မာတူဒီအား လုပ်ခကန့်သတ်ချက်စည်းမျဉ်းကျော်ကာ ခေါ်ယူမှုအတွက် ဘက်ဟမ်းရဲ့ကလပ် စစ်ဆေးခံနေရ

ဒေးဗစ်ဘက်ဟမ်းရဲ့အင်တာမီယာမီဟာဘလာစီမာတူဒီအားခေါ်ယူရာတွင်လုပ်ခလစာကန့်သတ်ချက်စည်းမျဉ်းကို ချိုးဖောက်မှုအတွက်အမေရိကန်မေဂျာလိဂ်ရဲ့စုံစမ်းစစ်ဆေးခြင်းခံနေရကြောင်းသိရပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟာပြီးခဲ့တဲ့ဩဂုတ်လတုန်းကဂျူဗင်တပ်မှဖလိုရီဒါအခြေစိုက်အင်တာမီယာမီသို့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့်အင်တာမီယာမီဟာမာတူဒီကိုမေဂျာလိဂ်ရဲ့လုပ်ခကန့်သတ်ချက်စည်းမျဉ်းကိုချိုးဖောက်ကာခေါ်ယူမှုပြု လုပ်ထားမှုအတွက်စစ်ဆေးမှုများပြုလုပ်ခံနေရပါတယ်။ယင်းကိုအမေရိကန်မေဂျာလိဂ်ကလည်းအတည်ပြုသွားခဲ့ပါတယ်။

အင်တာမီယာမီဟာပြီးခဲ့တဲ့နှစ်တုန်းကအရှေ့ပိုင်းကွန်ဖရင့်တွင်စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

အမေရိကန်မေဂျာလိဂ်တွင်ပထမအသင်းလုပ်ခအားပေါင်၃.၅၅သန်းကန့်သတ်ထားပါတယ်။ကလပ်များအနေဖြင့် လုပ်ခမြင့်ကစားသမားနှစ်ဦးအနေဖြင့်ပေါင်၄၄၃၄၃၄အထိအမြင့်မားဆုံးပေးကာခေါ်ယူနိုင်ခွင့်ရှိပါတယ်။ဒါ့အပြင် တတိယကစားသမားအဖြစ်ပေါင်၁၀၈၆၀၀ဖြင့်ခေါ်ယူနိုင်ပါတယ်။

မာတူဒီဟာအင်တာမီယာမီသို့လုပ်ခမြင့်ကစားသမားအဖြစ်ရောက်လာခြင်းမဟုတ်ပါဘူး။အင်တာမီယာမီဟာဟီဂူယင်၊ပီဇာရို၊ပယ်လီဂရီနီတို့အားအထူးလုပ်ခမြင့်ကစားသမားများအဖြစ်ခေါ်ယူထားပါတယ်။

အသက်၃၃နှစ်ရှိမာတူဒီဟာဂျူဗင်တပ်နှင့်အတူစကူဒက်တိုဖလားသုံးကြိမ်ဆွတ်ခူးထားနိုင်ပြီးပီအက်စ်ဂျီနှင့်အတူ လီဂူး၁ဖလားလေးကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ZawGyi

မာတူဒီအား လုပ္ခကန႔္သတ္ခ်က္စည္းမ်ဥ္းေက်ာ္ကာ ေခၚယူမႈအတြက္ ဘက္ဟမ္းရဲ႕ကလပ္ စစ္ေဆးခံေနရ

ေဒးဗစ္ဘက္ဟမ္းရဲ႕အင္တာမီယာမီဟာဘလာစီမာတူဒီအားေခၚယူရာတြင္လုပ္ခလစာကန႔္သတ္ခ်က္စည္းမ်ဥ္းကို ခ်ိဳးေဖာက္မႈအတြက္အေမရိကန္ေမဂ်ာလိဂ္ရဲ႕စုံစမ္းစစ္ေဆးျခင္းခံေနရေၾကာင္းသိရပါတယ္။

ျပင္သစ္ကြင္းလယ္ကစားသမားဟာၿပီးခဲ့တဲ့ဩဂုတ္လတုန္းကဂ်ဴဗင္တပ္မွဖလိုရီဒါအေျခစိုက္အင္တာမီယာမီသို႔ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ဒါေပမယ့္အင္တာမီယာမီဟာမာတူဒီကိုေမဂ်ာလိဂ္ရဲ႕လုပ္ခကန႔္သတ္ခ်က္စည္းမ်ဥ္းကိုခ်ိဳးေဖာက္ကာေခၚယူမႈျပဳ လုပ္ထားမႈအတြက္စစ္ေဆးမႈမ်ားျပဳလုပ္ခံေနရပါတယ္။ယင္းကိုအေမရိကန္ေမဂ်ာလိဂ္ကလည္းအတည္ျပဳသြားခဲ့ပါတယ္။

အင္တာမီယာမီဟာၿပီးခဲ့တဲ့ႏွစ္တုန္းကအေရွ႕ပိုင္းကြန္ဖရင့္တြင္စတင္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

အေမရိကန္ေမဂ်ာလိဂ္တြင္ပထမအသင္းလုပ္ခအားေပါင္၃.၅၅သန္းကန႔္သတ္ထားပါတယ္။ကလပ္မ်ားအေနျဖင့္ လုပ္ချမင့္ကစားသမားႏွစ္ဦးအေနျဖင့္ေပါင္၄၄၃၄၃၄အထိအျမင့္မားဆုံးေပးကာေခၚယူႏိုင္ခြင့္ရွိပါတယ္။ဒါ့အျပင္ တတိယကစားသမားအျဖစ္ေပါင္၁၀၈၆၀၀ျဖင့္ေခၚယူႏိုင္ပါတယ္။

မာတူဒီဟာအင္တာမီယာမီသို႔လုပ္ချမင့္ကစားသမားအျဖစ္ေရာက္လာျခင္းမဟုတ္ပါဘူး။အင္တာမီယာမီဟာဟီဂူယင္၊ပီဇာ႐ို၊ပယ္လီဂရီနီတို႔အားအထူးလုပ္ချမင့္ကစားသမားမ်ားအျဖစ္ေခၚယူထားပါတယ္။

အသက္၃၃ႏွစ္ရွိမာတူဒီဟာဂ်ဴဗင္တပ္ႏွင့္အတူစကူဒက္တိုဖလားသုံးႀကိမ္ဆြတ္ခူးထားႏိုင္ၿပီးပီအက္စ္ဂ်ီႏွင့္အတူ လီဂူး၁ဖလားေလးႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။