မာဆေးလ်ကစားသမားများကြောင့် ရုပ်ဆိုးအကျည်းတန်ရန်ပွဲဖြစ်ခဲ့ရခြင်းဟု နိုက်စ်ဥက္ကဌအပြစ်ဖို့

နိုက်စ်ဥက္ကဌဂျိန်းပီယာရဲရီဗီရီကမာဆေးလ်ကစားသမားများရဲ့သွေးထိုးလှုံဆော်မှုကြောင့် ပရိသတ်များကွင်းထဲဝင်ရောက်ကာအကျည်းတန်ရန်ပွဲဖြစ်ပျက်ခဲ့ရခြင်းဖြစ်ကြောင်းစွပ်စွဲပြောကြားလိုက်ပါတယ်။

မနေ့တုန်းကနိုက်စ်နှင့်မာဆေးလ်တို့ကစားတဲ့ပွဲတွင် နိုက်စ်က၁-၀ဂိုးဖြင့်ဦးဆောင်နေချိန်တွင်ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။

မာဆေးလ်ကွင်းလယ်ကစားသမားဒီမီထရီပါယက်ဟာထောင့်ကန်ဘောကန်နေရန်ပြင်နေစဉ်သူ့ကိုနိုက်စ်ပရိသတ်တစ်ဦးကရေသန့်ဗူးဖြင့်ပေါက်မှုအားပွဲကြည့်စင်ဘက်သို့ယင်းရေသန့်ဗူးအားပြန်ပစ်ခဲ့ပါတယ်။

နိုက်စ်ပရိသတ်များဟာအကြီးအကျယ်ဒေါသထွက်ကာကွင်းထဲဆင်းလာပြီးမာဆေးလ်ကစားသမားများကိုရန်ပြုခဲ့ကြပါတယ်။မာဆေးလ်နည်းပြအဖွဲ့ဝင်များနှင့်ကစားသမားများကလည်းပရိသတ်များကိုပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြတာတွေ့ရပါတယ်။

ဒိုင်လူကြီးဟာလုံခြုံရေးပိုင်းထိန်းချုပ်မရမှုကြောင့်ပွဲကိုရပ်ဆိုင်းခဲ့ပါတယ်။မာဆေးလ်ကစားသမားများဟာလုံခြုံရေးစိုးရိမ်ရမှုကြောင့်အဝတ်အစားလဲခန်းမှထွက်ခွာရန်ငြင်းဆိုခဲ့ပါတယ်။

ရီဗီရီက “မာဆေးလ်ကစားသမားနှစ်ဦး(အယ်ဗာရိုဂွန်ဇာလက်ဇ်နဲ့မက်တီယိုဂွန်ဒိုဇီ)တို့ရဲ့ပရိသတ်များကိုတုံ့ပြန်မှုကိုမြင်ခဲ့ရပါတယ်။ဒီလိုအဆုံးသတ်သွားမှုအပေါ်အရမ်းစိတ်ပျက်ရပါတယ်။ဖြစ်ပျက်သွားတာတွေကတော့ရှင်းရှင်းလေးပါ။မာဆေးလ်လုံခြုံရေးတွေကွင်းတွင်းဝင်လာပြီးကျွန်တော်တို့ကစားသမားတွေကိုမတိုက်ခိုက်သင့်ပါဘူး။မာဆေးလ်ဟာပွဲကိုပြန်လည်ပြန်မစတာလဲစဉ်းစားလို့မရပါဘူး”လို့ပြောကြားသွားပါတယ်။

မာဆေးလ်ကစားသမားများအချို့မှာနိုက်ပရိသတ်များရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိခဲ့ပြီးယင်းအထဲတွင်ဂွန်ဒိုဇီနဲ့လူယန်ပီရက်စ်တို့ရဲ့လည်ပင်းတွင်ဒဏ်ရာရရှိခဲ့သလိုပါယက်တွင်လည်းကျောကုန်းတွင်ပုလင်းဖြင့်ပစ်ပေါက်မှုကြောင့်ဒဏ်ရာရရှိခဲ့တာတွေ့ရပါတယ်။

ZawGyi

မာေဆးလ္ကစားသမားမ်ားေၾကာင့္ ႐ုပ္ဆိုးအက်ည္းတန္ရန္ပြဲျဖစ္ခဲ့ရျခင္းဟု ႏိုက္စ္ဥကၠဌအျပစ္ဖို႔

ႏိုက္စ္ဥကၠဌဂ်ိန္းပီယာရဲရီဗီရီကမာေဆးလ္ကစားသမားမ်ားရဲ႕ေသြးထိုးလႈံေဆာ္မႈေၾကာင့္ ပရိသတ္မ်ားကြင္းထဲဝင္ေရာက္ကာအက်ည္းတန္ရန္ပြဲျဖစ္ပ်က္ခဲ့ရျခင္းျဖစ္ေၾကာင္းစြပ္စြဲေျပာၾကားလိုက္ပါတယ္။

မေန႔တုန္းကႏိုက္စ္ႏွင့္မာေဆးလ္တို႔ကစားတဲ့ပြဲတြင္ ႏိုက္စ္က၁-၀ဂိုးျဖင့္ဦးေဆာင္ေနခ်ိန္တြင္ခိုက္ရန္ျဖစ္ပြားခဲ့တာပါ။

မာေဆးလ္ကြင္းလယ္ကစားသမားဒီမီထရီပါယက္ဟာေထာင့္ကန္ေဘာကန္ေနရန္ျပင္ေနစဥ္သူ႔ကိုႏိုက္စ္ပရိသတ္တစ္ဦးကေရသန႔္ဗူးျဖင့္ေပါက္မႈအားပြဲၾကည့္စင္ဘက္သို႔ယင္းေရသန႔္ဗူးအားျပန္ပစ္ခဲ့ပါတယ္။

ႏိုက္စ္ပရိသတ္မ်ားဟာအႀကီးအက်ယ္ေဒါသထြက္ကာကြင္းထဲဆင္းလာၿပီးမာေဆးလ္ကစားသမားမ်ားကိုရန္ျပဳခဲ့ၾကပါတယ္။မာေဆးလ္နည္းျပအဖြဲ႕ဝင္မ်ားႏွင့္ကစားသမားမ်ားကလည္းပရိသတ္မ်ားကိုျပန္လည္ခုခံတိုက္ခိုက္ခဲ့ၾကတာေတြ႕ရပါတယ္။

ဒိုင္လူႀကီးဟာလုံၿခဳံေရးပိုင္းထိန္းခ်ဳပ္မရမႈေၾကာင့္ပြဲကိုရပ္ဆိုင္းခဲ့ပါတယ္။မာေဆးလ္ကစားသမားမ်ားဟာလုံၿခဳံေရးစိုးရိမ္ရမႈေၾကာင့္အဝတ္အစားလဲခန္းမွထြက္ခြာရန္ျငင္းဆိုခဲ့ပါတယ္။

ရီဗီရီက “မာေဆးလ္ကစားသမားႏွစ္ဦး(အယ္ဗာ႐ိုဂြန္ဇာလက္ဇ္နဲ႔မက္တီယိုဂြန္ဒိုဇီ)တို႔ရဲ႕ပရိသတ္မ်ားကိုတုံ႔ျပန္မႈကိုျမင္ခဲ့ရပါတယ္။ဒီလိုအဆုံးသတ္သြားမႈအေပၚအရမ္းစိတ္ပ်က္ရပါတယ္။ျဖစ္ပ်က္သြားတာေတြကေတာ့ရွင္းရွင္းေလးပါ။မာေဆးလ္လုံၿခဳံေရးေတြကြင္းတြင္းဝင္လာၿပီးကြၽန္ေတာ္တို႔ကစားသမားေတြကိုမတိုက္ခိုက္သင့္ပါဘူး။မာေဆးလ္ဟာပြဲကိုျပန္လည္ျပန္မစတာလဲစဥ္းစားလို႔မရပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မာေဆးလ္ကစားသမားမ်ားအခ်ိဳ႕မွာႏိုက္ပရိသတ္မ်ားရဲ႕တိုက္ခိုက္မႈေၾကာင့္ဒဏ္ရာရရွိခဲ့ၿပီးယင္းအထဲတြင္ဂြန္ဒိုဇီနဲ႔လူယန္ပီရက္စ္တို႔ရဲ႕လည္ပင္းတြင္ဒဏ္ရာရရွိခဲ့သလိုပါယက္တြင္လည္းေက်ာကုန္းတြင္ပုလင္းျဖင့္ပစ္ေပါက္မႈေၾကာင့္ဒဏ္ရာရရွိခဲ့တာေတြ႕ရပါတယ္။