မာတာ စာချုပ်သစ်ချုပ်ဆိုလိုက်မှုကြောင့် ကျောနံပါတ် ၈ ဝတ်ဆင်ဖို့ တစ်နှစ်စောင့်ရဦးမည်ဟု ဖာနန်ဒက်စ်ပြောကြားလာ

မန်ယူစတားဘရူနိုဖာနန်ဒက်စ်ကဂျူအန်မာတာကမန်ယူနှင့်တစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်မှုကြောင့်ကျောနံပါတ်၈ကိုလွဲပြောင်းဝတ်ဆင်နိုင်ရန်အတွက်တစ်နှစ်စောင့်ဆိုင်းးရဦးမှာဖြစ်ကြောင်းဟာသနှောပြောကြားလိုက်ပါတယ်။

မန်ယူဟာမနေ့ညတုန်းကအသင်းတွင်ကာလရှည်ကြာကစားလာခဲ့တဲ့ဂျူအန်မာတာကိုတစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်ပါတယ်။မာတာဟာယခင်တုန်းကမန်ယူတွင်တစ်ပတ်လုပ်ခပေါင်၁၇၀၀၀၀ရရှိခဲ့ပေမယ့်စာချုပ်သစ်ချုပ်ဆိုရန်အတွက်လုပ်ခပေါင်၇၀၀၀၀လျှော့ယူကာပေါင်၁၀၀၀၀၀သာရရှိတော့မှာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာမန်ယူသို့မပြောင်းမီစပို့တင်းလစ္စဘွန်းတွင်ကျောနံပါတ်၈ကိုဝတ်ဆင်ကစားခဲ့သူဖြစ်တဲ့သူဖြစ်ပါတယ်။သူဟာမန်ယူသို့ရောက်လာပြီးနောက်ကျောနံပါတ်၈ကိုဝတ်ဆင်လိုသော်လည်းမာတာဝတ်ဆင်နေမှုကြောင့်ကျောနံပါတ်၁၈ကိုဝတ်ဆင်ကစားနေရသူဖြစ်ပါတယ်။

ဖာနန်ဒက်စ်က “ကျောနံပါတ်၈အတွက်နောက်ထပ်တစ်နှစ်စောင့်ရပါဦးမယ်။ဂုဏ်ယူပါအစ်ကိုရေ။ထိုက်တန်ပါတယ်။ကွင်းတွင်း/ကွင်းပြင်ကျွန်တော်တို့လေးစားအတုယူအားကျရတဲ့သူကြီးရေ”လို့မာတာရဲ့စာချုပ်သစ်ချုပ်ဆိုလိုက်မှုကိုဂုဏ်ပြုကာအွန်လိုင်းတွင်ရေးသားသွားပါတယ်။

အသက်၃၃နှစ်ရှိမာတာဟာ၂၀၁၄ခုနှစ်၊ဇန်နဝါရီလတွင်ချဲလ်ဆီးမှမန်ယူသို့ရောက်လာပြီးနောက်ယူရိုပါလိဂ်ဖလား၊အက်ဖ်အေဖလား၊ကာရာဘောင်းဖလား၊ကွန်မြူနတီဒိုင်းတို့ဆွတ်ခူးထားနိုင်သူဖြစ်ပါတယ်။

သူဟာမန်ယူအတွက်၂၇၃ပွဲကစားကာ၅၁ဂိုးသွင်းယူထားပါတယ်။သူဟာပြီးခဲ့တဲ့နှစ်များတွင်မန်ယူတွင်အဓိကနေရာပျောက်လာခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့ရာသီတုန်းက၁၈ပွဲတည်းသာကစားခွင့်ရခဲ့ပါတယ်။

ZawGyi

မာတာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္မႈေၾကာင့္ ေက်ာနံပါတ္ ၈ ဝတ္ဆင္ဖို႔ တစ္ႏွစ္ေစာင့္ရဦးမည္ဟု ဖာနန္ဒက္စ္ေျပာၾကားလာ

မန္ယူစတားဘ႐ူႏိုဖာနန္ဒက္စ္ကဂ်ဴအန္မာတာကမန္ယူႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္မႈေၾကာင့္ေက်ာနံပါတ္၈ကိုလြဲေျပာင္းဝတ္ဆင္ႏိုင္ရန္အတြက္တစ္ႏွစ္ေစာင့္ဆိုင္းးရဦးမွာျဖစ္ေၾကာင္းဟာသေႏွာေျပာၾကားလိုက္ပါတယ္။

မန္ယူဟာမေန႔ညတုန္းကအသင္းတြင္ကာလရွည္ၾကာကစားလာခဲ့တဲ့ဂ်ဴအန္မာတာကိုတစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္ပါတယ္။မာတာဟာယခင္တုန္းကမန္ယူတြင္တစ္ပတ္လုပ္ခေပါင္၁၇၀၀၀၀ရရွိခဲ့ေပမယ့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အတြက္လုပ္ခေပါင္၇၀၀၀၀ေလွ်ာ့ယူကာေပါင္၁၀၀၀၀၀သာရရွိေတာ့မွာျဖစ္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာမန္ယူသို႔မေျပာင္းမီစပို႔တင္းလစၥဘြန္းတြင္ေက်ာနံပါတ္၈ကိုဝတ္ဆင္ကစားခဲ့သူျဖစ္တဲ့သူျဖစ္ပါတယ္။သူဟာမန္ယူသို႔ေရာက္လာၿပီးေနာက္ေက်ာနံပါတ္၈ကိုဝတ္ဆင္လိုေသာ္လည္းမာတာဝတ္ဆင္ေနမႈေၾကာင့္ေက်ာနံပါတ္၁၈ကိုဝတ္ဆင္ကစားေနရသူျဖစ္ပါတယ္။

ဖာနန္ဒက္စ္က “ေက်ာနံပါတ္၈အတြက္ေနာက္ထပ္တစ္ႏွစ္ေစာင့္ရပါဦးမယ္။ဂုဏ္ယူပါအစ္ကိုေရ။ထိုက္တန္ပါတယ္။ကြင္းတြင္း/ကြင္းျပင္ကြၽန္ေတာ္တို႔ေလးစားအတုယူအားက်ရတဲ့သူႀကီးေရ”လို႔မာတာရဲ႕စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္မႈကိုဂုဏ္ျပဳကာအြန္လိုင္းတြင္ေရးသားသြားပါတယ္။

အသက္၃၃ႏွစ္ရွိမာတာဟာ၂၀၁၄ခုႏွစ္၊ဇန္နဝါရီလတြင္ခ်ဲလ္ဆီးမွမန္ယူသို႔ေရာက္လာၿပီးေနာက္ယူ႐ိုပါလိဂ္ဖလား၊အက္ဖ္ေအဖလား၊ကာရာေဘာင္းဖလား၊ကြန္ျမဴနတီဒိုင္းတို႔ဆြတ္ခူးထားႏိုင္သူျဖစ္ပါတယ္။

သူဟာမန္ယူအတြက္၂၇၃ပြဲကစားကာ၅၁ဂိုးသြင္းယူထားပါတယ္။သူဟာၿပီးခဲ့တဲ့ႏွစ္မ်ားတြင္မန္ယူတြင္အဓိကေနရာေပ်ာက္လာခဲ့သူျဖစ္ၿပီးၿပီးခဲ့တဲ့ရာသီတုန္းက၁၈ပြဲတည္းသာကစားခြင့္ရခဲ့ပါတယ္။