မာတီနက်ဇ်ရဲ့ကမ္ဘာ့ဖလား Golden Glove အောင်ပွဲခံမှုအပေါ် မက်ဆီ ဘာပြောခဲ့သလဲ?

အာဂျင်တီးနားဂိုးသမားအီမီလီယာနိုမာတီနက်ဇ်ဟာသူ့ရဲ့အငြင်းပွားဖွယ်ကမ္ဘာ့ဖလားရွှေလက်အိတ်ဆုအောင်ပွဲနှင့်ပတ်သက်ပြီးလီယွန်နယ်မက်ဆီဘာပြောသလဲဆိုတာဖွင့်ဟလာပါတယ်။

တောင်အမေရိကချန်ပီယံဟာကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ပြင်သစ်ကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။

ဗီလာဂိုးသမားမာတီနက်ဇ်ဟာအာဂျင်တီးနားအသင်းချန်ပီယံဖြစ်အောင်အဓိကနေရာမှစွမ်းဆောင်နိုင်ပြီးနောက် အကောင်းဆုံးဂိုးသမားဆု(Golden Glove)ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

မာတီနက်ဇ်ဟာရွှေလက်အိတ်ဆုဆွတ်ခူးပြီးနောက်ပရိသတ်များရှိရာသို့မဖွယ်မရာပြုလုပ်ကာအောင်ပွဲခံခဲ့ပါတယ်။

မာတီနက်ဇ်ဟာယင်းအောင်ပွဲခံမှုကြောင့်အကြီးအကျယ်ဝေဖန်မှုများခံခဲ့ရပါတယ်။ယခုအခါသူဟာသူ့အောင်ပွဲခံမှုအပေါ်မက်ဆီဘယ်လိုပြောသလဲဖွင့်ဟလာပါတယ်။

မာတီနက်ဇ်က “ဒီအောင်ပွဲခံမှုအပေါ်နောင်တရသလားဆိုတော့ဟုတ်ပါတယ်။ဒါမျိုးနောက်ထပ်ဘယ်တော့မှလုပ်တော့မှာမဟုတ်ပါဘူး။ဘယ်သူ့ကိုမှမနာကျင်စေလိုပါဘူး။ကစားသမားဘဝအတွင်းမှာပြင်သစ်ကလူတွေနဲ့အတူကစားခဲ့တယ်။ဘာပြဿနာမျှမရှိခဲ့ဘူး။ကျွန်တော်ဘယ်လိုလူလဲဆိုတာဂျရူးကိုမေးကြည့်လို့ရတယ်။ပြင်သစ်ယဉ်ကျေးမှုနဲ့စိတ်ဓာတ်ကိုကြိုက်တယ်။အကောင်းဆုံးဂိုးသမားဆုရတုန်းကလုပ်ခဲ့တာအပြုအမှုကကစားဖော်တွေနဲ့အတူဟာသတစ်ခုလုပ်ခဲ့တာပါ။ကိုပါအမေရိကတုန်းကလည်းလုပ်ခဲ့တယ်။သူတို့အားလုံးက နောက်ထပ်ဒီလိုမလုပ်ဖို့ပြောခဲ့တယ်။မက်ဆီကအဲဒီလိုပြောခဲ့တာ။သူတို့အတွက်လုပ်ခဲ့တာ။ဒီထက်မပိုဘူး”လို့ပြောကြားသွားပါတယ်။

အာဂျင်တီးနားဟာကမ္ဘာ့ဖလားအောင်ပွဲခံမှုများကြောင့်ဖီဖာရဲ့စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။မာတီနက်ဇ်မှာလည်းသူ့ရဲ့ရွှေလက်အိတ်အောင်ပွဲခံမှုကြောင့်အရေးယူခံရဖို့ရှိပါတယ်။

ZawGyi

မာတီနက္ဇ္ရဲ႕ကမာၻ႔ဖလား Golden Glove ေအာင္ပြဲခံမႈအေပၚ မက္ဆီ ဘာေျပာခဲ့သလဲ?

အာဂ်င္တီးနားဂိုးသမားအီမီလီယာႏိုမာတီနက္ဇ္ဟာသူ႔ရဲ႕အျငင္းပြားဖြယ္ကမာၻ႔ဖလားေ႐ႊလက္အိတ္ဆုေအာင္ပြဲႏွင့္ပတ္သက္ၿပီးလီယြန္နယ္မက္ဆီဘာေျပာသလဲဆိုတာဖြင့္ဟလာပါတယ္။

ေတာင္အေမရိကခ်န္ပီယံဟာကာတာကမာၻ႔ဖလားဗိုလ္လုပြဲတြင္ျပင္သစ္ကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ရရွိကာကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ဗီလာဂိုးသမားမာတီနက္ဇ္ဟာအာဂ်င္တီးနားအသင္းခ်န္ပီယံျဖစ္ေအာင္အဓိကေနရာမွစြမ္းေဆာင္ႏိုင္ၿပီးေနာက္ အေကာင္းဆုံးဂိုးသမားဆု(Golden Glove)ဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

မာတီနက္ဇ္ဟာေ႐ႊလက္အိတ္ဆုဆြတ္ခူးၿပီးေနာက္ပရိသတ္မ်ားရွိရာသို႔မဖြယ္မရာျပဳလုပ္ကာေအာင္ပြဲခံခဲ့ပါတယ္။

မာတီနက္ဇ္ဟာယင္းေအာင္ပြဲခံမႈေၾကာင့္အႀကီးအက်ယ္ေဝဖန္မႈမ်ားခံခဲ့ရပါတယ္။ယခုအခါသူဟာသူ႔ေအာင္ပြဲခံမႈအေပၚမက္ဆီဘယ္လိုေျပာသလဲဖြင့္ဟလာပါတယ္။

မာတီနက္ဇ္က “ဒီေအာင္ပြဲခံမႈအေပၚေနာင္တရသလားဆိုေတာ့ဟုတ္ပါတယ္။ဒါမ်ိဳးေနာက္ထပ္ဘယ္ေတာ့မွလုပ္ေတာ့မွာမဟုတ္ပါဘူး။ဘယ္သူ႔ကိုမွမနာက်င္ေစလိုပါဘူး။ကစားသမားဘဝအတြင္းမွာျပင္သစ္ကလူေတြနဲ႔အတူကစားခဲ့တယ္။ဘာျပႆနာမွ်မရွိခဲ့ဘူး။ကြၽန္ေတာ္ဘယ္လိုလူလဲဆိုတာဂ်႐ူးကိုေမးၾကည့္လို႔ရတယ္။ျပင္သစ္ယဥ္ေက်းမႈနဲ႔စိတ္ဓာတ္ကိုႀကိဳက္တယ္။အေကာင္းဆုံးဂိုးသမားဆုရတုန္းကလုပ္ခဲ့တာအျပဳအမႈကကစားေဖာ္ေတြနဲ႔အတူဟာသတစ္ခုလုပ္ခဲ့တာပါ။ကိုပါအေမရိကတုန္းကလည္းလုပ္ခဲ့တယ္။သူတို႔အားလုံးက ေနာက္ထပ္ဒီလိုမလုပ္ဖို႔ေျပာခဲ့တယ္။မက္ဆီကအဲဒီလိုေျပာခဲ့တာ။သူတို႔အတြက္လုပ္ခဲ့တာ။ဒီထက္မပိုဘူး”လို႔ေျပာၾကားသြားပါတယ္။

အာဂ်င္တီးနားဟာကမာၻ႔ဖလားေအာင္ပြဲခံမႈမ်ားေၾကာင့္ဖီဖာရဲ႕စုံစမ္းစစ္ေဆးျခင္းခံေနရပါတယ္။မာတီနက္ဇ္မွာလည္းသူ႔ရဲ႕ေ႐ႊလက္အိတ္ေအာင္ပြဲခံမႈေၾကာင့္အေရးယူခံရဖို႔ရွိပါတယ္။