
ပီအက်စ်ဂျီနည်းပြခရစ္စတိုဖီဂယ်တီယာဟာမနေ့ညတုန်းကမာဆေးကိုဂိုးပြတ်အနိုင်ရတဲ့ပွဲအပြီးတွင်မာဆေးပရိသတ်များနှင့်ပြဿနာတက်ခဲ့ပြီးသူ့နည်းပြအဖွဲ့ဝင်များဝင်ရောက်ထိန်းသိမ်းမှုပြုလုပ်ခဲ့ရပါတယ်။
ခရစ္စတိုဖီဂယ်တီယာဟာကမ္ဘာ့ဖလားနောက်ပိုင်းတွင်ပြည်တွင်းမှာရလဒ်မကောင်းမှုကြောင့်ဖိအားများနှင့်ကြုံတွေ့ခဲ့ရပါတယ်။
ပီအက်စ်ဂျီဟာကွဲပြားတဲ့ပြိုင်ပွဲသုံးရပ်တွင်မာဆေး၊မိုနာကိုနှင့်ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ခဲ့ပြီးဂယ်တီယာမှာလည်းရာထူးမှထုတ်ပယ်ခြင်းခံရမယ်လို့သတင်းများထွက်ပေါ်နေပါတယ်။
မနေ့ညကပွဲမှာတော့ပီအက်စ်ဂျီနည်းပြဂယ်တီယာဟာလီယွန်နယ်မက်ဆီနှင့်ကိုင်လီယန်ဘက်ပေးတို့ခြေစွမ်းပြမှုနှင့်အတူဖိအားအနည်းငယ်လျှော့ကျလာခဲ့ပါတယ်။
ဒါပေမဲ့မနေ့ညကပွဲအပြီးတွင်ခရစ္စတိုဖီဂယ်တီယာဟာမာဆေးပရိသတ်များနှင့်ရန်ဖြစ်တိုက်ခိုက်လုနီးပါးဖြစ်ခဲ့ပြီးနည်းပြအဖွဲ့ဝင်များဝင်ရောက်ထိန်းသိမ်းမှုကြောင့်ကိုယ်ထိလက်ရောက်တိုက်ခိုက်တဲ့အထိမဖြစ်ခဲ့တာဖြစ်ပါတယ်။
မနေ့ကမာဆေးကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာဂိုး၁ဂိုးသွင်းခဲ့တဲ့မက်ဆီဟာကလပ်ဂိုး၇၀၀ပြည့်ခဲ့ပြီး၂ဂိုးသွင်းခဲ့တဲ့ကိုင်လီယန်ဘက်ပေးမှာလည်းကာဗာနီနှင့်အတူဂိုး၂၀၀ဖြင့်ပီအက်စ်ဂျီသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူဖြစ်လာပါတယ်။
ZawGyi
မာဆေးပရိသတ်များနှင့် ရန်ဖြစ်မှုကြောင့် ထိန်းသိမ်းခဲ့ရတဲ့ ပီအက်စ်ဂျီနည်းပြခရစ္စတိုဖီဂယ်တီယာ