ်ယူရန်သဘောတူညီမှုရရှိထားပြီဖြစ်ပြီးလာမယ့်ရက်သတ္တပတ်များအတွက်အရောင်းအဝယ်အပြီးသတ်လာဖို့ရှိပါတယ်။
ဘီရဲလ်ဆာဟာဖေဖော်ဝါရီလတုန်းကလိဒ်ယူနိုက်တက်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။အသက်၆၇နှစ်ရှိဘီရဲလ်ဆာဟာ၁၆နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်လိဒ်ကိုပရီးမီးယားလိဂ်သို့ပြန်ပို့ခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့လိဒ်ဟာတန်းဆင်းဇုန်နှင့်၂မှတ်အကွာသို့ရောက်ရှိလာပြီးနောက်ဘီရဲလ်ဆာကိုထုတ်ပယ်ပြီးဂျက်စီမတ်ရှ်နှင့်အစားထိုးခဲ့ပါတယ်။
ဘီရဲလ်ဆာဟာယခင်တုန်းကဘီလ်ဘာအို၊မာဆေးလ်၊လိုင်လီတို့အပြင်အာဂျင်တီးနား၊ချီလီတို့ကိုကိုင်တွယ်ဖူးပါတယ်။
လက်ရှိအချိန်တွင်ဘီရဲလ်ဆာဘက်ကပရီးမီးယားလိဂ်သို့တကျော့ပြန်လာရန်ဆန္ဒရှိသလားဆိုတာမသိရသေးပါဘူး။
ZawGyi
မာဆယ္လိုဘီရဲလ္ဆာကို နည္းျပသစ္အျဖစ္ ခန႔္အပ္ရန္ ဘုန္းေမာက္ ႀကိဳးပမ္းလာ
ဘုန္းေမာက္ဟာမာဆယ္လိုဘီရဲလ္ဆာကိုနည္းျပသစ္အျဖစ္ခန႔္အပ္ရန္စီစဥ္ေနပါတယ္။
ဘုန္းေမာက္ဟာဩဂုတ္လတုန္းကစေကာ့ပါကားကိုနည္းျပရာထူးမွထုတ္ပယ္ခဲ့ၿပီးဂယ္ရီအိုေနးလ္ကိုယာယီနည္းျပအျဖစ္ခန႔္အပ္ထားပါတယ္။ဘုန္းေမာက္ဟာဂယ္ရီအိုေနးလ္လက္ထက္တြင္ရလဒ္ပိုင္းတိုးတက္မႈရွိေနေပမဲ့လည္းအၿမဲတမ္းနည္းျပရာထူးအတြက္ကမ္းလွမ္းျခင္းမရွိပါဘူး။
The Athletic ရဲ႕ေဖာ္ျပမႈအရဘုန္းေမာက္ပိုင္ရွင္မ်ားဟာၿပီးခဲ့တဲ့ရက္မ်ားအတြင္းတြင္ေလာ့စ္ဗီးဂက္စ္သို႔သြားေရာက္ကာပိုင္ရွင္သစ္ျဖစ္လာမယ့္ေဘးလ္ဖိုေလးႏွင့္ေတြ႕ဆုံၿပီးနည္းျပသစ္အျဖစ္ခန႔္အပ္ေရးေဆြးေႏြးခဲ့ရာတြင္ဘီရဲလ္ဆာမွာထိပ္ဆုံးကပါဝင္ေနပါတယ္။
ဖိုေလးဟာဘုန္းေမာက္ကိုဝယ္ယူရန္သေဘာတူညီမႈရရွိထားၿပီျဖစ္ၿပီးလာမယ့္ရက္သတၱပတ္မ်ားအတြက္အေရာင္းအဝယ္အၿပီးသတ္လာဖို႔ရွိပါတယ္။
ဘီရဲလ္ဆာဟာေဖေဖာ္ဝါရီလတုန္းကလိဒ္ယူႏိုက္တက္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ပါတယ္။အသက္၆၇ႏွစ္ရွိဘီရဲလ္ဆာဟာ၁၆ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္လိဒ္ကိုပရီးမီးယားလိဂ္သို႔ျပန္ပို႔ခဲ့သူလည္းျဖစ္ပါတယ္။
ဒါေပမဲ့လိဒ္ဟာတန္းဆင္းဇုန္ႏွင့္၂မွတ္အကြာသို႔ေရာက္ရွိလာၿပီးေနာက္ဘီရဲလ္ဆာကိုထုတ္ပယ္ၿပီးဂ်က္စီမတ္ရွ္ႏွင့္အစားထိုးခဲ့ပါတယ္။
ဘီရဲလ္ဆာဟာယခင္တုန္းကဘီလ္ဘာအို၊မာေဆးလ္၊လိုင္လီတို႔အျပင္အာဂ်င္တီးနား၊ခ်ီလီတို႔ကိုကိုင္တြယ္ဖူးပါတယ္။
လက္ရွိအခ်ိန္တြင္ဘီရဲလ္ဆာဘက္ကပရီးမီးယားလိဂ္သို႔တေက်ာ့ျပန္လာရန္ဆႏၵရွိသလားဆိုတာမသိရေသးပါဘူး။