မာနေးကို အန်ဖီးလ်တွင် အသက်၃၄နှစ်အထိရှိနေမယ့် နှစ်ရှည်စာချုပ်သစ်အားချုပ်ဆိုရန် လီဗာပူးစီစဉ်နေ

လီဗာပူးဟာဆာဒေယိုမာနေးကိုကလပ်တွင်ကာလရှည်ကြာရှိနေစေမယ့်နှစ်ရှည်စာချုပ်သစ်တစ်ရပ်အားချုပ်ဆိုရန်စီစဉ်နေပါတယ်။

လီဗာပူးဟာမာနေးကို၂၀၂၅ခုနှစ်အထိရှိနေမယ့်စာချုပ်သစ်ချုပ်ဆိုလိုနေတာဖြစ်ပြီးယင်းစာချုပ်ကြောင့်မာနေးဟာအန်ဖီးလ်တွင်အသက်၃၄နှစ်အထိရှိနေပါမယ်။

လီဗာပူးဟာအသက်၂၉နှစ်ရှိမာနေးကိုတစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀ဖြင့်ကမ်းလှမ်းသွားမယ်လို့လည်းသိရပါတယ်။

လီဗာပူးဟာပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်းမှာမာနေးကိုစာချုပ်သစ်ချုပ်ဆိုရေးအတွက်အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့်ပယ်ချခဲ့သူဖြစ်ပါတယ်။

တစ်ဖက်တွင်လီဗာပူးဟာပရီးမီးယားလိဂ်ဂိုးရာပြည့်ခဲ့တဲ့မိုဟာမက်ဆာလက်ကိုလည်းနှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလိုနေပေမယ့်လည်းကစားသမားဘက်ကတစ်ပတ်လုပ်ခပေါင်၅၀၀၀၀၀အထိတောင်းဆိုနေမှုကြောင့်အခက်တွေ့နေပါတယ်။

လီဗာပူးဟာဂျော်ဒန်ဟင်ဒါဆင်၊ဗန်ဒိုက်၊ဖာဘင်ဟို၊အလစ်ဆင်၊ထရန်းအလက်ဇန္ဒားအာနိုး၊အင်ဒီရောဘတ်ဆင်တို့ကိုလည်းစာချုပ်သစ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။

ZawGyi

မာေနးကို အန္ဖီးလ္တြင္ အသက္၃၄ႏွစ္အထိရွိေနမယ့္ ႏွစ္ရွည္စာခ်ဳပ္သစ္အားခ်ဳပ္ဆိုရန္ လီဗာပူးစီစဥ္ေန

လီဗာပူးဟာဆာေဒယိုမာေနးကိုကလပ္တြင္ကာလရွည္ၾကာရွိေနေစမယ့္ႏွစ္ရွည္စာခ်ဳပ္သစ္တစ္ရပ္အားခ်ဳပ္ဆိုရန္စီစဥ္ေနပါတယ္။

လီဗာပူးဟာမာေနးကို၂၀၂၅ခုႏွစ္အထိရွိေနမယ့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနတာျဖစ္ၿပီးယင္းစာခ်ဳပ္ေၾကာင့္မာေနးဟာအန္ဖီးလ္တြင္အသက္၃၄ႏွစ္အထိရွိေနပါမယ္။

လီဗာပူးဟာအသက္၂၉ႏွစ္ရွိမာေနးကိုတစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀ျဖင့္ကမ္းလွမ္းသြားမယ္လို႔လည္းသိရပါတယ္။

လီဗာပူးဟာၿပီးခဲ့တဲ့ႏွစ္ႏွစ္တာကာလအတြင္းမွာမာေနးကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္အႀကိမ္ႀကိမ္ႀကိဳးပမ္းခဲ့ေပမယ့္ပယ္ခ်ခဲ့သူျဖစ္ပါတယ္။

တစ္ဖက္တြင္လီဗာပူးဟာပရီးမီးယားလိဂ္ဂိုးရာျပည့္ခဲ့တဲ့မိုဟာမက္ဆာလက္ကိုလည္းႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနေပမယ့္လည္းကစားသမားဘက္ကတစ္ပတ္လုပ္ခေပါင္၅၀၀၀၀၀အထိေတာင္းဆိုေနမႈေၾကာင့္အခက္ေတြ႕ေနပါတယ္။

လီဗာပူးဟာေဂ်ာ္ဒန္ဟင္ဒါဆင္၊ဗန္ဒိုက္၊ဖာဘင္ဟို၊အလစ္ဆင္၊ထရန္းအလက္ဇႏၵားအာႏိုး၊အင္ဒီေရာဘတ္ဆင္တို႔ကိုလည္းစာခ်ဳပ္သစ္ခ်ဳပ္ဆိုထားၿပီးျဖစ္ပါတယ္။