မာတီနက်ဇ်ကို ခေါ်ယူရန် ယူနိုက်တက် အပြီးသတ်နိုင်လုနီးပါးဖြစ်နေပြီ
မန်ချက်စတာယူနိုက်တက်ဟာအာဂျင်တီးနားဗဟိုနောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်အားခေါ်ယူရေးအတွက်အေဂျက်စ်နှင့်ဆွေးနွေးမှုများစွာတိုးတက်လျက်ရှိပြီး၂၄နာရီအတွင်းအပြောင်းအရွှေ့အပြီးသတ်လာနိုင်တဲ့အနေအထားမှာရှိနေပါတယ်။
ယူနိုက်တက်ဟာအသက်၂၄နှစ်ရှိမာတီနက်ဇ်ကိုခေါ်ယူရေးပြီးခဲ့တဲ့ရက်များအတွင်းတွင်ဆွေးနွေးလာခဲ့တာဖြစ်ပါတယ်။
မာတီနက်ဇ်ဟာအာဆင်နယ်ရဲ့ဆက်သွယ်မှုများရရှိခဲ့ပေမဲ့လည်းဆရာဟောင်းအဲရစ်တန်ဟက်ရှိရာယူနိုက်တက်သို့သာပြောင်းလိုမှုနဲ့အတူပယ်ချခဲ့ပါတယ်။
တကယ်လို့မာတီနက်ဇ်ရဲ့အပြောင်းအရွှေ့သာဖြစ်လာပါက၎င်းမှာယခုနွေရာသီတွင်ယူနိုက်တက်သို့ရောက်လာတဲ့ဒုတိယမြောက်ကစားသမားဖြစ်လာပါမယ်။၊
ယူနိုက်တက်ဟာခရစ္စတီယန်အဲရစ်ဆင်ကိုခေါ်ယူရန်သဘောတူညီမှုရရှိထားကြောင်းသတင်းထွက်နေပေမဲ့အတည်ပြုခြင်းမရှိသေးပါဘူး။
Zawgyi