မာဆေးလ်သို့ အငှားဖြင့် အာဆင်နယ်နောက်ခံလူဆာလီဘာပြောင်းရွှေ့

အာဆင်နယ်နောက်ခံလူဆာလီဘာဟာ၂၀၂၁-၂၂ဘောလုံးရာသီအတွက်မာဆေးလ်သို့အငှားစာချုပ်ဖြင့်ပြောင်းရွှေ့သွားပါတယ်။

စိန့်အက်တီယန်နောက်ခံလူဟောင်းဟာ၂၀၁၉ခုနှစ်တွင်အာဆင်နယ်သို့ပြောင်းလာခဲ့ပြီးနောက်ပြီးခဲ့တဲ့ဘောလုံးရာသီဝက်တုန်းကနိုက်စ်သို့ရာသီဝက်အငှားဖြင့်သွားကစားခဲ့ရသူဖြစ်ပါတယ်။

အာဆင်နယ်အတွက်တစ်ပွဲမျှမကစားရသေးတဲ့ဆာလီဘာဟာနိုက်စ်တွင်ကစားနေစဉ်အတွင်းခြေစွမ်းပြကစားနိုင်မှုကြောင့်ပြင်သစ်အိုလံပစ်အသင်းတွင်ရွေးချယ်ခြင်းခံထားရသူလည်းဖြစ်ပါတယ်။

သူဟာမာဆေးလ်အသင်းမှာအဆင်နယ်ကစားဖော်ဂွန်ဒိုဇီနှင့်ပြန်လည်တွဲရမှာဖြစ်ပါတယ်။အာဆင်နယ်ဟာကွင်းလယ်ကစားသမားဂွန်ဒိုဇီကိုလည်းမာဆေးလ်သို့ပင်အငှားချထားပါတယ်။

အာဆင်နယ်နည်းစနစ်ဒါရိုက်တာအီဒူးကဆာလီဘာရဲ့ခြေစွမ်းပိုင်းတိုးတက်မှုရှိလာစေရန်အတွက်လီဂူး၁ တွင်နောက်ထပ်တစ်ရာသီအငှားဖြင့်ထွက်ခွာစေခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။

ZawGyi

မာေဆးလ္သို႔ အငွားျဖင့္ အာဆင္နယ္ေနာက္ခံလူဆာလီဘာေျပာင္းေ႐ႊ႕

အာဆင္နယ္ေနာက္ခံလူဆာလီဘာဟာ၂၀၂၁-၂၂ေဘာလုံးရာသီအတြက္မာေဆးလ္သို႔အငွားစာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕သြားပါတယ္။

စိန႔္အက္တီယန္ေနာက္ခံလူေဟာင္းဟာ၂၀၁၉ခုႏွစ္တြင္အာဆင္နယ္သို႔ေျပာင္းလာခဲ့ၿပီးေနာက္ၿပီးခဲ့တဲ့ေဘာလုံးရာသီဝက္တုန္းကႏိုက္စ္သို႔ရာသီဝက္အငွားျဖင့္သြားကစားခဲ့ရသူျဖစ္ပါတယ္။

အာဆင္နယ္အတြက္တစ္ပြဲမွ်မကစားရေသးတဲ့ဆာလီဘာဟာႏိုက္စ္တြင္ကစားေနစဥ္အတြင္းေျခစြမ္းျပကစားႏိုင္မႈေၾကာင့္ျပင္သစ္အိုလံပစ္အသင္းတြင္ေ႐ြးခ်ယ္ျခင္းခံထားရသူလည္းျဖစ္ပါတယ္။

သူဟာမာေဆးလ္အသင္းမွာအဆင္နယ္ကစားေဖာ္ဂြန္ဒိုဇီႏွင့္ျပန္လည္တြဲရမွာျဖစ္ပါတယ္။အာဆင္နယ္ဟာကြင္းလယ္ကစားသမားဂြန္ဒိုဇီကိုလည္းမာေဆးလ္သို႔ပင္အငွားခ်ထားပါတယ္။

အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာအီဒူးကဆာလီဘာရဲ႕ေျခစြမ္းပိုင္းတိုးတက္မႈရွိလာေစရန္အတြက္လီဂူး၁ တြင္ေနာက္ထပ္တစ္ရာသီအငွားျဖင့္ထြက္ခြာေစျခင္းျဖစ္ေၾကာင္း ဆိုသြားပါတယ္။