မာဆေးလ်အသင်းလေ့ကျင့်ရေးကွင်းကိုချိုးဖောက်ဝင်ရောက်ကာပရိသတ်များမီးတင်ရှို့ခဲ့ကြ

စနေနေ့တုန်းကဒေါသယမ်းပုံမီးကျပေါက်ကွဲနေကြတဲ့မာဆေးလ်ပရိသတ်များဟာကလပ်ရဲ့လေ့ကျင့်ရေးကွင်းကိုအောင်မြင်စွာ ထိုးဖောက်ဝင်ရောက်ကာမီးရှူးများပစ်ဖောက်ခဲ့ကြပြီးမီးတင်ရှို့ဖို့ကြိုးစားခဲ့ကြပါတယ်။

မာဆေးလ်ပရိသတ်များဟာမာဆေးလ်ရှိရောဘတ်လူးဝစ်ဒရေးဖပ်စ်လေ့ကျင့်ရေးကွင်းသို့စုဝေးရောက်ရှိလာခဲ့ကြကာမီးတင်ရှို့ခဲ့ကြတာလည်းဖြစ်ပါတယ်။

၎င်းတို့ဟာလေ့ကျင့်ရေးကွင်းအတွင်းသို့ရောက်ချိန်မှာမီးရှူးများထွန်းခဲ့ကြပြီးအပင်တစ်ပင်ကိုမီးရှို့ခဲ့ကြပါတယ်။၎င်းတို့ဟာကလပ်ဥက္ကဌဂျက်ကေးဟင်နရီအိုင်ရောက်ကိုလည်းရာထူးမှနုတ်ထွက်ရန်တောင်းဆိုခဲ့ကြပါတယ်။

ယင်းသို့ပရိသတ်များဟာရဲတပ်ဖွဲ့နှင့်လည်းပြဿနာများတက်ခဲ့ကြပြီး၂၅ဦးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ရဲတပ်ဖွဲ့က ပရိသတ်များရဲ့ယင်းသို့လုပ်ရပ်ကလုံးဝလက်ခံနိုင်စရာမရှိကြောင်းထုတ်ပြန်ခဲ့ပါတယ်။

ယင်းဖြစ်ရပ်ဟာမာဆေးလ်နှင့်ရန်းနက်စ်တို့ကစားရန်သုံးနာရီအလိုတွင်ဖြစ်ပျက်ခဲ့တာဖြစ်ပြီးယင်းဖြစ်ရပ်ကြောင့်ပွဲကိုလည်းရွှေ့ဆိုင်းခဲ့ရပါတယ်။

မာဆေးလ်ဟာပြင်သစ်လီဂူး၁တွင်နောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်ကာရမှတ်၃၂မှတ်ရရှိထားပြီးထိပ်ဆုံးမှလိုင်ယွန်နှင့်ရမှတ်၁၄မှတ်ကွာဟလျက်ရှိပါတယ်။

မနေ့တုန်းကမာဆေးလ်နည်းပြဘိုအာ့စ်ကကလပ်ကထောက်ပံ့မှုအလုံအလောက်မရရှိမှု၊အခြေအေနဆိုးရွားနေမှု များကြောင့်ရာသီအကုန်တွင်ထွက်ခွာရန်သေချာသလောက်ရှိနေကြောင်းဖွင့်ဟခဲ့ပါတယ်။

ZawGyi

မာေဆးလ္အသင္းေလ့က်င့္ေရးကြင္းကိုခ်ိဳးေဖာက္ဝင္ေရာက္ကာပရိသတ္မ်ားမီးတင္ရႈိ႕ခဲ့ၾက

စေနေန႔တုန္းကေဒါသယမ္းပုံမီးက်ေပါက္ကြဲေနၾကတဲ့မာေဆးလ္ပရိသတ္မ်ားဟာကလပ္ရဲ႕ေလ့က်င့္ေရးကြင္းကိုေအာင္ျမင္စြာ ထိုးေဖာက္ဝင္ေရာက္ကာမီးရႉးမ်ားပစ္ေဖာက္ခဲ့ၾကၿပီးမီးတင္ရႈိ႕ဖို႔ႀကိဳးစားခဲ့ၾကပါတယ္။

မာေဆးလ္ပရိသတ္မ်ားဟာမာေဆးလ္ရွိေရာဘတ္လူးဝစ္ဒေရးဖပ္စ္ေလ့က်င့္ေရးကြင္းသို႔စုေဝးေရာက္ရွိလာခဲ့ၾကကာမီးတင္ရႈိ႕ခဲ့ၾကတာလည္းျဖစ္ပါတယ္။

၎တို႔ဟာေလ့က်င့္ေရးကြင္းအတြင္းသို႔ေရာက္ခ်ိန္မွာမီးရႉးမ်ားထြန္းခဲ့ၾကၿပီးအပင္တစ္ပင္ကိုမီးရႈိ႕ခဲ့ၾကပါတယ္။၎တို႔ဟာကလပ္ဥကၠဌဂ်က္ေကးဟင္နရီအိုင္ေရာက္ကိုလည္းရာထူးမွႏုတ္ထြက္ရန္ေတာင္းဆိုခဲ့ၾကပါတယ္။

ယင္းသို႔ပရိသတ္မ်ားဟာရဲတပ္ဖြဲ႕ႏွင့္လည္းျပႆနာမ်ားတက္ခဲ့ၾကၿပီး၂၅ဦးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။ရဲတပ္ဖြဲ႕က ပရိသတ္မ်ားရဲ႕ယင္းသို႔လုပ္ရပ္ကလုံးဝလက္ခံႏိုင္စရာမရွိေၾကာင္းထုတ္ျပန္ခဲ့ပါတယ္။

ယင္းျဖစ္ရပ္ဟာမာေဆးလ္ႏွင့္ရန္းနက္စ္တို႔ကစားရန္သုံးနာရီအလိုတြင္ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီးယင္းျဖစ္ရပ္ေၾကာင့္ပြဲကိုလည္းေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

မာေဆးလ္ဟာျပင္သစ္လီဂူး၁တြင္ေနာက္ဆုံးသုံးပြဲဆက္ရႈံးနိမ့္ကာရမွတ္၃၂မွတ္ရရွိထားၿပီးထိပ္ဆုံးမွလိုင္ယြန္ႏွင့္ရမွတ္၁၄မွတ္ကြာဟလ်က္ရွိပါတယ္။

မေန႔တုန္းကမာေဆးလ္နည္းျပဘိုအာ့စ္ကကလပ္ကေထာက္ပံ့မႈအလုံအေလာက္မရရွိမႈ၊အေျခေအနဆိုး႐ြားေနမႈ မ်ားေၾကာင့္ရာသီအကုန္တြင္ထြက္ခြာရန္ေသခ်ာသေလာက္ရွိေနေၾကာင္းဖြင့္ဟခဲ့ပါတယ္။