မာဖီးယားစတိုင်ခြိမ်းခြောက်ငွေညှစ်ကြောင့် မော်စကိုမှာ သုံးနှစ်ခွဲနေရတော့မယ့် ဂျူဗင်တပ်စတားဟောင်းမစ်ကိုလီ

ဂျူဗင်တပ်နှင့်အီတလီစတားဟောင်းဖာဘရီဇီယိုမစ်ကိုလီဟာမာဖီးယားစတိုင်ခြိမ်းခြောက်ငွေညှစ်ရန်ညွှန်ကြားမှုကြောင့်ထောင်ဒဏ်သုံးနှစ်ခွဲချမှတ်ခြင်းခံခဲ့ရပါတယ်။

အသက်၄၂နှစ်ရှိတိုက်စစ်မှူးဟောင်းဟာမာဖီးယားခေါင်းဆောင်တစ်ဦးရဲ့သားကိုငှားရမ်းပြီးသူငယ်ချင်းရဲ့ရရန်ရှိတဲ့အကြွေးပေါင်၁၀၀၀၀ရရှိရန် လုပ်ဆောင်ခဲ့ပါတယ်။

အထက်ပါအဖြစ်အပျက်ဖြစ်ပွားပြီးဆယ်နှစ်အကြာ၂၀၁၃ခုနှစ်တုန်းကအထက်ပါအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

မစ်ကိုလီဟာစစ္စလီမာဖီးယားခေါင်းဆောင်အန်တိုနီနိုလော်ရီစယ်လာရဲ့သားမော်ရိုလော်ရီစယ်လာနှင့်အတူစစ်ဆေးခြင်းခံခဲ့ရပါတယ်။လော်ရီစယ်လာကတော့ပြီးခဲ့တဲ့လကတည်းကထောင်ဒဏ်၇နှစ်ချမှတ်ခြင်းခံခဲ့ရပါတယ်။၎င်းတို့ဟာနိုက်ကလပ်ပိုင်ရှင်အင်ဒရေဂရက်ဖ်ဖက်နီနီထံမှအကြွေးရရှိရန်ကြိုးပမ်းခဲ့ကြတာပါ။

မစ်ကိုလီဟာ၂၀၀၃ခုနှစ်နှင့်၂၀၀၄ခုနှစ်တို့တွင်အီတလီအသင်းအတွက်၁၀ပွဲကစားခွင့်ရရှိခဲ့သူဖြစ်ပြီးပေါ်တူဂီ၊ဖင်လန်တို့နှင့်ခြေစမ်းပွဲတို့တွင်အနိုင်ဂိုးတစ်ဂိုးစီသွင်းယူခဲ့ပါတယ်။

သူဟာအေစီမီလန်၊ကာဆာရာနိုလူငယ်အသင်းတို့တွင်ကစားခဲ့ပြီး၂၀၀၃-၀၄ရာသီတွင်ဂျူဗင်တပ်ပထမအသင်းတွင်ပုံမှန်ကစားခွင့်ရရှိခဲ့ပါတယ်။

သူဟာမာဆယ်လိုလစ်ပီလက်အောက်မှာစီးရီးအေပွဲ၂၅ပွဲကစားခွင့်ရရှိခဲ့ပြီး၈ဂိုးသွင်းယူနိုင်ခဲ့ကာထရေဇီးဂေး၊မာကိုဒီဗိုင်အိုတို့ပြီးနောက်ဒယ်ပီယာရိုနှင့်အတူတတိယဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

သူဟာကလပ်ကစားသမားဘဝတွင်၆၁၅ပွဲကစားကာဂိုး၂၂၀သွင်းယူပြီးနောက်၂၀၁၅ခုနှစ်တုန်းကကစားသမားဘဝမှအနားယူခဲ့ပါတယ်။ကလေးနှစ်ယောက်အဖေဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှစတင်ပြီးအယ်ဘေးနီးယားကလပ် ဒီနာမိုတီရာနာတွင်လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။

ZawGyi

မာဖီးယားစတိုင္ၿခိမ္းေျခာက္ေငြညႇစ္ေၾကာင့္ ေမာ္စကိုမွာ သုံးႏွစ္ခြဲေနရေတာ့မယ့္ ဂ်ဴဗင္တပ္စတားေဟာင္းမစ္ကိုလီ

ဂ်ဴဗင္တပ္ႏွင့္အီတလီစတားေဟာင္းဖာဘရီဇီယိုမစ္ကိုလီဟာမာဖီးယားစတိုင္ၿခိမ္းေျခာက္ေငြညႇစ္ရန္ၫႊန္ၾကားမႈေၾကာင့္ေထာင္ဒဏ္သုံးႏွစ္ခြဲခ်မွတ္ျခင္းခံခဲ့ရပါတယ္။

အသက္၄၂ႏွစ္ရွိတိုက္စစ္မႉးေဟာင္းဟာမာဖီးယားေခါင္းေဆာင္တစ္ဦးရဲ႕သားကိုငွားရမ္းၿပီးသူငယ္ခ်င္းရဲ႕ရရန္ရွိတဲ့အေႂကြးေပါင္၁၀၀၀၀ရရွိရန္ လုပ္ေဆာင္ခဲ့ပါတယ္။

အထက္ပါအျဖစ္အပ်က္ျဖစ္ပြားၿပီးဆယ္ႏွစ္အၾကာ၂၀၁၃ခုႏွစ္တုန္းကအထက္ပါအျဖစ္အပ်က္ကိုစုံစမ္းစစ္ေဆးခဲ့တာျဖစ္ပါတယ္။

မစ္ကိုလီဟာစစၥလီမာဖီးယားေခါင္းေဆာင္အန္တိုနီႏိုေလာ္ရီစယ္လာရဲ႕သားေမာ္႐ိုေလာ္ရီစယ္လာႏွင့္အတူစစ္ေဆးျခင္းခံခဲ့ရပါတယ္။ေလာ္ရီစယ္လာကေတာ့ၿပီးခဲ့တဲ့လကတည္းကေထာင္ဒဏ္၇ႏွစ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။၎တို႔ဟာႏိုက္ကလပ္ပိုင္ရွင္အင္ဒေရဂရက္ဖ္ဖက္နီနီထံမွအေႂကြးရရွိရန္ႀကိဳးပမ္းခဲ့ၾကတာပါ။

မစ္ကိုလီဟာ၂၀၀၃ခုႏွစ္ႏွင့္၂၀၀၄ခုႏွစ္တို႔တြင္အီတလီအသင္းအတြက္၁၀ပြဲကစားခြင့္ရရွိခဲ့သူျဖစ္ၿပီးေပၚတူဂီ၊ဖင္လန္တို႔ႏွင့္ေျခစမ္းပြဲတို႔တြင္အႏိုင္ဂိုးတစ္ဂိုးစီသြင္းယူခဲ့ပါတယ္။

သူဟာေအစီမီလန္၊ကာဆာရာႏိုလူငယ္အသင္းတို႔တြင္ကစားခဲ့ၿပီး၂၀၀၃-၀၄ရာသီတြင္ဂ်ဴဗင္တပ္ပထမအသင္းတြင္ပုံမွန္ကစားခြင့္ရရွိခဲ့ပါတယ္။

သူဟာမာဆယ္လိုလစ္ပီလက္ေအာက္မွာစီးရီးေအပြဲ၂၅ပြဲကစားခြင့္ရရွိခဲ့ၿပီး၈ဂိုးသြင္းယူႏိုင္ခဲ့ကာထေရဇီးေဂး၊မာကိုဒီဗိုင္အိုတို႔ၿပီးေနာက္ဒယ္ပီယာ႐ိုႏွင့္အတူတတိယဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ႏိုင္ခဲ့ပါတယ္။

သူဟာကလပ္ကစားသမားဘဝတြင္၆၁၅ပြဲကစားကာဂိုး၂၂၀သြင္းယူၿပီးေနာက္၂၀၁၅ခုႏွစ္တုန္းကကစားသမားဘဝမွအနားယူခဲ့ပါတယ္။ကေလးႏွစ္ေယာက္အေဖဟာၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာလမွစတင္ၿပီးအယ္ေဘးနီးယားကလပ္ ဒီနာမိုတီရာနာတြင္လက္ေထာက္နည္းျပအျဖစ္တာဝန္ထမ္းေဆာင္ေနသူလည္းျဖစ္ပါတယ္။