
ဗီလာနည်းပြအူနိုင်းအမ်မရီကအာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားအောင်ပွဲခံစဉ်အတွင်းအငြင်းပွားဖွယ်အောင်ပွဲခံမှုများပြုလုပ်ခဲ့တဲ့ဂိုးသမားအီမီလီယာနိုမာတီနက်ဇ်နှင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။
အသက်၃၀နှစ်ရှိအီမီလီယာနိုမာတီနက်ဇ်ဟာကမ္ဘာ့ဖလားဗိုလ်လုပွဲပင်နယ်တီအဆုံးအဖြတ်တွင်ချူကွာမီနီ၊ကိုမန်းနှင့်မူအာနီတို့ပင်နယ်တီမကန်မီ အားကစားသမားမပီသတဲ့အပြုအမူလုပ်ခဲ့ပါတယ်။
ဒါ့အပြင်သူဟာပွဲအပြီးအဝတ်အစားလဲခန်းအတွင်းအောင်ပွဲခံချိန်မှာလည်း သေဆုံးသွားတဲ့ဘက်ပေးအတွက်တစ်မိနစ်ကြာဝမ်းနည်းခြင်းအထိမ်းအမှတ်ငြိမ်သက်ရန်ပြောကြားခဲ့သလိုအာဂျင်တီးနားတွင်အမိုးဖွင့်ဘတ်စ်ကားဖြင့်လှည့်လည်အောင်ပွဲခံချိန်မှာလည်းဘက်ပေးရဲ့မျက်နှာကပ်ထားတဲ့အရုပ်ဖြင့်အောင်ပွဲခံခဲ့တာတွေ့ရပါတယ်။
ဒါကြောင့်လည်းပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာမာတီနက်ဇ်ရဲ့လုပ်ရပ်နှင့်ပတ်သက်ပြီးစစ်ဆေးအရေးယူပေးရန်တရားဝင်တိုင်ချက်ဖွင့်ထားပါတယ်။
ယခုအခါဗီလာနည်းပြအမ်မရီကလည်း”ခံစားချက်အကြီးကြီးရှိနေချိန်မှာထိန်းချုပ်ရခက်ခဲပါတယ်။အောင်ပွဲခံမှုအချို့နဲ့ပတ်သက်ပြီးနောက်အပတ်မှာသူနဲ့စကားပြောသွားပါမယ်။ဒါပေမဲ့အခုသူဟာလက်ရွေးစင်အသင်းနဲ့ရှိနေတာကိုလေးစားရပါမယ်။ပြန်ရောက်လာတော့မှစကားပြောပါမယ်”လို့ပြောကြားသွားပါတယ်။
မာတီနက်ဇ်ဟာတနင်္လာနေ့တွင်လီဗာပူးနှင့်ရင်ဆိုင်ကစားရမဲ့ ဘောက်ဆင်ဒေးပွဲစဉ်မှာဗီလာအတွက်ပါဝင်ကစားနိုင်ဦးမှာမဟုတ်သေးပါဘူး။
ZawGyi
မာတီနက်ဇ်ရဲ့ကမ္ဘာ့ဖလားအောင်ပွဲခံမှုများနှင့်ပတ်သက်ပြီး ဗီလာနည်းပြအူနိုင်းအမ်မရီ စိတ်မချမ်းမသာဖြစ်ရ