မာဆေးလ်ပရိသတ်ကြမ်းလွန်းလို့ ရဲအကူအညီနဲ့ ထောင့်ကန်ဘောကန်ခဲ့ရတဲ့ နေမာ

နေမာဟာမနေ့ညတုန်းကမာဆေးလ်နှင့်ပီအက်စ်ဂျီပွဲစဉ်တွင်မာဆေးလ်ပရိသတ်များရဲ့ပစ္စည်းများဖြင့်ပစ်ပေါက်နေခဲ့မှုများကြောင့်ရဲအကာအကွယ်ယူပြီးထောင့်ကန်ဘောကန်ရတဲ့အထိဖြစ်ခဲ့ပါတယ်။

ပရိသတ်များဟာဘရာဇီးတိုက်စစ်မှူးအားထောင့်ကန်ဘောကောင်းမွန်စွာမကန်နိုင်အောင်ပုလင်းများ၊ခွက်များဖြင့်ပစ်ခဲ့ကြပါတယ်။ဒါပေမယ့်ကံကောင်းချင်တော့အဓိကရုဏ်းနှိမ်နင်းရာတွင်သုံးတွင်ဒိုင်းများကိုင်ဆောင်ထားတဲ့ရဲများရောက်လာမှုနဲ့အတူနေမာဟာထောင့်ကန်ဘောကိုကောင်းမွန်စွာကန်ခဲ့ရပြီးပွဲကိုလည်းပြန်စနိုင်ခဲ့ပါတယ်။

ပွဲတာဝန်ရှိသူများဟာပွဲမစတင်မီကတည်းကပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲဖြစ်တာနဲ့အညီလုံခြုံရေးတင်းကြပ်စွာကိုင်တွယ်ခဲ့ကြပါတယ်။ပီအက်စ်ဂျီပရိသတ်များဟာနှစ်ဖက်ပရိသတ်များရန်ဖြစ်နိုင်တဲ့အခြေအနေကိုရှောင်လွဲနိုင်ရန်အတွက်ပွဲကြည့်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

အဆိုပါပွဲစဉ်တွင်ပွဲချိန်၅၇မိနစ်မှာပီအက်စ်ဂျီနောက်ခံလူဟာကီမီအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဒါ့အပြင်ပွဲချိန်၇၂မိနစ်မှာမက်ဆီကဘယ်ခြမ်းမှထိုးဖောက်ကာဘောလုံးဆွဲပြေးကာတိုက်စစ်ဆင်စဉ်ပရိသတ်တစ်ဦးကွင်းအတွင်းဝင်ရောက်မှုကြောင့်ပွဲကိုရပ်ဆိုင်းခဲ့ရပါသေးတယ်။

ZawGyi

မာေဆးလ္ပရိသတ္ၾကမ္းလြန္းလို႔ ရဲအကူအညီနဲ႔ ေထာင့္ကန္ေဘာကန္ခဲ့ရတဲ့ ေနမာ

ေနမာဟာမေန႔ညတုန္းကမာေဆးလ္ႏွင့္ပီအက္စ္ဂ်ီပြဲစဥ္တြင္မာေဆးလ္ပရိသတ္မ်ားရဲ႕ပစၥည္းမ်ားျဖင့္ပစ္ေပါက္ေနခဲ့မႈမ်ားေၾကာင့္ရဲအကာအကြယ္ယူၿပီးေထာင့္ကန္ေဘာကန္ရတဲ့အထိျဖစ္ခဲ့ပါတယ္။

ပရိသတ္မ်ားဟာဘရာဇီးတိုက္စစ္မႉးအားေထာင့္ကန္ေဘာေကာင္းမြန္စြာမကန္ႏိုင္ေအာင္ပုလင္းမ်ား၊ခြက္မ်ားျဖင့္ပစ္ခဲ့ၾကပါတယ္။ဒါေပမယ့္ကံေကာင္းခ်င္ေတာ့အဓိက႐ုဏ္းႏွိမ္နင္းရာတြင္သုံးတြင္ဒိုင္းမ်ားကိုင္ေဆာင္ထားတဲ့ရဲမ်ားေရာက္လာမႈနဲ႔အတူေနမာဟာေထာင့္ကန္ေဘာကိုေကာင္းမြန္စြာကန္ခဲ့ရၿပီးပြဲကိုလည္းျပန္စႏိုင္ခဲ့ပါတယ္။

ပြဲတာဝန္ရွိသူမ်ားဟာပြဲမစတင္မီကတည္းကၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ပြဲျဖစ္တာနဲ႔အညီလုံၿခဳံေရးတင္းၾကပ္စြာကိုင္တြယ္ခဲ့ၾကပါတယ္။ပီအက္စ္ဂ်ီပရိသတ္မ်ားဟာႏွစ္ဖက္ပရိသတ္မ်ားရန္ျဖစ္ႏိုင္တဲ့အေျခအေနကိုေရွာင္လြဲႏိုင္ရန္အတြက္ပြဲၾကည့္ခြင့္ပိတ္ပင္ျခင္းခံခဲ့ရပါတယ္။

အဆိုပါပြဲစဥ္တြင္ပြဲခ်ိန္၅၇မိနစ္မွာပီအက္စ္ဂ်ီေနာက္ခံလူဟာကီမီအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဒါ့အျပင္ပြဲခ်ိန္၇၂မိနစ္မွာမက္ဆီကဘယ္ျခမ္းမွထိုးေဖာက္ကာေဘာလုံးဆြဲေျပးကာတိုက္စစ္ဆင္စဥ္ပရိသတ္တစ္ဦးကြင္းအတြင္းဝင္ေရာက္မႈေၾကာင့္ပြဲကိုရပ္ဆိုင္းခဲ့ရပါေသးတယ္။