
အာဂျင်တီးနားဂိုးသမားအီမီလီမာတီနက်ဇ်ရဲ့ကမ္ဘာ့ဖလားပွဲစဉ်များမှ အပြုအမူများကြောင့်ဘောလုံးစည်းမျဉ်းရေးဆွဲသူများဟာဘောလုံးဥပဒေအပြောင်းအလဲပြုလုပ်လာရပါတယ်။
အက်စတွန်ဗီလာဂိုးသမားရဲ့ကမ္ဘာ့ဖလားပင်နယ်တီအဆုံးအဖြတ်ပွဲစဉ်များကြောင့် ဘောလုံးဥပေဒရေးဆွဲသူများဟာ လာမယ့်ရာသီမှစတင်ကာပင်နယ်တီစည်းမျဉ်းကိုအကြီးအကျယ်အပြောင်းအလဲပြုလုပ်လာပြီဖြစ်ပါတယ်။
မာတီနက်ဇ်ဟာနယ်သာလန်နှင့်ပြင်သစ်တို့ကိုအနိုင်ရရှိတဲ့ပင်နယ်တီအဆုံးအဖြတ်များတွင်အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားသူရဲကောင်းဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။
သူဟာပင်နယ်တီအဆုံးအဖြတ်မကန်မီအချိန်တွင်ပြိုင်ဘက်ကစားသမားများကိုအားကစားသမားမပီသတဲ့လုပ်ရပ်များ၊ကစားချိန်နှောင့်နှေးအောင် ပြုလုပ်ခြင်းတို့ပြုလုပ်ကာပင်နယ်တီကန်တော့မဲ့ကစားသမားများကို အနှောင့်အယှက်ပြုလုပ်ခဲ့ပါတယ်။
သူဟာပြိုင်ဘက်ကစားသမားကိုသူ့ရဲ့လှည့်ကွက်အောက်သို့ ဝင်လာအောင် လုပ်ကာစိတ်ပိုင်းဆိုင်ရာအရ အနှောင့်အယှက်ပေးခဲ့တာလည်းဖြစ်ပါတယ်။
သူဟာနယ်သာလန်ကိုအနိုင်ရရှိတဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပင်နယ်တီအဆုံးအဖြတ်တွင်စတီဗင်ဘားဟောက်စ်၊လုခ်ဒီဂျောင်နှင့်တီအန်ကိုးမိုင်နာတို့ကိုအနှောင့်အယှက်ပေးခဲ့သလိုပြင်သစ်နှင့်ဗိုလ်လုပွဲပင်နယ်တီအဆုံးအဖြတ်တွင်လည်းပင်နယ်တီမဝင်ခဲ့တဲ့ပြင်သစ်ရဲ့ကိုးမန်းနှင့်ချူကွာမီနီတို့ကိုလည်းအနှောင့်အယှက်ပေးခဲ့ပါတယ်။
တကယ်တော့ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မာတီနက်ဇ်တစ်ဦးတည်းသာ ပြိုင်ဘက်ကိုအနှောင့်အယှက်ပေးမှုပြုလုပ်ခဲ့တာ မဟုတ်ပါဘူး။နယ်သာလန်ဂိုးသမားအင်ဒရေနော်ပတ်နှင့်ဩစတြေးလျရဲ့အင်ဒရူးရက်မေနီတို့လည်းပြိုင်ဘက်ကစားသမားကိုအနှောင့်အယှက်ပေးခဲ့ကြတာပါ။
ယခုအခါမှာတော့ဖီဖာနှင့် IFAB တို့ဟာ ဂိုးသမားများအားပင်နယ်တီကန်ချိန်ကြာအောင်လုပ်ခြင်း၊ကန်မဲ့သူကိုအနှောင့်အယှက်ပေးခြင်းတို့ ပြုလုပ်ခွင့်ပေးလာတော့မှာမဟုတ်ပါဘူး။
ဖီဖာနှင့် IFAB တို့ဟာလာမယ့်မတ်လလန်ဒန်တွေ့ဆုံဆွေးနွေးပွဲတွင်ယင်းနှင့်ပတ်သက်ပြီးဆွေးနွေးကာဥပေဒအတိအကျပြဌာန်းလာကြမှာလည်း ဖြစ်ပါတယ်။
ZawGyi
မာတီနက္ဇ္ရဲ႕ကမာၻ႔ဖလားအျပဳအမူမ်ားေၾကာင့္ စည္းမ်ဥ္းအေျပာင္းအလဲ ျပဳလုပ္လာရ
အာဂ်င္တီးနားဂိုးသမားအီမီလီမာတီနက္ဇ္ရဲ႕ကမာၻ႔ဖလားပြဲစဥ္မ်ားမွ အျပဳအမူမ်ားေၾကာင့္ေဘာလုံးစည္းမ်ဥ္းေရးဆြဲသူမ်ားဟာေဘာလုံးဥပေဒအေျပာင္းအလဲျပဳလုပ္လာရပါတယ္။
အက္စတြန္ဗီလာဂိုးသမားရဲ႕ကမာၻ႔ဖလားပင္နယ္တီအဆုံးအျဖတ္ပြဲစဥ္မ်ားေၾကာင့္ ေဘာလုံးဥေပဒေရးဆြဲသူမ်ားဟာ လာမယ့္ရာသီမွစတင္ကာပင္နယ္တီစည္းမ်ဥ္းကိုအႀကီးအက်ယ္အေျပာင္းအလဲျပဳလုပ္လာၿပီျဖစ္ပါတယ္။
မာတီနက္ဇ္ဟာနယ္သာလန္ႏွင့္ျပင္သစ္တို႔ကိုအႏိုင္ရရွိတဲ့ပင္နယ္တီအဆုံးအျဖတ္မ်ားတြင္အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားသူရဲေကာင္းျဖစ္ခဲ့သူလည္းျဖစ္ပါတယ္။
သူဟာပင္နယ္တီအဆုံးအျဖတ္မကန္မီအခ်ိန္တြင္ၿပိဳင္ဘက္ကစားသမားမ်ားကိုအားကစားသမားမပီသတဲ့လုပ္ရပ္မ်ား၊ကစားခ်ိန္ေႏွာင့္ေႏွးေအာင္ ျပဳလုပ္ျခင္းတို႔ျပဳလုပ္ကာပင္နယ္တီကန္ေတာ့မဲ့ကစားသမားမ်ားကို အေႏွာင့္အယွက္ျပဳလုပ္ခဲ့ပါတယ္။
သူဟာၿပိဳင္ဘက္ကစားသမားကိုသူ႔ရဲ႕လွည့္ကြက္ေအာက္သို႔ ဝင္လာေအာင္ လုပ္ကာစိတ္ပိုင္းဆိုင္ရာအရ အေႏွာင့္အယွက္ေပးခဲ့တာလည္းျဖစ္ပါတယ္။
သူဟာနယ္သာလန္ကိုအႏိုင္ရရွိတဲ့ ကမာၻ႔ဖလားကြာတားဖိုင္နယ္ပင္နယ္တီအဆုံးအျဖတ္တြင္စတီဗင္ဘားေဟာက္စ္၊လုခ္ဒီေဂ်ာင္ႏွင့္တီအန္ကိုးမိုင္နာတို႔ကိုအေႏွာင့္အယွက္ေပးခဲ့သလိုျပင္သစ္ႏွင့္ဗိုလ္လုပြဲပင္နယ္တီအဆုံးအျဖတ္တြင္လည္းပင္နယ္တီမဝင္ခဲ့တဲ့ျပင္သစ္ရဲ႕ကိုးမန္းႏွင့္ခ်ဴကြာမီနီတို႔ကိုလည္းအေႏွာင့္အယွက္ေပးခဲ့ပါတယ္။
တကယ္ေတာ့ကမာၻ႔ဖလားၿပိဳင္ပြဲတြင္မာတီနက္ဇ္တစ္ဦးတည္းသာ ၿပိဳင္ဘက္ကိုအေႏွာင့္အယွက္ေပးမႈျပဳလုပ္ခဲ့တာ မဟုတ္ပါဘူး။နယ္သာလန္ဂိုးသမားအင္ဒေရေနာ္ပတ္ႏွင့္ဩစေၾတးလ်ရဲ႕အင္ဒ႐ူးရက္ေမနီတို႔လည္းၿပိဳင္ဘက္ကစားသမားကိုအေႏွာင့္အယွက္ေပးခဲ့ၾကတာပါ။
ယခုအခါမွာေတာ့ဖီဖာႏွင့္ IFAB တို႔ဟာ ဂိုးသမားမ်ားအားပင္နယ္တီကန္ခ်ိန္ၾကာေအာင္လုပ္ျခင္း၊ကန္မဲ့သူကိုအေႏွာင့္အယွက္ေပးျခင္းတို႔ ျပဳလုပ္ခြင့္ေပးလာေတာ့မွာမဟုတ္ပါဘူး။
ဖီဖာႏွင့္ IFAB တို႔ဟာလာမယ့္မတ္လလန္ဒန္ေတြ႕ဆုံေဆြးေႏြးပြဲတြင္ယင္းႏွင့္ပတ္သက္ၿပီးေဆြးေႏြးကာဥေပဒအတိအက်ျပဌာန္းလာၾကမွာလည္း ျဖစ္ပါတယ္။