မာတူဒီအား စည်းမျဉ်းချိုးဖောက်ခေါ်ယူ၍ ပေါင်၁.၄သန်း ဒဏ်ရိုက်ခံရမှုအပေါ် ဘက်ဟမ်းပေါက်ကွဲ

ဒေးဗစ်ဘက်ဟမ်းရဲ့အင်တာမီယာမီဟာဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကိုချိုးဖောက်မှုကြောင့်အမေရိကန်မေဂျာလိဂ်ရဲ့ပေါင်၁.၄သန်းဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

အမေရိကန်မေဂျာလိဂ်ဟာအင်တာမီယာမီအားကစားသမားခေါ်ယူစာချုပ်ရာမှာစည်းမျဉ်းချိုးဖောက်မှုအတွက်ဒဏ်ရိုက်လိုက်တာဖြစ်ပါတယ်။ဒါ့အပြင်အင်တာမီယာမီဟာလာမယ့်၂နှစ်အားအပြောင်းအရွှေ့အသုံးစရိတ်လျှော့ခြင်းလည်းခံခဲ့ရပါတယ်။

မန်ယူနောက်ခံလူဟောင်းဖီးလ်နဗီးလ်ကိုင်တွယ်နေတဲ့အင်တာမီယာမီဟာလာမယ့်၂နှစ်အားအပြောင်းအရွှေ့ပေါင်၂သန်းလျှော့ချခြင်းခံခဲ့ရပါတယ်။

အင်တာမီယာမီဟာပြင်သစ်ကွင်းလယ်ကစားသမားဘလာဆီမာတူဒီအားခေါ်ယူစာချုပ်ရာတွင်မေဂျာလိဂ်ရဲ့စာချုပ်စည်းမျဉ်းကိုချိုးဖောက်ပြီးလုပ်ခများစွာပေးထားကြောင်းတွေ့ရပြီးနောက်အရေးယူခံလိုက်ရတာပါ။

ပြင်သစ်နှင့်အတူ၂၀၁၈ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့မာတူဒီဟာပြီးခဲ့တဲ့နှစ်ဩဂုတ်လတုန်းကဂျူဗင်တပ်နှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်အင်တာမီယာမီသို့ပြောင်းရွှေ့လာခဲ့တာပါ။

သူဟာ၂၀၂၁ခုနှစ်အတွက် Designated Player အဖြစ်စာရင်းသွင်းခံထားရသော်လည်းယမန်နှစ်ကလုပ်ခများစွာပေးခြင်းခံရမှုကြောင့်စစ်ဆေးခံခဲ့ရတာပါ။

ZawGyi

မာတူဒီအား စည္းမ်ဥ္းခ်ိဳးေဖာက္ေခၚယူ၍ ေပါင္၁.၄သန္း ဒဏ္႐ိုက္ခံရမႈအေပၚ ဘက္ဟမ္းေပါက္ကြဲ

ေဒးဗစ္ဘက္ဟမ္းရဲ႕အင္တာမီယာမီဟာဘ႑ာေရးစည္းမ်ဥ္းစည္းကမ္းမ်ားကိုခ်ိဳးေဖာက္မႈေၾကာင့္အေမရိကန္ေမဂ်ာလိဂ္ရဲ႕ေပါင္၁.၄သန္းဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။

အေမရိကန္ေမဂ်ာလိဂ္ဟာအင္တာမီယာမီအားကစားသမားေခၚယူစာခ်ဳပ္ရာမွာစည္းမ်ဥ္းခ်ိဳးေဖာက္မႈအတြက္ဒဏ္႐ိုက္လိုက္တာျဖစ္ပါတယ္။ဒါ့အျပင္အင္တာမီယာမီဟာလာမယ့္၂ႏွစ္အားအေျပာင္းအေ႐ႊ႕အသုံးစရိတ္ေလွ်ာ့ျခင္းလည္းခံခဲ့ရပါတယ္။

မန္ယူေနာက္ခံလူေဟာင္းဖီးလ္နဗီးလ္ကိုင္တြယ္ေနတဲ့အင္တာမီယာမီဟာလာမယ့္၂ႏွစ္အားအေျပာင္းအေ႐ႊ႕ေပါင္၂သန္းေလွ်ာ့ခ်ျခင္းခံခဲ့ရပါတယ္။

အင္တာမီယာမီဟာျပင္သစ္ကြင္းလယ္ကစားသမားဘလာဆီမာတူဒီအားေခၚယူစာခ်ဳပ္ရာတြင္ေမဂ်ာလိဂ္ရဲ႕စာခ်ဳပ္စည္းမ်ဥ္းကိုခ်ိဳးေဖာက္ၿပီးလုပ္ခမ်ားစြာေပးထားေၾကာင္းေတြ႕ရၿပီးေနာက္အေရးယူခံလိုက္ရတာပါ။

ျပင္သစ္ႏွင့္အတူ၂၀၁၈ကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့မာတူဒီဟာၿပီးခဲ့တဲ့ႏွစ္ဩဂုတ္လတုန္းကဂ်ဴဗင္တပ္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီးေနာက္အင္တာမီယာမီသို႔ေျပာင္းေ႐ႊ႕လာခဲ့တာပါ။

သူဟာ၂၀၂၁ခုႏွစ္အတြက္ Designated Player အျဖစ္စာရင္းသြင္းခံထားရေသာ္လည္းယမန္ႏွစ္ကလုပ္ခမ်ားစြာေပးျခင္းခံရမႈေၾကာင့္စစ္ေဆးခံခဲ့ရတာပါ။