
အာဆင်နယ်နှင့်ဂါဘရီရယ်မာတီနယ်လီတို့အကြားနှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုမှာနောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။
ဘရာဇီးတိုက်စစ်သမားရဲ့လက်ရှိစာချုပ်မှာ၂၀၂၄ခုနှစ်နွေရာသီတွင်မှကုန်ဆုံးမှာဖြစ်ပြီးစာချုပ်အတွင်းမှာ၁၂လသက်တမ်းတိုးနိုင်တဲ့အချက်ပါဝင်ပါတယ်။
ဒါပေမဲ့အာဆင်နယ်ဟာယခုရာသီတွင်အကောင်းဆုံးပုံစံရရှိနေတဲ့မာတီနယ်လီကိုနှစ်ရှည်စာချုပ်သစ်ချုပ်ဆိုပြီးအနာဂတ်နှင့်ပတ်သက်ပြီးစိတ်ချရအောင်လုပ်ဆောင်နေပါတယ်။
မာတီနယ်လီဟာဝက်စ်ဟမ်းကိုအနိုင်ရတဲ့ပွဲတွင်ယခုရာသီခြောက်ဂိုးမြောက်ပရီးမီးယားလိဂ်ဂိုးကိုသွင်းယူနိုင်ခဲ့ကာပြီးခဲ့တဲ့ရာသီတုန်းကသူ့ရဲ့အကောင်းဆုံးဂိုးစံနှုန်းကိုလိုက်မီခဲ့ပါတယ်။
သူဟာလက်ရှိအချိန်တွင်တစ်ပတ်လုပ်ခေပါင်၉၀၀၀၀သာရရှိနေတာဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုပါကနှစ်လုပ်ခနှစ်ဆကျော်တိုးမြှင့်ကာတစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀အထိရရှိလာပါမယ်။
အာဆင်နယ်ဟာအောက်တိုဘာလတုန်းကလည်းဂါဘရီရယ်ကိုနှစ်ရှည်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။အာဆင်နယ်ဟာမာတီနယ်လီအပြင်ဝီလီယမ်ဆာလီဘာ၊ဘူကာယိုဆာကာတို့ကိုလည်းနှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရန်ကြိုးပမ်းနေပါတယ်။
ZawGyi
မာတီနယ်လီအား နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်တဲ့ အာဆင်နယ်