မာဆေးလ်ဆိုက်နေအိမ်တွင် ထိတ်လန့်စရာဖြစ်ရပ်တစ်ခုကြုံခဲ့တဲ့ အဲဗာတန်ဂိုးသမား

အဲဗာတန်ဂိုးသမားရောဘင်အိုလ်ဆင်နှင့်မိသားစုဝင်များဟာဖောက်ထွင်းသမားများရဲ့ခြိမ်းခြောက်ဓားပြတိုက်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။အသက်၃၁နှစ်ရှိအဲဗာတန်အရန်ဂိုးသမားဟာနေအိမ်တွင်ဇနီးသည်၊ကလေးနှစ်ဦးတို့နှင့်အတူရှိနေစဉ်အ တွင်းမျက်နှာဖုံးစွပ်တစ်ဦးဟာအိမ်အတွင်းသို့ဝင်ရောက်လာပြီးတန်ဖိုးရှိပစ္စည်းများကိုဓားပြတိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ဓားပြတစ်ဦးကမိတ်ကပ်အလှဖန်တီးရှင်မီယာ၊အသက်၅နှစ်အရွယ်သမီးဖြစ်သူအလီစီယာ၊အသက်၂နှစ်အရွယ်ရှိသားဖြစ်သူအလက်ဇန္ဒားတို့ကိုဖမ်းဆီးထိန်းချုပ်ထားပြီးအခြားဓားကိုင်ထားတဲ့ဓားပြတစ်ဦးကအိုလ်ဆင်ထံမှ အဖိုးတန်ပစ္စည်းများကိုတောင်းဆိုရယူခဲ့ပါတယ်။

အသက်၃၁နှစ်ရှိဆွီဒင်လက်ရွေးစင်ဂိုးသမားဟာနာရီတစ်လုံးနှင့်အခြားအဖိုးတန်လက်ဝတ်ရတနာများကိုဓားပြများကိုပေးခဲ့ရပါတယ်။

မကြာသေးမီတုန်းကလည်းအဲဗာတန်နည်းပြအန်ဆယ်လော့တီရဲ့နေအိမ်ဖောက်ထွင်းခံခဲ့ရပြီးမီးခံသေတ္တာတစ်လုံးအခိုးခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့လများအတွင်းမှာမာဆေးလ်ဆိုက်တွင်နေထိုင်တဲ့ဘောလုံးသမားများဟာလူဆိုးဂိုဏ်းတစ်ခုရဲ့ပစ်မှတ်ထား ဖောက်ထွင်းခြင်းခံနေရတာလည်းဖြစ်ပါတယ်။

ZawGyi





