မာတစ်ဒဏ်ရာရရှိသွားမှုကြောင့် အပြောင်းအရွှေ့ဈေးကွက်ထဲဝင်ရန် ကလော့ပ်ဖိအားများလာ

မနေ့ညတုန်းကစပါးစ်ကိုအနိုင်ရရှိတဲ့ပွဲတွင်ဗဟိုနောက်ခံလူဂျိုယေးမာတစ်ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့မှုနှင့်အတူ လီဗာပူးရဲ့ဗဟိုခံစစ်ပြဿနာမှာဆက်လက်ဆိုးရွားလာနေပါတယ်။

ကင်မရွန်းလက်ရွေးစင်ဟောင်းဟာမနေ့ညတုန်းကစပါးစ်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပထမပိုင်းမှာဒဏ်ရာရရှိကာ လူစားလဲခဲ့ရတာလည်းဖြစ်ပါတယ်။

ကလော့ပ်ကအသက်၂၉နှစ်ရှိဗဟိုနောက်ခံလူမှာခြေကျင်းဝတ်အရွတ်ဒဏ်ရာရရှိခဲ့ကြောင်းအတည်ပြုသွားခဲ့ပြီးဒဏ်ရာကိုစစ်ဆေးမှုပြုလုပ်ရမယ်လို့ဆိုသွားပါတယ်။

ယင်းပွဲမတိုင်မီဗဟိုခံစစ်မှာကစားနေတဲ့ဖာဘင်ဟိုမှာလည်းအသေးစားကြွက်သားဒဏ်ရာကြောင့်လီဗာပူးနှင့်ပွဲလူစာရင်းမှချန်လှပ်ခြင်းခံခဲ့ရပါတယ်။ဖာဘင်ဟိုဟာအသေးစားကြွက်သားဒဏ်ရာရရှိနေတယ်ဆိုပေမယ့်လည်း တနင်္ဂနွေနေ့တွင်ဝက်စ်ဟမ်းကိုအဝေးကွင်းသို့သွားရောက်ကစားရမယ့်ပွဲကိုလွဲချော်နိုင်ပါတယ်။

ဒါကြောင့်ကလော့ပ်ဟာလာမယ့်တနင်္ဂနွေနေ့မှာဝက်စ်ဟမ်းနှင့်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာအသင်းခေါင်း ဆောင်ဟင်ဒါဆင်နှင့်နတ်ဖီးလစ်တို့ကိုတွဲအသုံးပြုရပါမယ်။လီဗာပူးဟာပရီးမီးယားလိဂ်ပွဲ၂၀ကစားခဲ့ရာမှာခံစစ်ပြဿနာများကြောင့်ကွဲပြားတဲ့ဗဟိုခံစစ်ပေါင်း၁၁တွဲဖြင့်ပွဲထွက်ခဲ့ပြီးဖြစ်သလို၁၆ကြိမ်အထိကွဲပြားတဲ့ခံစစ်အသုံးပြုထားပြီးလည်းဖြစ်ပါတယ်။

ယင်းသို့ခံစစ်ပြဿနာများနှင့်ကြုံရမှုနဲ့အတူလီဗာပူးနည်းပြကလော့ပ်ဟာလာမယ့်တနင်္လာနေ့မှာပိတ်မယ့် ဇန်နဝါရီအပြောင်းအရွှေ့မပိတ်မီဗဟိုခံစစ်ကစားသမားခေါ်ယူဖို့စဉ်းစားနေရပြီဖြစ်ပါတယ်။

ကလော့ပ်က “ကျွန်တော်တို့ဘက်ကအားလုံးကိုတွေးထားပါတယ်။လုပ်သင့်တာကိုလုပ်သွားပါမယ်။လုပ်သင့်တာ ကိုလုပ်ပါမယ်။ဒါပေမယ့်သင့်တော်တဲ့ကစားသမားတော့ရဖို့လိုပါတယ်။အလျှင်စလိုခေါ်သွားမှာမဟုတ်ပါဘူး”လို့ ပြောကြားသွားပါတယ်။

ကလော့ပ်ရဲ့လီဗာပူးဟာစပါးစ်ကိုအဝေးကွင်းမှာအနိုင်ရရှိခဲ့မှုနဲ့အတူပရီးမီးယားလိဂ်ငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှု အားအဆုံးသတ်နိုင်ခဲ့ပါတယ်။

ZawGyi

မာတစ္ဒဏ္ရာရရွိသြားမႈေၾကာင့္ အေျပာင္းအေ႐ႊ႕ေဈးကြက္ထဲဝင္ရန္ ကေလာ့ပ္ဖိအားမ်ားလာ

မေန႔ညတုန္းကစပါးစ္ကိုအႏိုင္ရရွိတဲ့ပြဲတြင္ဗဟိုေနာက္ခံလူဂ်ိဳေယးမာတစ္ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့မႈႏွင့္အတူ လီဗာပူးရဲ႕ဗဟိုခံစစ္ျပႆနာမွာဆက္လက္ဆိုး႐ြားလာေနပါတယ္။

ကင္မ႐ြန္းလက္ေ႐ြးစင္ေဟာင္းဟာမေန႔ညတုန္းကစပါးစ္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာပထမပိုင္းမွာဒဏ္ရာရရွိကာ လူစားလဲခဲ့ရတာလည္းျဖစ္ပါတယ္။

ကေလာ့ပ္ကအသက္၂၉ႏွစ္ရွိဗဟိုေနာက္ခံလူမွာေျခက်င္းဝတ္အ႐ြတ္ဒဏ္ရာရရွိခဲ့ေၾကာင္းအတည္ျပဳသြားခဲ့ၿပီးဒဏ္ရာကိုစစ္ေဆးမႈျပဳလုပ္ရမယ္လို႔ဆိုသြားပါတယ္။

ယင္းပြဲမတိုင္မီဗဟိုခံစစ္မွာကစားေနတဲ့ဖာဘင္ဟိုမွာလည္းအေသးစားႂကြက္သားဒဏ္ရာေၾကာင့္လီဗာပူးႏွင့္ပြဲလူစာရင္းမွခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။ဖာဘင္ဟိုဟာအေသးစားႂကြက္သားဒဏ္ရာရရွိေနတယ္ဆိုေပမယ့္လည္း တနဂၤေႏြေန႔တြင္ဝက္စ္ဟမ္းကိုအေဝးကြင္းသို႔သြားေရာက္ကစားရမယ့္ပြဲကိုလြဲေခ်ာ္ႏိုင္ပါတယ္။

ဒါေၾကာင့္ကေလာ့ပ္ဟာလာမယ့္တနဂၤေႏြေန႔မွာဝက္စ္ဟမ္းႏွင့္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မွာအသင္းေခါင္း ေဆာင္ဟင္ဒါဆင္ႏွင့္နတ္ဖီးလစ္တို႔ကိုတြဲအသုံးျပဳရပါမယ္။လီဗာပူးဟာပရီးမီးယားလိဂ္ပြဲ၂၀ကစားခဲ့ရာမွာခံစစ္ျပႆနာမ်ားေၾကာင့္ကြဲျပားတဲ့ဗဟိုခံစစ္ေပါင္း၁၁တြဲျဖင့္ပြဲထြက္ခဲ့ၿပီးျဖစ္သလို၁၆ႀကိမ္အထိကြဲျပားတဲ့ခံစစ္အသုံးျပဳထားၿပီးလည္းျဖစ္ပါတယ္။

ယင္းသို႔ခံစစ္ျပႆနာမ်ားႏွင့္ႀကဳံရမႈနဲ႔အတူလီဗာပူးနည္းျပကေလာ့ပ္ဟာလာမယ့္တနလၤာေန႔မွာပိတ္မယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မပိတ္မီဗဟိုခံစစ္ကစားသမားေခၚယူဖို႔စဥ္းစားေနရၿပီျဖစ္ပါတယ္။

ကေလာ့ပ္က “ကြၽန္ေတာ္တို႔ဘက္ကအားလုံးကိုေတြးထားပါတယ္။လုပ္သင့္တာကိုလုပ္သြားပါမယ္။လုပ္သင့္တာ ကိုလုပ္ပါမယ္။ဒါေပမယ့္သင့္ေတာ္တဲ့ကစားသမားေတာ့ရဖို႔လိုပါတယ္။အလွ်င္စလိုေခၚသြားမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားသြားပါတယ္။

ကေလာ့ပ္ရဲ႕လီဗာပူးဟာစပါးစ္ကိုအေဝးကြင္းမွာအႏိုင္ရရွိခဲ့မႈနဲ႔အတူပရီးမီးယားလိဂ္ငါးပြဲဆက္ႏိုင္ပြဲေပ်ာက္ဆုံးမႈ အားအဆုံးသတ္ႏိုင္ခဲ့ပါတယ္။