မာဆေးလ်သို့ တစ်ရာသီအငှားဖြင့် ဂွန်ဒိုဇီပြောင်းရွှေ့

မာဆေးလ်ဟာ အာဆင်နယ်အလယ်တန်းကစားသမားမာတီယိုဂွန်ဒိုဇီအားတစ်ရာသီအငှားဖြင့်ခေါ်ယူလိုက်ပါတယ်။

ဂွန်ဒိုဇီဟာ၂၀၁၈ခုနှစ်တွင်လိုရီယန့်မှအာဆင်နယ်သို့ရောက်လာခဲ့သူဖြစ်ပြီး၂၀၂၀-၂၁ဘောလုံးရာသီတုန်းကဟာသာဘာလင်သို့အငှားဖြင့်သွားရောက်ကစားခဲ့ရသူလည်းဖြစ်ပါတယ်။ယခုအခါသူဟာဆေးစစ်မှုအောင်မြင်ပြီးနောက်မာဆေးလ်သို့ပြောင်းသွားပြီဖြစ်ပါတယ်။

မာဆေးလ်ဟာဂွန်ဒိုဇီရဲ့စာချုပ်အတွင်းမှာလာမယ့်နွေရာသီတွင်အပြီးသတ်စာချုပ်ဖြင့်ခေါ်ယူနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

မာဆေးလ်ဟာဂွန်ဒိုဇီအားအငှားဖြင့်ခေါ်ယူရန်အာဆင်နယ်ကိုပေါင်၈၅၀၀၀ပေးခဲ့ရကြောင်းသိရပါတယ်။၎င်းတို့ဟာလာမယ့်နွေတွင်ဂွန်ဇိုဒီအားအပြီးသတ်ဝယ်ယူမည်ဆိုပါကပေါင်၉သန်းပေးရပါမယ်။

သူဟာအာဆင်နယ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၈၂ပွဲကစားကာ၁ဂိုးသွင်းယူခဲ့ပါတယ်။သူဟာအူနိုင်းအမ်မရီလက်ထက်တုန်းကအာဆင်နယ်တွင်ပုံမှန်ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့်၂၀၁၉ခုနှစ်၊ဒီဇင်ဘာလတုန်းကအာတီတာခန့်အပ်ခြင်းခံခဲ့ရပြီးနောက်နေရာရရှိရန်ရုန်းကန်လာခဲ့ရပါတယ်။

ZawGyi

မာေဆးလ္သို႔ တစ္ရာသီအငွားျဖင့္ ဂြန္ဒိုဇီေျပာင္းေ႐ႊ႕

မာေဆးလ္ဟာ အာဆင္နယ္အလယ္တန္းကစားသမားမာတီယိုဂြန္ဒိုဇီအားတစ္ရာသီအငွားျဖင့္ေခၚယူလိုက္ပါတယ္။

ဂြန္ဒိုဇီဟာ၂၀၁၈ခုႏွစ္တြင္လိုရီယန႔္မွအာဆင္နယ္သို႔ေရာက္လာခဲ့သူျဖစ္ၿပီး၂၀၂၀-၂၁ေဘာလုံးရာသီတုန္းကဟာသာဘာလင္သို႔အငွားျဖင့္သြားေရာက္ကစားခဲ့ရသူလည္းျဖစ္ပါတယ္။ယခုအခါသူဟာေဆးစစ္မႈေအာင္ျမင္ၿပီးေနာက္မာေဆးလ္သို႔ေျပာင္းသြားၿပီျဖစ္ပါတယ္။

မာေဆးလ္ဟာဂြန္ဒိုဇီရဲ႕စာခ်ဳပ္အတြင္းမွာလာမယ့္ေႏြရာသီတြင္အၿပီးသတ္စာခ်ဳပ္ျဖင့္ေခၚယူႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

မာေဆးလ္ဟာဂြန္ဒိုဇီအားအငွားျဖင့္ေခၚယူရန္အာဆင္နယ္ကိုေပါင္၈၅၀၀၀ေပးခဲ့ရေၾကာင္းသိရပါတယ္။၎တို႔ဟာလာမယ့္ေႏြတြင္ဂြန္ဇိုဒီအားအၿပီးသတ္ဝယ္ယူမည္ဆိုပါကေပါင္၉သန္းေပးရပါမယ္။

သူဟာအာဆင္နယ္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၈၂ပြဲကစားကာ၁ဂိုးသြင္းယူခဲ့ပါတယ္။သူဟာအူႏိုင္းအမ္မရီလက္ထက္တုန္းကအာဆင္နယ္တြင္ပုံမွန္ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္၂၀၁၉ခုႏွစ္၊ဒီဇင္ဘာလတုန္းကအာတီတာခန႔္အပ္ျခင္းခံခဲ့ရၿပီးေနာက္ေနရာရရွိရန္႐ုန္းကန္လာခဲ့ရပါတယ္။