
အာဂျင်တီးနားနှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ပါပူးဂိုမက်ဇ်ဟာကမ္ဘာ့ဖလားဗိုလ်လုပွဲအချိန်ပိုတွင်ရောဘတ်တိုမာတီနက်ဇ်ရဲ့အရေးပါတဲ့ကာကွယ်မှုကိုတက်တူးထိုးပြီးဂုဏ်ပြုလာပါတယ်။
အက်စတွန်ဗီလာဂိုးသမားဟာကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်သုံးဂိုးပေးခဲ့ရပေမဲ့လည်းအချိန်ပိုတွင်အရေးပါတဲ့ကာကွယ်မှုပြုလုပ်ကာပင်နယ်တီအဆုံးအဖြတ်ရယူရအောင်စွမ်းဆောင်ခဲ့ပါတယ်။
သူဟာအချိန်ပိုပြီးခါနီးအချိန်တွင်ပြင်သစ်တိုက်စစ်မှူးရန်ဒဲလ်ကိုလိုမူအာနီရဲ့အပိုင်ကန်ချက်ကိုခြေထောက်ဖြင့်ကာကွယ်ခဲ့တာလည်းဖြစ်ပါတယ်။
ယင်းနောက်မာတီနက်ဇ်ဟာပင်နယ်တီအဆုံးအဖြတ်တွင်ကင်းစလေကိုးမန်းရဲ့ပင်နယ်တီကိုကာကွယ်ပြီးအာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားသူရဲကောင်းဖြစ်လာခဲ့ပါတယ်။
ဒါကြောင့်လည်းအာဂျင်တီးနားနှင့်အတူကမ္ဘာ့ဖလားရရှိခဲ့တဲ့ပါပူးဂိုမက်ဇ်ဟာမာတီနက်ဇ်ရဲ့အချိန်ပိုကာကွယ်မှုကိုတက်တူးထိုးပြီးအမှတ်တရပြုလုပ်ခဲ့ပါတယ်။
မာတီနက်ဇ်ဟာလည်းကစားဖော်ပူပူးဂိုမက်ဇ်ရဲ့ဂုဏ်ပြုလာမှုကို “မင်းကိုချစ်တယ်”ဆိုပြီးတုံ့ပြန်သွားခဲ့ပါတယ်။
Zawgyi
မာတီနက္ဇ္ရဲ႕ကမာၻ႔ဖလားဗိုလ္လုပြဲ ကာကြယ္မႈကို တက္တူးထိုးလာတဲ့ အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားစတား
အာဂ်င္တီးနားႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့ပါပူးဂိုမက္ဇ္ဟာကမာၻ႔ဖလားဗိုလ္လုပြဲအခ်ိန္ပိုတြင္ေရာဘတ္တိုမာတီနက္ဇ္ရဲ႕အေရးပါတဲ့ကာကြယ္မႈကိုတက္တူးထိုးၿပီးဂုဏ္ျပဳလာပါတယ္။
အက္စတြန္ဗီလာဂိုးသမားဟာကမာၻ႔ဖလားဗိုလ္လုပြဲတြင္သုံးဂိုးေပးခဲ့ရေပမဲ့လည္းအခ်ိန္ပိုတြင္အေရးပါတဲ့ကာကြယ္မႈျပဳလုပ္ကာပင္နယ္တီအဆုံးအျဖတ္ရယူရေအာင္စြမ္းေဆာင္ခဲ့ပါတယ္။
သူဟာအခ်ိန္ပိုၿပီးခါနီးအခ်ိန္တြင္ျပင္သစ္တိုက္စစ္မႉးရန္ဒဲလ္ကိုလိုမူအာနီရဲ႕အပိုင္ကန္ခ်က္ကိုေျခေထာက္ျဖင့္ကာကြယ္ခဲ့တာလည္းျဖစ္ပါတယ္။
ယင္းေနာက္မာတီနက္ဇ္ဟာပင္နယ္တီအဆုံးအျဖတ္တြင္ကင္းစေလကိုးမန္းရဲ႕ပင္နယ္တီကိုကာကြယ္ၿပီးအာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားသူရဲေကာင္းျဖစ္လာခဲ့ပါတယ္။
ဒါေၾကာင့္လည္းအာဂ်င္တီးနားႏွင့္အတူကမာၻ႔ဖလားရရွိခဲ့တဲ့ပါပူးဂိုမက္ဇ္ဟာမာတီနက္ဇ္ရဲ႕အခ်ိန္ပိုကာကြယ္မႈကိုတက္တူးထိုးၿပီးအမွတ္တရျပဳလုပ္ခဲ့ပါတယ္။
မာတီနက္ဇ္ဟာလည္းကစားေဖာ္ပူပူးဂိုမက္ဇ္ရဲ႕ဂုဏ္ျပဳလာမႈကို “မင္းကိုခ်စ္တယ္”ဆိုၿပီးတုံ႔ျပန္သြားခဲ့ပါတယ္။