မာရာဒိုနာ နာရီနှစ်လုံးအမြဲဝတ်ဆင်ဖြစ်တဲ့ နောက်ကွယ်မှ ဇာတ်လမ်းကို ရော်နယ်ဒိုဖွင့်ချလာ

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးရော်နယ်ဒိုဟာကွယ်လွန်သွားရှာပြီဖြစ်တဲ့ဘောလုံးဂန္ထဝင်မာရာဒိုနာ နာရီနှစ်လုံးတပြိုင်တည်းအမြဲဝတ်ဆင်တဲ့ နောက်ကွယ်မှဇာတ်လမ်းကိုပရိသတ်များသိအောင်ပြောကြားလာပါတယ်။

ဘရာဇီးနှင့်အာဂျင်တီးနားအကြားတွင်အလွန်ပြင်းထန်တဲ့ဘောလုံးပြိုင်ဆိုင်မှုရှိပေမယ့်ရော်နယ်ဒိုနှင့်မာရာဒိုနာအကြားမှာအလွန်ကောင်းမွန်တဲ့ရင်းနှီးဆက်ဆံမှုများရှိခဲ့ပါတယ်။

မာရာဒိုနာဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းကအသက်၆၀နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပါတယ်။

ရီးရဲလ်ဗယ်လီကာနိုအသင်းဥက္ကဌရော်နယ်ဒိုက “ဒီယေဂိုဟာအလွန်ကြီးမားတဲ့ဘောလုံးအမွေအနစ်တွေထားခဲ့ပါတယ်။သူ့ကိုဆုံးရှုံးလိုက်ရမှုကလက်ခံဖို့အရမ်းခက်ခဲပါတယ်။သူ့သတင်းကြောင့်အရမ်းအံ့ဩရသလိုအရမ်းလည်းဝမ်းနည်းခဲ့ရတယ်”လို့ပြောကြားသွားပါတယ်။

ယင်းနောက်အသက်၄၅နှစ်ရှိရီးရဲလ်မက်ဒရစ်ဂန္ထဝင်တိုက်စစ်မှူးဟာ မာရာဒိုနာရဲ့လက်တစ်ဖက်စီတွင် ဘာကြောင့်နာရီတစ်လုံးစီဝတ်ဆင်ရသလဲဆိုတာရှင်းလင်းလာခဲ့ပါတယ်။

မာရာဒိုနာဟာ၂၀၁၀ကမ္ဘာ့ဖလားတုန်းကအာဂျင်တီးနားအသင်းကိုဦးဆောင်တုန်းကလက်တစ်ဖက်စီတွင်နာရီတစ်လုံးစီဝတ်ဆင်ခဲ့တာဖြစ်ပြီးယင်းမှစတင်ပြီးလူတွေသတိထားမိလာခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုက “ပထမဆုံးကျွန်တော့်ရှိတဲ့မက်ဒရစ်ကိုသူ့အလည်လာတုန်းကပေါ့။ကျွန်တော်တို့ညစာစားကြတယ်။ဒီယေဂိုကနာရီနှစ်လုံးပတ်ထားတယ်။သူကသူ့သမီးလက်ဆောင်ပေးထားတာလို့ပြောပါတယ်။အဲဒီကတည်းကဘယ်တော့မှမချွတ်တော့ဘူးလို့လည်းပြောပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ဇာတ်လမ်းကယင်းမှာမဆုံးသေးပါဘူး။

ရော်နယ်ဒိုက “ညစာလည်းစားပြီးရောသူ့ကနာရီတစ်လုံးချွတ်ပြီးကျွန်တော့်ကိုလက်ဆောင်ပေးပါတယ်။ကျွန်တော်ကလည်းလက်မခံချင်ဘူး။ဒါပေမယ့်ဒေါသထွက်လာတော့ရွေးချယ်စရာမရှိဘဲလက်ခံခဲ့ရတယ်။အဲနာရီကိုသူ့ရဲ့စေတနာကောင်းမှု၊ခင်မင်ရင်းနှီးမှုအဖြစ်ကျွန်တော့်တစ်ဘဝလုံးသိမ်းဆည်းထားပါမယ်”လို့ပြောကြားသွားပါတယ်။

ကမ္ဘာ့ဖလားဆုရှင်တစ်ဦးကအခြားကမ္ဘာ့ဖလားတစ်ဦးကိုအံ့ဩစရာကောင်းတဲ့လက်ဆောင်ပေးခဲ့မှုဆိုရင်လည်းမမှားပါဘူး။

ZawGyi










