မာယော့ကာနှင့်အတူ ကစားသမားဘဝပြန်လည်စတင်ဖို့ ကြိုးစားနေတဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း

လီဗာပူးနှင့်အင်္ဂလန်တိုက်စစ်မှူးဟောင်းဒါနီရယ်စတာရစ်ချ်ဟာစပိန်ကလပ်ရီးရဲလ်မာယော့ကာနှင့်အတူလေ့ကျင့်ခန်းဆင်းသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၃၁နှစ်ရှိစတာရစ်ချ်ဟာ၂၀၂၀ခုနှစ်၊မတ်လတုန်းကတူရကီကလပ်ထရာဇွန်စပေါ်မှ ထွက်ခွာလာပြီးနောက်ကလပ်လက်မဲ့ဖြစ်လာခဲ့တာ၁၅လတိုင်တိုင်ရှိလာသူလည်းဖြစ်ပါတယ်။

သူဟာလီဗာပူးမှာခြောက်ရာသီခွဲကစားခဲ့စဉ်အတွင်းပွဲ၁၆၀ကစားခဲ့ကာ၆၇ဂိုးသွင်းခဲ့ပါတယ်။သူဟာ၂၀၁၇-၁၈ရာသီရာသီဝက်မှာဝက်စ်ဘရွန်းသို့အငှားဖြင့်ပြောင်းကစားခဲ့ရပါတယ်။

စတာရစ်ချ်ဟာ၂၀၁၉ခုနှစ်နွေရာသီမှာတူရကီကလပ်ထရာဇွန်စပေါ်သို့ပြောင်းခဲ့သော်လည်းလောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့်ဘောလုံးပွဲကစားခွင့်လေးလပိတ်ပင်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

မာယော့ကာအသင်းဟာစတာရစ်ချ်ရဲ့လေ့ကျင့်ခန်းအစီအစဉ်မှခြေစွမ်းကိုကြည့်ကာစာချုပ်ချုပ်ဆိုသွားပါမယ်။

မာယော့ကာဟာယခုရာသီမှာဆီဂန်ဒါမှလာလီဂါသို့တန်းတက်လာတဲ့အသင်းဖြစ်ပါတယ်။

ZawGyi


လီဗာပူးနှင့်အင်္ဂလန်တိုက်စစ်မှူးဟောင်းဒါနီရယ်စတာရစ်ခ်ျဟာစပိန်ကလပ်ရီးရဲလ်မာယော့ကာနှင့်အတူလေ့ကျင့်ခန်းဆင်းသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၃၁နှစ်ရှိစတာရစ်ခ်ျဟာ၂၀၂၀ခုနှစ်၊မတ်လတုန်းကတူရကီကလပ်ထရာဇွန်စပေါ်မှ ထွက်ခွာလာပြီးနောက်ကလပ်လက်မဲ့ဖြစ်လာခဲ့တာ၁၅လတိုင်တိုင်ရှိလာသူလည်းဖြစ်ပါတယ်။


စတာရစ်ခ်ျဟာ၂၀၁၉ခုနှစ်နွေရာသီမှာတူရကီကလပ်ထရာဇွန်စပေါ်သို့ပြောင်းခဲ့သော်လည်းလောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့်ဘောလုံးပွဲကစားခွင့်လေးလပိတ်ပင်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

မာယော့ကာအသင်းဟာစတာရစ်ခ်ျရဲ့လေ့ကျင့်ခန်းအစီအစဉ်မှခြေစွမ်းကိုကြည့်ကာစာချုပ်ချုပ်ဆိုသွားပါမယ်။
