မာတီနက်ဇ်ရဲ့ကမ္ဘာ့ဖလားရှုံးပွဲလှောင်ပြောင်မှုကို လူကြီးလူကောင်းပီသစွာ တုံ့ပြန်လာခဲ့တဲ့ ကိုင်လီယန်ဘက်ပေး

ကိုင်လီယန်ဘက်ပေးဟာပြင်သစ်ကိုအနိုင်ယူပြီးအာဂျင်တီးနားတို့ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားပြီးနောက်ပိုင်းတွင်အာဂျင်တီးနားဂိုးသမားအီမီလီယာနိုမာတီနက်ဇ်ကသူ့ကိုရည်ရွယ်ချက်ရှိရှိလှောင်ပြောင်တိုက်ခိုက်မှုအား တုံ့ပြန်ပြောဆိုမှုပြုလုပ်လာပြီဖြစ်ပါတယ်။

မက်ဆီဟာကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်မာတီနက်ဇ်ကိုကျော်ဖြတ်ကာသုံးဂိုးတိုင်တိုင်သွင်းယူနိုင်ခဲ့သူလည်းဖြစ်ပြီး ကမ္ဘာ့ဖလားသွင်းဂိုး၈ဂိုးဖြင့် Golden Boot ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်းကင်စလေကိုးမန်းနှင့်ချူကွာမီနီတို့ပင်နယ်တီမဝင်မှုနဲ့အတူ ပြင်သစ်ဟာနှစ်ကြိမ်ဆက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရေးနှင့်ဝေးခဲ့ရပါတယ်။

မာတီနက်ဇ်ဟာကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲခံမှုများပြုလုပ်ရာတွင်ဘက်ပေးကိုဆက်တိုက်လှောင်ပြောင်မှုများပြုခဲ့ပါတယ်။

မာတီနက်ဇ်ဟာအဝတ်အစားလဲခန်းအတွင်းတွင်ဘက်ပေးအတွက်ဝမ်းနည်းခြင်းတစ်မိနစ်ငြိမ်သက်ပေးကြရန်တောင်းဆိုခဲ့သလိုဗျူနိုအေးရိစ်တွင်အောင်ပွဲခံရာမှာလည်း ဘက်ပေးမျက်နှာကပ်ထားတဲ့အရုပ်ဖြင့်လှောင်ပြောင်ခဲ့ပါတယ်။

ဘက်ပေးဟာအစောပိုင်းတုန်းကမာတီနက်ဇ်ရဲ့လှောင်ပြောင်မှုများနှင့်နှုတ်ဆိတ်နေခဲ့ပါတယ်။ဒါပေမဲ့ယခုအခါမှာတော့သူဟာနှုတ်ဆက်မနေတော့ဘဲတုံ့ပြန်လာခဲ့ပြီဖြစ်ပါတယ်။

ဘက်ပေးဟာကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်နောက်ဆုံးဗိုလ်လုပွဲအဖြစ်ကစားသွားတဲ့ပီအက်စ်ဂျီကစားဖော်မက်ဆီကိုပဲအာရုံစိုက်နေခဲ့တာပါ။

ဘက်ပေးက “ပွဲပြီးတော့သူ(မက်ဆီ)နဲ့စကားပြောခဲ့တယ်။သူ့ကိုဂုဏ်ပြုခဲ့တယ်။သူ့အတွက်ဒါကဘဝရည်မှန်းချက်ပါ။ကျွန်တော့်အတွက်လည်းအတူတူပါပဲ။ဒါပေမဲ့ကျွန်တော်ရှုံးနိမ့်ခဲ့တယ်။ဒီတော့ကျွန်တော့်အနေနဲ့အားကစားသမားပီသရမယ်။အောင်ပွဲခံမှုကကျွန်တော်နဲ့မဆိုင်ပါဘူး။အသေးအဖွဲကိစ္စတွေအတွက်အချိန်ကုန်မခံနိုင်ပါဘူး”လို့လူကြီးလူကောင်းဆန်ဆန်တုံ့ပြန်သွားခဲ့ပါတယ်။

ZawGyi

မာတီနက္ဇ္ရဲ႕ကမာၻ႔ဖလားရႈံးပြဲေလွာင္ေျပာင္မႈကို လူႀကီးလူေကာင္းပီသစြာ တုံ႔ျပန္လာခဲ့တဲ့ ကိုင္လီယန္ဘက္ေပး

ကိုင္လီယန္ဘက္ေပးဟာျပင္သစ္ကိုအႏိုင္ယူၿပီးအာဂ်င္တီးနားတို႔ကမာၻ႔ဖလားခ်န္ပီယံျဖစ္သြားၿပီးေနာက္ပိုင္းတြင္အာဂ်င္တီးနားဂိုးသမားအီမီလီယာႏိုမာတီနက္ဇ္ကသူ႔ကိုရည္႐ြယ္ခ်က္ရွိရွိေလွာင္ေျပာင္တိုက္ခိုက္မႈအား တုံ႔ျပန္ေျပာဆိုမႈျပဳလုပ္လာၿပီျဖစ္ပါတယ္။

မက္ဆီဟာကမာၻ႔ဖလားဗိုလ္လုပြဲတြင္မာတီနက္ဇ္ကိုေက်ာ္ျဖတ္ကာသုံးဂိုးတိုင္တိုင္သြင္းယူႏိုင္ခဲ့သူလည္းျဖစ္ၿပီး ကမာၻ႔ဖလားသြင္းဂိုး၈ဂိုးျဖင့္ Golden Boot ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့လည္းကင္စေလကိုးမန္းႏွင့္ခ်ဴကြာမီနီတို႔ပင္နယ္တီမဝင္မႈနဲ႔အတူ ျပင္သစ္ဟာႏွစ္ႀကိမ္ဆက္ကမာၻ႔ဖလားခ်န္ပီယံျဖစ္ေရးႏွင့္ေဝးခဲ့ရပါတယ္။

မာတီနက္ဇ္ဟာကမာၻ႔ဖလားခ်န္ပီယံေအာင္ပြဲခံမႈမ်ားျပဳလုပ္ရာတြင္ဘက္ေပးကိုဆက္တိုက္ေလွာင္ေျပာင္မႈမ်ားျပဳခဲ့ပါတယ္။

မာတီနက္ဇ္ဟာအဝတ္အစားလဲခန္းအတြင္းတြင္ဘက္ေပးအတြက္ဝမ္းနည္းျခင္းတစ္မိနစ္ၿငိမ္သက္ေပးၾကရန္ေတာင္းဆိုခဲ့သလိုဗ်ဴႏိုေအးရိစ္တြင္ေအာင္ပြဲခံရာမွာလည္း ဘက္ေပးမ်က္ႏွာကပ္ထားတဲ့အ႐ုပ္ျဖင့္ေလွာင္ေျပာင္ခဲ့ပါတယ္။

ဘက္ေပးဟာအေစာပိုင္းတုန္းကမာတီနက္ဇ္ရဲ႕ေလွာင္ေျပာင္မႈမ်ားႏွင့္ႏႈတ္ဆိတ္ေနခဲ့ပါတယ္။ဒါေပမဲ့ယခုအခါမွာေတာ့သူဟာႏႈတ္ဆက္မေနေတာ့ဘဲတုံ႔ျပန္လာခဲ့ၿပီျဖစ္ပါတယ္။

ဘက္ေပးဟာကမာၻ႔ဖလားဗိုလ္လုပြဲတြင္ေနာက္ဆုံးဗိုလ္လုပြဲအျဖစ္ကစားသြားတဲ့ပီအက္စ္ဂ်ီကစားေဖာ္မက္ဆီကိုပဲအာ႐ုံစိုက္ေနခဲ့တာပါ။

ဘက္ေပးက “ပြဲၿပီးေတာ့သူ(မက္ဆီ)နဲ႔စကားေျပာခဲ့တယ္။သူ႔ကိုဂုဏ္ျပဳခဲ့တယ္။သူ႔အတြက္ဒါကဘဝရည္မွန္းခ်က္ပါ။ကြၽန္ေတာ့္အတြက္လည္းအတူတူပါပဲ။ဒါေပမဲ့ကြၽန္ေတာ္ရႈံးနိမ့္ခဲ့တယ္။ဒီေတာ့ကြၽန္ေတာ့္အေနနဲ႔အားကစားသမားပီသရမယ္။ေအာင္ပြဲခံမႈကကြၽန္ေတာ္နဲ႔မဆိုင္ပါဘူး။အေသးအဖြဲကိစၥေတြအတြက္အခ်ိန္ကုန္မခံႏိုင္ပါဘူး”လို႔လူႀကီးလူေကာင္းဆန္ဆန္တုံ႔ျပန္သြားခဲ့ပါတယ္။