မာဆေးလ်နှင့်ပွဲတွင် ဆန်းချက်ဇ်အတွက် ဂိုးလက်ဆောင်ပေးခဲ့တဲ့အပြင် ပွဲချိန် ၂၃မိနစ်မှာပင် အထုတ်ခံခဲ့ရတဲ့ စပို့တင်းဂိုးသမား

စပို့တင်းလစ္စဘွန်းဂိုးသမားအဒန်ဟာမာဆေးလ်နှင့်ပွဲတွင်ချန်ပီယံလိဂ်အိပ်မက်ဆိုးညကြုံတွေ့ခဲ့ရပါတယ်။

စပိန်စတားဟာအင်္ဂါနေ့ညတုန်းကပွဲချိန်၂၃မိနစ်အတွင်းမှာပဲ ဘယ်လိုမှပြုပြင်မရတဲ့အမှားကြီးတွေကျူးလွန်ခဲ့တာလည်းဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်းဟာပွဲအစ၅၁စက္ကန့်မှာဘဲဘာစီလိုနာမှအငှားဖြင့်လာကစားနေတဲ့ထရန်ကာအိုရဲ့ဝေ့ဝှိုက်ကန်သွင်းတဲ့ဂိုးဖြင့်ဂိုးစောစောစီးစီးရခဲ့ပါတယ်။

ဒါပေမဲ့သူ့သွင်းဂိုးကသိပ်မကြာခဲ့ပါဘူး။ပြီးတော့ဂိုးသမားအဒန်အတွက်လည်းစိတ်ပျက်ဖွယ်ရှာတွေကြုံလာရပါတော့တယ်။

ပွဲချိန်၁၃မိနစ်မှာအဒန်ဟာနောက်သို့ပြန်ပေးလိုက်တဲ့ဘောလုံးကိုရရှိလာချိန်မှာအလက်ဆစ်ဆန်းချက်ဇ်ရဲ့ဘောလုံးလုခြင်းခံခဲ့ရပါတယ်။သူဟာဘောလုံးကိုဘေးသို့မရှင်းထုတ်ဘဲကန်ခဲ့ရာမှာအာဆင်နယ်စတားဟောင်းကိုထိပြီးဂိုးဝင်သွားခဲ့လို့ချေပဂိုးပေးခဲ့ရပါတယ်။

ယင်းနောက်ပွဲချိန်၁၆မိနစ်မှာအေမိန်းဟာရစ်ကမာဆေးလ်အတွက်ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ။ပွဲချိန်၂၃မိနစ်မှာအဒန်အတွက်ပိုမိုဆိုးရွားတာကြုံလာရပါတယ်။

အဝေးကန်ဘောလုံးကိုအဒန်ဟာဧရိယာအပြင်သို့ပြေးထွက်ဖျက်ထုတ်ဖို့ကြိုးပမ်းရာမှာလက်ဖြင့်ပုတ်ထုတ်ခဲ့ပါတယ်။ဒိုင်လူကြီးဟာအဒန်ကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

ယင်းနောက်မာဆေးလ်ဟာဘာလာဒီ၊မန်ဂူလူတို့ကဂိုးထပ်မံသွင်းယူခဲ့လို့စပို့တင်းလစ္စဘွန်းကို၄-၁ဖြင့်အနိုင်ရခဲ့ပါတယ်။

ZawGyi

မာေဆးလ္ႏွင့္ပြဲတြင္ ဆန္းခ်က္ဇ္အတြက္ ဂိုးလက္ေဆာင္ေပးခဲ့တဲ့အျပင္ ပြဲခ်ိန္ ၂၃မိနစ္မွာပင္ အထုတ္ခံခဲ့ရတဲ့ စပို႔တင္းဂိုးသမား

စပို႔တင္းလစၥဘြန္းဂိုးသမားအဒန္ဟာမာေဆးလ္ႏွင့္ပြဲတြင္ခ်န္ပီယံလိဂ္အိပ္မက္ဆိုးညႀကဳံေတြ႕ခဲ့ရပါတယ္။

စပိန္စတားဟာအဂၤါေန႔ညတုန္းကပြဲခ်ိန္၂၃မိနစ္အတြင္းမွာပဲ ဘယ္လိုမွျပဳျပင္မရတဲ့အမွားႀကီးေတြက်ဴးလြန္ခဲ့တာလည္းျဖစ္ပါတယ္။

စပို႔တင္းလစၥဘြန္းဟာပြဲအစ၅၁စကၠန႔္မွာဘဲဘာစီလိုနာမွအငွားျဖင့္လာကစားေနတဲ့ထရန္ကာအိုရဲ႕ေဝ့ဝႈိက္ကန္သြင္းတဲ့ဂိုးျဖင့္ဂိုးေစာေစာစီးစီးရခဲ့ပါတယ္။

ဒါေပမဲ့သူ႔သြင္းဂိုးကသိပ္မၾကာခဲ့ပါဘူး။ၿပီးေတာ့ဂိုးသမားအဒန္အတြက္လည္းစိတ္ပ်က္ဖြယ္ရွာေတြႀကဳံလာရပါေတာ့တယ္။

ပြဲခ်ိန္၁၃မိနစ္မွာအဒန္ဟာေနာက္သို႔ျပန္ေပးလိုက္တဲ့ေဘာလုံးကိုရရွိလာခ်ိန္မွာအလက္ဆစ္ဆန္းခ်က္ဇ္ရဲ႕ေဘာလုံးလုျခင္းခံခဲ့ရပါတယ္။သူဟာေဘာလုံးကိုေဘးသို႔မရွင္းထုတ္ဘဲကန္ခဲ့ရာမွာအာဆင္နယ္စတားေဟာင္းကိုထိၿပီးဂိုးဝင္သြားခဲ့လို႔ေခ်ပဂိုးေပးခဲ့ရပါတယ္။

ယင္းေနာက္ပြဲခ်ိန္၁၆မိနစ္မွာေအမိန္းဟာရစ္ကမာေဆးလ္အတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ။ပြဲခ်ိန္၂၃မိနစ္မွာအဒန္အတြက္ပိုမိုဆိုး႐ြားတာႀကဳံလာရပါတယ္။

အေဝးကန္ေဘာလုံးကိုအဒန္ဟာဧရိယာအျပင္သို႔ေျပးထြက္ဖ်က္ထုတ္ဖို႔ႀကိဳးပမ္းရာမွာလက္ျဖင့္ပုတ္ထုတ္ခဲ့ပါတယ္။ဒိုင္လူႀကီးဟာအဒန္ကိုအနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။

ယင္းေနာက္မာေဆးလ္ဟာဘာလာဒီ၊မန္ဂူလူတို႔ကဂိုးထပ္မံသြင္းယူခဲ့လို႔စပို႔တင္းလစၥဘြန္းကို၄-၁ျဖင့္အႏိုင္ရခဲ့ပါတယ္။