မာရာဒိုနာရဲ့ Hand Of God ဘောလုံးကို ပေါင် ၃ သန်းဝန်းကျင်ဖြင့် လေလံတင်ရောင်းမည်

ဘောလုံးသမိုင်းတွင် ဒီယေဂိုမာရာဒိုနာသွင်းယူခဲ့တဲ့ နာမည်အကြီးဆုံးဂိုးနှစ်ဂိုးကိုသွင်းယူခဲ့တဲ့ ဘောလုံးကိုလေလံတင်ရောင်းချလာတော့မှာဖြစ်ပါတယ်။

အဆိုပါ Match Ball ကိုအာဂျင်တီးနားနှင့်အင်္ဂလန်တို့ရဲ့၁၉၈၆ခုနှစ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင်အသုံးပြုခဲ့တာဖြစ်ပြီးပေါင်၂.၅သန်းမှပေါင်၃သန်းအတွင်းဈေးနှုန်းဖြင့်လေလံတင်ရောင်းချလာပါမယ်။

ယင်းဘောလုံးကိုမာရာဒိုနာရဲ့Hand Of God ဂိုးကိုခွင့်ပြုခဲ့တဲ့တူနီးရှားဒိုင်လူကြီးအလီဘင်နက်စ်ဆာကလေလံတင်ရောင်းချလာမှာလည်းဖြစ်ပါတယ်။

ဘင်နက်စ်ဆာက “ဒီဘောလုံးကဘောလုံးသမိုင်းရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။အခုအချိန်ကတစ်ကမ္ဘာလုံးကိုမျှဝေဖို့အသင့်တော်ဆုံးအချိန်ဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

အဆိုပါဘောလုံးကိုပွဲချိန်ပြည့်အသုံးပြုခဲ့တာဖြစ်ပြီးကမ္ဘာ့ဖလားသမိုင်းတွင်အငြင်းပွားဖွယ်အကောင်းဆုံးဖြစ်ရပ်များထဲမှတစ်ခုလည်းဖြစ်ပါတယ်။

မာရာဒိုနာဟာယင်းဘောလုံးကိုလက်ဖြင့်ပုတ်ပြီးအင်္ဂလန်ဂိုးသမားပီတာရှဲလ်တန်ကိုကျော်ကာဂိုးသွင်းခဲ့ပါတယ်။

ဘင်နက်စ်ဆာဟာယင်းဖြစ်ရပ်ကိုမတွေ့လိုက်တာကြောင့်မာရာဒိုနာရဲ့ဂိုးကိုခွင့်ပြုခဲ့ပါတယ်။

မာရာဒိုနာဟာယင်းဘောလုံးဖြင့်ပင်အင်္ဂလန်ကစားသမားငါးဦးတို့ကိုတစ်ကိုယ်တော်အစွမ်းဖြင့်ကျော်ဖြတ်ပြီး ဘောလုံးသမိုင်းတွင် goal of the century အဖြစ်နာမည်ကြီးတဲ့ဂိုးကိုလည်းသွင်းယူခဲ့ပါတယ်။

အာဂျင်တီးနားဟာအင်္ဂလန်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့အပြင် ကမ္ဘာ့ဖလားချန်ပီယံပါဖြစ်ခဲ့ပါတယ်။

ယင်းဘောလုံးကိုလာမယ့်နိုဝင်ဘာလ၁၆ရက်နေ့တွင်လေလံတင်ရောင်းချသွားမှာဖြစ်ပြီးဝယ်ယူလိုသူများအနေဖြင့်အောက်တိုဘာလ၂၈ရက်နေ့မှစတင်ကာအွန်လိုင်းမှတဆင့်မှတ်ပုံတင်နိုင်ပါမယ်။

ကွယ်လွန်သွားရှာပြီဖြစ်တဲ့အာဂျင်တီးနားဂန္ထဝင်မာရာဒိုနာရဲ့၁၉၈၆ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင်ဝတ်ဆင်ခဲ့တဲ့အာဂျင်တီးနားအင်္ကျီကိုလည်း မကြာသေးမီတုန်းကလေလံတင်ရောင်းချခဲ့ရာပေါင်၇.၄သန်း(ဒေါ်လာ၉.၃သန်း)ရရှိခဲ့ပြီးဖြစ်ပါတယ်။

ZawGyi

မာရာဒိုနာရဲ႕ Hand Of God ေဘာလုံးကို ေပါင္ ၃ သန္းဝန္းက်င္ျဖင့္ ေလလံတင္ေရာင္းမည္

ေဘာလုံးသမိုင္းတြင္ ဒီေယဂိုမာရာဒိုနာသြင္းယူခဲ့တဲ့ နာမည္အႀကီးဆုံးဂိုးႏွစ္ဂိုးကိုသြင္းယူခဲ့တဲ့ ေဘာလုံးကိုေလလံတင္ေရာင္းခ်လာေတာ့မွာျဖစ္ပါတယ္။

အဆိုပါ Match Ball ကိုအာဂ်င္တီးနားႏွင့္အဂၤလန္တို႔ရဲ႕၁၉၈၆ခုႏွစ္ကမာၻ႔ဖလားကြာတားဖိုင္နယ္တြင္အသုံးျပဳခဲ့တာျဖစ္ၿပီးေပါင္၂.၅သန္းမွေပါင္၃သန္းအတြင္းေဈးႏႈန္းျဖင့္ေလလံတင္ေရာင္းခ်လာပါမယ္။

ယင္းေဘာလုံးကိုမာရာဒိုနာရဲ႕Hand Of God ဂိုးကိုခြင့္ျပဳခဲ့တဲ့တူနီးရွားဒိုင္လူႀကီးအလီဘင္နက္စ္ဆာကေလလံတင္ေရာင္းခ်လာမွာလည္းျဖစ္ပါတယ္။

ဘင္နက္စ္ဆာက “ဒီေဘာလုံးကေဘာလုံးသမိုင္းရဲ႕အစိတ္အပိုင္းတစ္ရပ္ျဖစ္ပါတယ္။အခုအခ်ိန္ကတစ္ကမာၻလုံးကိုမွ်ေဝဖို႔အသင့္ေတာ္ဆုံးအခ်ိန္ျဖစ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အဆိုပါေဘာလုံးကိုပြဲခ်ိန္ျပည့္အသုံးျပဳခဲ့တာျဖစ္ၿပီးကမာၻ႔ဖလားသမိုင္းတြင္အျငင္းပြားဖြယ္အေကာင္းဆုံးျဖစ္ရပ္မ်ားထဲမွတစ္ခုလည္းျဖစ္ပါတယ္။

မာရာဒိုနာဟာယင္းေဘာလုံးကိုလက္ျဖင့္ပုတ္ၿပီးအဂၤလန္ဂိုးသမားပီတာရွဲလ္တန္ကိုေက်ာ္ကာဂိုးသြင္းခဲ့ပါတယ္။

ဘင္နက္စ္ဆာဟာယင္းျဖစ္ရပ္ကိုမေတြ႕လိုက္တာေၾကာင့္မာရာဒိုနာရဲ႕ဂိုးကိုခြင့္ျပဳခဲ့ပါတယ္။

မာရာဒိုနာဟာယင္းေဘာလုံးျဖင့္ပင္အဂၤလန္ကစားသမားငါးဦးတို႔ကိုတစ္ကိုယ္ေတာ္အစြမ္းျဖင့္ေက်ာ္ျဖတ္ၿပီး ေဘာလုံးသမိုင္းတြင္ goal of the century အျဖစ္နာမည္ႀကီးတဲ့ဂိုးကိုလည္းသြင္းယူခဲ့ပါတယ္။

အာဂ်င္တီးနားဟာအဂၤလန္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့တဲ့အျပင္ ကမာၻ႔ဖလားခ်န္ပီယံပါျဖစ္ခဲ့ပါတယ္။

ယင္းေဘာလုံးကိုလာမယ့္ႏိုဝင္ဘာလ၁၆ရက္ေန႔တြင္ေလလံတင္ေရာင္းခ်သြားမွာျဖစ္ၿပီးဝယ္ယူလိုသူမ်ားအေနျဖင့္ေအာက္တိုဘာလ၂၈ရက္ေန႔မွစတင္ကာအြန္လိုင္းမွတဆင့္မွတ္ပုံတင္ႏိုင္ပါမယ္။

ကြယ္လြန္သြားရွာၿပီျဖစ္တဲ့အာဂ်င္တီးနားဂႏၴဝင္မာရာဒိုနာရဲ႕၁၉၈၆ကမာၻ႔ဖလားကြာတားဖိုင္နယ္တြင္ဝတ္ဆင္ခဲ့တဲ့အာဂ်င္တီးနားအက်ႌကိုလည္း မၾကာေသးမီတုန္းကေလလံတင္ေရာင္းခ်ခဲ့ရာေပါင္၇.၄သန္း(ေဒၚလာ၉.၃သန္း)ရရွိခဲ့ၿပီးျဖစ္ပါတယ္။