မာဆေးလ်အလယ်တန်းကစားသမားဆန်ဆင်ကို ပေါင် ၁၅.၅သန်းဖြင့် ဗီလာခေါ်ယူ

ဗီလာဟာမာဆေးလ်အလယ်တန်းကစားသမားမော်ဂန်ဆန်ဆင်အားပေါင်၁၅.၅သန်းဖြင့်ခေါ်ယူရေးအားအပြီး သတ်လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။

အသက်၂၅နှစ်ရှိပြင်သစ်အလယ်တန်းကစားသမားဟာဗီလာနှင့်လေးနှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ဗီလာသို့ရောက် လာပြီးနောက်ဆန်ဆင်က၎င်းမှာစစ်သည်တော်တစ်ဦးဖြစ်ပြီးအသင်းအတွက်အစွမ်းကုန်တိုက်ပွဲဝင်ပေးသွားမယ်လို့ ကတိပြုသွားပါတယ်။

ဆန်ဆင်က “ဒီအသင်းကိုချစ်တယ်။အသင်းရဲ့စိတ်ဓာတ်ကိုလည်းကြိုက်တယ်။ကျွန်တော်ကစစ်သည်တော်တစ်ဦး ပါ။အသင်းနဲ့ကလပ်အတွက်တစ်သင်းလုံးအစွမ်းကုန်ကြိုးစားကြတာကြိုက်တယ်။ဒီမှာလာကစားခွင့်ရလို့အရမ်း ဝမ်းသာပါတယ်။ဗီလာမိသားစုနဲ့ပူးပေါင်းရလို့ဂုဏ်ယူပါတယ်။အနာဂတ်မှာကြီးမားတဲ့အောင်မြင်မှုရယူနိုင်ဖို့မျှော် လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

လီမန်းနှင့်မွန်ပယ်လီယာကစားသမားဟောင်းဟာ၂၀၁၈ခုနှစ်တုန်းကမာဆေးလ်နှင့်အတူယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ဖူးပြီးအက်သလက်တီကိုအား၃-၀ဖြင့်ရှုံးနိမ့်ကာဒုတိယဖြင့်သာကျေနပ်ခဲ့ရပါတယ်။၎င်းကဗီလာကို ဥရောပဝင်ခွင့်ရရှိအောင်ကူညီသွားလိုကြောင်းပြောကြားသွားပါတယ်။

ZawGyi

မာေဆးလ္အလယ္တန္းကစားသမားဆန္ဆင္ကို ေပါင္ ၁၅.၅သန္းျဖင့္ ဗီလာေခၚယူ

ဗီလာဟာမာေဆးလ္အလယ္တန္းကစားသမားေမာ္ဂန္ဆန္ဆင္အားေပါင္၁၅.၅သန္းျဖင့္ေခၚယူေရးအားအၿပီး သတ္လုပ္ေဆာင္လိုက္ၿပီျဖစ္ပါတယ္။

အသက္၂၅ႏွစ္ရွိျပင္သစ္အလယ္တန္းကစားသမားဟာဗီလာႏွင့္ေလးႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ဗီလာသို႔ေရာက္ လာၿပီးေနာက္ဆန္ဆင္က၎မွာစစ္သည္ေတာ္တစ္ဦးျဖစ္ၿပီးအသင္းအတြက္အစြမ္းကုန္တိုက္ပြဲဝင္ေပးသြားမယ္လို႔ ကတိျပဳသြားပါတယ္။

ဆန္ဆင္က “ဒီအသင္းကိုခ်စ္တယ္။အသင္းရဲ႕စိတ္ဓာတ္ကိုလည္းႀကိဳက္တယ္။ကြၽန္ေတာ္ကစစ္သည္ေတာ္တစ္ဦး ပါ။အသင္းနဲ႔ကလပ္အတြက္တစ္သင္းလုံးအစြမ္းကုန္ႀကိဳးစားၾကတာႀကိဳက္တယ္။ဒီမွာလာကစားခြင့္ရလို႔အရမ္း ဝမ္းသာပါတယ္။ဗီလာမိသားစုနဲ႔ပူးေပါင္းရလို႔ဂုဏ္ယူပါတယ္။အနာဂတ္မွာႀကီးမားတဲ့ေအာင္ျမင္မႈရယူႏိုင္ဖို႔ေမွ်ာ္ လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လီမန္းႏွင့္မြန္ပယ္လီယာကစားသမားေဟာင္းဟာ၂၀၁၈ခုႏွစ္တုန္းကမာေဆးလ္ႏွင့္အတူယူ႐ိုပါလိဂ္ဗိုလ္လုပြဲသို႔ တက္ေရာက္ခဲ့ဖူးၿပီးအက္သလက္တီကိုအား၃-၀ျဖင့္ရႈံးနိမ့္ကာဒုတိယျဖင့္သာေက်နပ္ခဲ့ရပါတယ္။၎ကဗီလာကို ဥေရာပဝင္ခြင့္ရရွိေအာင္ကူညီသြားလိုေၾကာင္းေျပာၾကားသြားပါတယ္။