မာရာဒိုနာ မကွယ်လွန်မီ ပြုစုစောင့်ရှောက်ခဲ့တဲ့ ဆရာဝန်နှင့်သူနာပြုတို့ လူသတ်ရန်ကြိုးပမ်းမှုဖြင့် ရုံးတင်စစ်ဆေးခံရမည်

ဒီယေဂိုမာရာဒိုနာမသေဆုံးမီပြုစုစောင့်ရှောက်မှုပြုလုပ်ခဲ့တဲ့ဆေးဘက်ရာပရော်ဖက်ရှင်နယ်၈ဦးတို့ဟာအာဂျင်တီးနားတွင်လူသတ်ရန်ကြိုးပမ်းမှုဖြင့်ရုံးတင်စစ်ဆေးခြင်းခံရတော့မှာဖြစ်ကြောင်းသိရပါတယ်။

ဘောလုံးဂန္ထဝင်မာရာဒိုနာဟာ၂၀၂၀ခုနှစ်၊နိုဝင်ဘာလတုန်းကအသက်၆၀နှစ်အရွယ်တွင်လေဖြတ်ကာသေဆုံးသွားခဲ့ပါတယ်။

အာဂျင်တီးနားကို၁၉၈၆ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာကူညီခဲ့တဲ့မာရာဒိုနာဟာမသေဆုံးမီရက်သတ္တပတ်အနည်းငယ်တုန်းကဦးနှောက်သွေးကြောခဲမှုကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရသူလည်းဖြစ်ပါတယ်။

အာဂျင်တီးနားအစိုးရဟာမာရာဒိုနာကွယ်လွန်သွားပြီးနောက်၂၀၂၁ခုနှစ်တုန်းကမာရာဒိုနာသေဆုံးသွားမှုနှင့်ပတ်သက်ပြီးဆေးဘက်ဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းကာစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

ယင်းဆေးဘက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ကမာရာဒိုနာသေဆုံးမှုတွင် မသင့်လျောကန်တဲ့လုပ်ရပ်များ၊ မဆင်မခြင်ပြုလုပ်ခြင်းတို့တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့်လည်းအာဂျင်တီးနားတရားရုံးကမာရာဒိုနာကိုပြုစုစောင့်ရှောက်ခဲ့ကြတဲ့ဆရာဝန်များနှင့်သူနာပြု ၈ ဦးတို့ကို ရုံးတင်စစ်မှုပြုလုပ်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ရုံးတင်စစ်ဆေးခံရမယ့်ဆရာဝန်များနှင့်သူနာပြုများမှာပုဂ္ဂိုလ်ရေးဆရာဝန်လီယိုပိုလ်ဒိုလူကေး၊စိတ်ရောဂါကုဆရာဝန်အေဂတ်စ်တီနာကိုဆာချော့ဗ်၊စိတ်ပညာရှင်ကားလို့စ်ဒိုင်ယက်ဇ်၊ သူနာပြုဂီဆယ်လာမက်ဒရစ်နှင့်ရီကာဒိုအယ်မီရန်၊ ၎င်းတို့ရဲ့အကြီးအကဲမာရီယာနိုပါရိုနီ၊ဆရာဝန်များဖြစ်ကြတဲ့ပီဒရိုဒီစပါဂနာ၊နန်စီဖော်လီနီတို့ပါဝင်ပါတယ်။

ယင်းရှစ်ဦးတို့က ၎င်းတို့မှာမာရာဒိုနာသေဆုံးမှုတွင်အမှားအယွင်းတစုံတရာမပြုလုပ်ခဲ့ကြောင်းငြင်းဆိုထားကြပါတယ်။

တကယ်လို့များ၎င်းတို့ဟာပြစ်မှုထင်ရှားကြောင်းတွေ့ရှိရပါကအာဂျင်တီးနားဥပဒေအရထောင်ဒဏ်၇နှစ်မှထောင်ဒဏ်၂၅နှစ်အထိကျခံရပါမယ်။

ဘောလုံးသမိုင်းတွင်အကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရတဲ့မာရာဒိုနာဟာမသေဆုံးမီမူးယစ်ဆေးဝါး၊အရက်စွဲမှုပြဿနာတို့ကြောင့်ကျန်းမာရေးပြဿနာများစွာနှင့်ကြုံတွေ့ခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi

မာရာဒိုနာ မကြယ္လြန္မီ ျပဳစုေစာင့္ေရွာက္ခဲ့တဲ့ ဆရာဝန္ႏွင့္သူနာျပဳတို႔ လူသတ္ရန္ႀကိဳးပမ္းမႈျဖင့္ ႐ုံးတင္စစ္ေဆးခံရမည္

ဒီေယဂိုမာရာဒိုနာမေသဆုံးမီျပဳစုေစာင့္ေရွာက္မႈျပဳလုပ္ခဲ့တဲ့ေဆးဘက္ရာပေရာ္ဖက္ရွင္နယ္၈ဦးတို႔ဟာအာဂ်င္တီးနားတြင္လူသတ္ရန္ႀကိဳးပမ္းမႈျဖင့္႐ုံးတင္စစ္ေဆးျခင္းခံရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

ေဘာလုံးဂႏၴဝင္မာရာဒိုနာဟာ၂၀၂၀ခုႏွစ္၊ႏိုဝင္ဘာလတုန္းကအသက္၆၀ႏွစ္အ႐ြယ္တြင္ေလျဖတ္ကာေသဆုံးသြားခဲ့ပါတယ္။

အာဂ်င္တီးနားကို၁၉၈၆ကမာၻ႔ဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာကူညီခဲ့တဲ့မာရာဒိုနာဟာမေသဆုံးမီရက္သတၱပတ္အနည္းငယ္တုန္းကဦးေႏွာက္ေသြးေၾကာခဲမႈကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရသူလည္းျဖစ္ပါတယ္။

အာဂ်င္တီးနားအစိုးရဟာမာရာဒိုနာကြယ္လြန္သြားၿပီးေနာက္၂၀၂၁ခုႏွစ္တုန္းကမာရာဒိုနာေသဆုံးသြားမႈႏွင့္ပတ္သက္ၿပီးေဆးဘက္ဆိုင္ရာအထူးစုံစမ္းစစ္ေဆးေရးဘုတ္အဖြဲ႕တစ္ဖြဲ႕ဖြဲ႕စည္းကာစစ္ေဆးမႈျပဳလုပ္ခဲ့ပါတယ္။

ယင္းေဆးဘက္ဆိုင္ရာစုံစမ္းစစ္ေဆးေရးဘုတ္အဖြဲ႕ကမာရာဒိုနာေသဆုံးမႈတြင္ မသင့္ေလ်ာကန္တဲ့လုပ္ရပ္မ်ား၊ မဆင္မျခင္ျပဳလုပ္ျခင္းတို႔ေတြ႕ရွိခဲ့ရပါတယ္။

ဒါေၾကာင့္လည္းအာဂ်င္တီးနားတရား႐ုံးကမာရာဒိုနာကိုျပဳစုေစာင့္ေရွာက္ခဲ့ၾကတဲ့ဆရာဝန္မ်ားႏွင့္သူနာျပဳ ၈ ဦးတို႔ကို ႐ုံးတင္စစ္မႈျပဳလုပ္ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

႐ုံးတင္စစ္ေဆးခံရမယ့္ဆရာဝန္မ်ားႏွင့္သူနာျပဳမ်ားမွာပုဂၢိဳလ္ေရးဆရာဝန္လီယိုပိုလ္ဒိုလူေကး၊စိတ္ေရာဂါကုဆရာဝန္ေအဂတ္စ္တီနာကိုဆာေခ်ာ့ဗ္၊စိတ္ပညာရွင္ကားလို႔စ္ဒိုင္ယက္ဇ္၊ သူနာျပဳဂီဆယ္လာမက္ဒရစ္ႏွင့္ရီကာဒိုအယ္မီရန္၊ ၎တို႔ရဲ႕အႀကီးအကဲမာရီယာႏိုပါ႐ိုနီ၊ဆရာဝန္မ်ားျဖစ္ၾကတဲ့ပီဒ႐ိုဒီစပါဂနာ၊နန္စီေဖာ္လီနီတို႔ပါဝင္ပါတယ္။

ယင္းရွစ္ဦးတို႔က ၎တို႔မွာမာရာဒိုနာေသဆုံးမႈတြင္အမွားအယြင္းတစုံတရာမျပဳလုပ္ခဲ့ေၾကာင္းျငင္းဆိုထားၾကပါတယ္။

တကယ္လို႔မ်ား၎တို႔ဟာျပစ္မႈထင္ရွားေၾကာင္းေတြ႕ရွိရပါကအာဂ်င္တီးနားဥပေဒအရေထာင္ဒဏ္၇ႏွစ္မွေထာင္ဒဏ္၂၅ႏွစ္အထိက်ခံရပါမယ္။

ေဘာလုံးသမိုင္းတြင္အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံထားရတဲ့မာရာဒိုနာဟာမေသဆုံးမီမူးယစ္ေဆးဝါး၊အရက္စြဲမႈျပႆနာတို႔ေၾကာင့္က်န္းမာေရးျပႆနာမ်ားစြာႏွင့္ႀကဳံေတြ႕ခဲ့ရသူလည္းျဖစ္ပါတယ္။