မာဆေးဆိုက်ဒါဘီပွဲတွင် ဆာလက်ရဲ့အဖွင့်ဂိုးကို လက်ဆောင်ပေးခဲ့တဲ့ အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်

အဲဗာတန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်ဟာမနေ့ညတုန်းကလီဗာပူးကိုရှုံးနိမ့်တဲ့မာဆေးဆိုက်ဒါဘီပွဲတွင်နေရာယူမှုအမှားပြုလုပ်ပြီးမိုဟာမက်ဆာလက်ရဲ့အဖွင့်ဂိုးကိုလက်ဆောင်ပေးခဲ့ပါတယ်။

လီဗာပူးဟာဂျိမ်းစ်တာကောစကီးရဲ့ခေါင်းတိုက်ချက်တိုင်ထိသွားပြီးနောက် တန်ပြန်တိုက်စစ်ကနေတဆင့်ဦးဆောင်ဂိုးရခဲ့တာဖြစ်ပါတယ်။

ဒါဝင်နူနက်ဇ်ကဘယ်ခြမ်းတစ်လျှောက်တောက်လျှောက်ဆွဲပြေးပြီးဧရိယာအတွင်းချပေးခဲ့ပါတယ်။

ဒါပေမဲ့ပစ်ဖို့ဒ်ဟာမိုဟာမက်ဆာလက်ကိုမြင်ပုံမရဘဲဂတ်ပိုအနီးသို့သာကပ်သွားခဲ့ပါတယ်။

ယင်းအချိန်တွင်မိုဟာမက်ဆာလက်ကဘောလုံးကိုရရှိပြီးအကာအကွယ်မဲ့လုနီးပါးဖြစ်နေတဲ့ဂိုးပေါက်ထဲသို့ကန်သွင်းခဲ့ပါတယ်။

ပစ်ဖို့ဒ်ဟာလီဗာပူးနှင့်ပွဲမှအမှားအတွက်ဝေဖန်မှုများကြုံနေရပါတယ်။

မနေ့ညကမာဆေးဆိုက်ဒါဘီပွဲတွင်လီဗာပူးအတွက်အနိုင်သေချာစေမဲ့ဒုတိယဂိုးကိုကိုဒီဂတ်ပိုကဒုတိယပိုင်းအစလေးမိနစ်မှာထရန်းအလက်ဇန္ဒားအာနိုးရဲ့ဖြတ်တင်ဘောကနေအနီးကပ်ပိတ်သွင်းယူခဲ့ပါတယ်။

လီဗာပူးဟာမနေ့ညကနိုင်ပွဲကြောင့်၂၀၂၃ခုနှစ်အတွင်းပထမဆုံးနိုင်ပွဲရယူလာနိုင်ခဲ့ပါတယ်။၎င်းတို့ဟာဂိုးမပေးခဲ့ရမှု၊တန်ပြန်တိုက်စစ်မှဂိုးရရှိခဲ့မှု၊ဆာလက်နဲ့ဂတ်ပိုတို့ဂိုးပေါက်တွေ့မှုတို့ကြောင့်စနေနေ့တွင်ချန်ပီယံလိဂ်ဝင်ခွင့်အဆင့်၄နေရာမှနယူးကာဆယ်နှင့်ပွဲအတွက်ယုံကြည်မှုမြင့်တက်လာဖို့ရှိပါတယ်။

ZawGyi

မာေဆးဆိုက္ဒါဘီပြဲတြင္ ဆာလက္ရဲ႕အဖြင့္ဂိုးကို လက္ေဆာင္ေပးခဲ့တဲ့ အဲဗာတန္ဂိုးသမားပစ္ဖို႔ဒ္

အဲဗာတန္ဂိုးသမားေဂ်ာ္ဒန္ပစ္ဖို႔ဒ္ဟာမေန႔ညတုန္းကလီဗာပူးကိုရႈံးနိမ့္တဲ့မာေဆးဆိုက္ဒါဘီပြဲတြင္ေနရာယူမႈအမွားျပဳလုပ္ၿပီးမိုဟာမက္ဆာလက္ရဲ႕အဖြင့္ဂိုးကိုလက္ေဆာင္ေပးခဲ့ပါတယ္။

လီဗာပူးဟာဂ်ိမ္းစ္တာေကာစကီးရဲ႕ေခါင္းတိုက္ခ်က္တိုင္ထိသြားၿပီးေနာက္ တန္ျပန္တိုက္စစ္ကေနတဆင့္ဦးေဆာင္ဂိုးရခဲ့တာျဖစ္ပါတယ္။

ဒါဝင္ႏူနက္ဇ္ကဘယ္ျခမ္းတစ္ေလွ်ာက္ေတာက္ေလွ်ာက္ဆြဲေျပးၿပီးဧရိယာအတြင္းခ်ေပးခဲ့ပါတယ္။

ဒါေပမဲ့ပစ္ဖို႔ဒ္ဟာမိုဟာမက္ဆာလက္ကိုျမင္ပုံမရဘဲဂတ္ပိုအနီးသို႔သာကပ္သြားခဲ့ပါတယ္။

ယင္းအခ်ိန္တြင္မိုဟာမက္ဆာလက္ကေဘာလုံးကိုရရွိၿပီးအကာအကြယ္မဲ့လုနီးပါးျဖစ္ေနတဲ့ဂိုးေပါက္ထဲသို႔ကန္သြင္းခဲ့ပါတယ္။

ပစ္ဖို႔ဒ္ဟာလီဗာပူးႏွင့္ပြဲမွအမွားအတြက္ေဝဖန္မႈမ်ားႀကဳံေနရပါတယ္။

မေန႔ညကမာေဆးဆိုက္ဒါဘီပြဲတြင္လီဗာပူးအတြက္အႏိုင္ေသခ်ာေစမဲ့ဒုတိယဂိုးကိုကိုဒီဂတ္ပိုကဒုတိယပိုင္းအစေလးမိနစ္မွာထရန္းအလက္ဇႏၵားအာႏိုးရဲ႕ျဖတ္တင္ေဘာကေနအနီးကပ္ပိတ္သြင္းယူခဲ့ပါတယ္။

လီဗာပူးဟာမေန႔ညကႏိုင္ပြဲေၾကာင့္၂၀၂၃ခုႏွစ္အတြင္းပထမဆုံးႏိုင္ပြဲရယူလာႏိုင္ခဲ့ပါတယ္။၎တို႔ဟာဂိုးမေပးခဲ့ရမႈ၊တန္ျပန္တိုက္စစ္မွဂိုးရရွိခဲ့မႈ၊ဆာလက္နဲ႔ဂတ္ပိုတို႔ဂိုးေပါက္ေတြ႕မႈတို႔ေၾကာင့္စေနေန႔တြင္ခ်န္ပီယံလိဂ္ဝင္ခြင့္အဆင့္၄ေနရာမွနယူးကာဆယ္ႏွင့္ပြဲအတြက္ယုံၾကည္မႈျမင့္တက္လာဖို႔ရွိပါတယ္။