
မနေ့ညတုန်းကမာဆေးကိုပီအက်စ်ဂျီက၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်လီယွန်နယ်မက်ဆီနှင့်ကိုင်လီယန်ဘက်ပေးတို့ဟာသမိုင်းမှတ်တိုင်အသီးသီးစိုက်ထူနိုင်ခဲ့ကြပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာမာဆေးကိုအနိုင်ရတဲ့ပွဲမှာကိုင်လီယန်ဘက်ပေး၂ဂိုးသွင်းနိုင်အောင်၂ကြိမ်လုံးဖန်တီးခဲ့ရုံသာမကကိုင်လီယန်ဘက်ပေးရဲ့ဖန်တီးမှုကနေဂိုးသွင်းခဲ့ကာ ကလပ်ဂိုး၇၀၀ပြည့်ခဲ့ပါတယ်။
မက်ဆီဟာယင်းဂိုးကြောင့်ကလပ်သွင်းဂိုး၇၀၀ပြည့်သွားခဲ့ပြီဖြစ်ကာဥရောပထိပ်သီးလိဂ်၅ုတွင်ဒုတိယမြောက်ဂိုး၇၀၀ပြည့်သွင်းနိုင်တဲ့ကစားသမားဖြစ်လာပါတယ်။ဥရောပထိပ်သီးလိဂ်၅ခုတွင်ပထမဆုံးဂိုး၇၀၀သွင်းနိုင်ခဲ့တဲ့ကစားသမားကခရစ္စတီယာနိုရော်နယ်ဒိုဖြစ်ပါတယ်။
မက်ဆီဟာပီအက်စ်ဂျီအတွက်၂၈ဂိုးသွင်းထားပါတယ်၊သူဟာဘာစီလိုနာအတွက်ကစားစဉ်တုန်းက၇၇၈ပွဲမှာ၆၇၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင်ဘက်ပေးမှာလည်းမာဆေးနှင့်ပွဲစဉ်မှ၂ဂိုးကြောင့်ပီအက်စ်ဂျီအတွက်သွင်းဂိုး၂၀၀ပြည့်သွားခဲ့ပြီဖြစ်ကာအက်ဒီဆင်ကာဗာနီနှင့်အတူပီအက်စ်ဂျီသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။ကိုင်လီယန်ဘက်ပေးဟာလာမယ့်ပွဲများတွင်ပီအက်စ်ဂျီအတွက်ဂိုးသွင်းစံချိန်မတ်တိုင်သစ်များစိုက်ထူလာနိုင်တော့မှာဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာမနေ့ညကနိုင်ပွဲကြောင့်မာဆေးကို၈မှတ်ဖြတ်ပြီးလီဂူး၁ကိုဦးဆောင်နေပါတယ်။
ZawGyi
မာေဆးကို အႏိုင္ရတဲ့ပြဲတြင္ မက္ဆီ ဂိုး ၇၀၀ ျပည့္ဂိုး သြင္းႏိုင္ခဲ့ၿပီး ဘက္ေပးလည္း ပီအက္စ္ဂ်ီသမိုင္းတြင္ ဂိုးအမ်ားဆုံးသြင္းထားသူျဖစ္လာ
မေန႔ညတုန္းကမာေဆးကိုပီအက္စ္ဂ်ီက၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္လီယြန္နယ္မက္ဆီႏွင့္ကိုင္လီယန္ဘက္ေပးတို႔ဟာသမိုင္းမွတ္တိုင္အသီးသီးစိုက္ထူႏိုင္ခဲ့ၾကပါတယ္။
အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာမာေဆးကိုအႏိုင္ရတဲ့ပြဲမွာကိုင္လီယန္ဘက္ေပး၂ဂိုးသြင္းႏိုင္ေအာင္၂ႀကိမ္လုံးဖန္တီးခဲ့႐ုံသာမကကိုင္လီယန္ဘက္ေပးရဲ႕ဖန္တီးမႈကေနဂိုးသြင္းခဲ့ကာ ကလပ္ဂိုး၇၀၀ျပည့္ခဲ့ပါတယ္။
မက္ဆီဟာယင္းဂိုးေၾကာင့္ကလပ္သြင္းဂိုး၇၀၀ျပည့္သြားခဲ့ၿပီျဖစ္ကာဥေရာပထိပ္သီးလိဂ္၅ုတြင္ဒုတိယေျမာက္ဂိုး၇၀၀ျပည့္သြင္းႏိုင္တဲ့ကစားသမားျဖစ္လာပါတယ္။ဥေရာပထိပ္သီးလိဂ္၅ခုတြင္ပထမဆုံးဂိုး၇၀၀သြင္းႏိုင္ခဲ့တဲ့ကစားသမားကခရစၥတီယာႏိုေရာ္နယ္ဒိုျဖစ္ပါတယ္။
မက္ဆီဟာပီအက္စ္ဂ်ီအတြက္၂၈ဂိုးသြင္းထားပါတယ္၊သူဟာဘာစီလိုနာအတြက္ကစားစဥ္တုန္းက၇၇၈ပြဲမွာ၆၇၂ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
ဒါ့အျပင္ဘက္ေပးမွာလည္းမာေဆးႏွင့္ပြဲစဥ္မွ၂ဂိုးေၾကာင့္ပီအက္စ္ဂ်ီအတြက္သြင္းဂိုး၂၀၀ျပည့္သြားခဲ့ၿပီျဖစ္ကာအက္ဒီဆင္ကာဗာနီႏွင့္အတူပီအက္စ္ဂ်ီသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ပူးတြဲရပ္တည္ႏိုင္ခဲ့ပါတယ္။ကိုင္လီယန္ဘက္ေပးဟာလာမယ့္ပြဲမ်ားတြင္ပီအက္စ္ဂ်ီအတြက္ဂိုးသြင္းစံခ်ိန္မတ္တိုင္သစ္မ်ားစိုက္ထူလာႏိုင္ေတာ့မွာျဖစ္ပါတယ္။
ပီအက္စ္ဂ်ီဟာမေန႔ညကႏိုင္ပြဲေၾကာင့္မာေဆးကို၈မွတ္ျဖတ္ၿပီးလီဂူး၁ကိုဦးေဆာင္ေနပါတယ္။