မာရီယိုဘာလော့တယ်လီရဲ့အင်္ကျီကို ပွဲကြည့်စင်တွင် ပရိသတ်များ မီးရှို့

ဒေါသအကြီးအကျယ်ထွက်နေကြတဲ့ဆီယွန်ပရိသတ်များဟာဆန်ဂယ်လိုကိုဆီယွန်ရှုံးနိမ့်ပြီးနောက်မာရီယိုဘာလော့တယ်လီရဲ့အင်္ကျီကိုမီးရှို့ခဲ့ကြပါတယ်။

အသက်၃၂နှစ်ရှိအီတလီတိုက်စစ်မှူးမာရီယိုဘာလော့တယ်လီဟာနွေရာသီတုန်းကသူ့ကစားသမားဘဝ၁၁ခုမြောက်ကလပ်အဖြစ်ဆွစ်ဇာလန်ကလပ်အက်ဖ်စီဆီယွန်သို့ပြောင်းခဲ့ပါတယ်။

သူဟာဆီယွန်သို့ရောက်ပြီးနောက်အမျိုးသမီးတစ်ဦးနှင့်အတူဘားတစ်ခုသို့သွားရောက်မှုကြောင့်ကလပ်ရဲ့လူစာရင်းမှဖယ်ရှားခံခဲ့ရပြီးလည်းဖြစ်ပါတယ်။

သူဟာယခုရာသီတွင်ဆီယွန်အတွက်၁၂ပွဲကစားထားရာမှာ၅ဂိုးသွင်းထားနိုင်ပါတယ်။ဒါပေမဲ့ပရိသတ်များဟာယင်းခြေစွမ်းအပေါ်ကျေနပ်ကြခြင်းမရှိပါဘူး။

သူဟာအိမ်ကွင်းတွင်ဂယ်လွန်ကို၄-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ပွဲထွက်ကစားခဲ့ပါတယ်။ယင်းရှုံးပွဲကြောင့်ဆီယွန်ဟာတန်းဆင်းဇုန်နှင့်တစ်မှတ်အကွာသို့ရောက်သွားပါတယ်။

ပရိသတ်များဟာယင်းပွဲတွင်အသင်းအတွက်ကြိုးစားအားထုတ်ပေးခြင်းမှုအတွက်မာရီယိုဘာလော့တယ်လီကိုဆဲဆိုတိုက်ခိုက်ပြီးအော်ဟစ်ခဲ့ကြသလို သူ့နာမည်နှင့်ကျောနံပါတ်ပါဝင်တဲ့အင်္ကျီတစ်ထည်ကိုမီးတင်ရှို့ခဲ့ကြပါတယ်။

မာရီယိုဘာလော့တယ်လီဟာအင်တာမီလန်၊မန်စီးတီး၊အေစီလန်၊ဘရက်စီယာ၊လီဗာပူး၊နိုက်စ်၊မာဆေး၊မွန်ဇာ၊အဒါနာဒီမာစပေါ်တို့တွင်ကစားခဲ့ဖူးသူဖြစ်ပြီးကစားခဲ့တဲ့ကလပ်တိုင်းတွင်ကွင်းတွင်းကွင်းပြင်ပြဿနာများကြုံခဲ့ရသူဖြစ်ပါတယ်။

ZawGyi

မာရီယိုဘာေလာ့တယ္လီရဲ႕အက်ႌကို ပြဲၾကည့္စင္တြင္ ပရိသတ္မ်ား မီးရႈိ႕

ေဒါသအႀကီးအက်ယ္ထြက္ေနၾကတဲ့ဆီယြန္ပရိသတ္မ်ားဟာဆန္ဂယ္လိုကိုဆီယြန္ရႈံးနိမ့္ၿပီးေနာက္မာရီယိုဘာေလာ့တယ္လီရဲ႕အက်ႌကိုမီးရႈိ႕ခဲ့ၾကပါတယ္။

အသက္၃၂ႏွစ္ရွိအီတလီတိုက္စစ္မႉးမာရီယိုဘာေလာ့တယ္လီဟာေႏြရာသီတုန္းကသူ႔ကစားသမားဘဝ၁၁ခုေျမာက္ကလပ္အျဖစ္ဆြစ္ဇာလန္ကလပ္အက္ဖ္စီဆီယြန္သို႔ေျပာင္းခဲ့ပါတယ္။

သူဟာဆီယြန္သို႔ေရာက္ၿပီးေနာက္အမ်ိဳးသမီးတစ္ဦးႏွင့္အတူဘားတစ္ခုသို႔သြားေရာက္မႈေၾကာင့္ကလပ္ရဲ႕လူစာရင္းမွဖယ္ရွားခံခဲ့ရၿပီးလည္းျဖစ္ပါတယ္။

သူဟာယခုရာသီတြင္ဆီယြန္အတြက္၁၂ပြဲကစားထားရာမွာ၅ဂိုးသြင္းထားႏိုင္ပါတယ္။ဒါေပမဲ့ပရိသတ္မ်ားဟာယင္းေျခစြမ္းအေပၚေက်နပ္ၾကျခင္းမရွိပါဘူး။

သူဟာအိမ္ကြင္းတြင္ဂယ္လြန္ကို၄-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ပြဲထြက္ကစားခဲ့ပါတယ္။ယင္းရႈံးပြဲေၾကာင့္ဆီယြန္ဟာတန္းဆင္းဇုန္ႏွင့္တစ္မွတ္အကြာသို႔ေရာက္သြားပါတယ္။

ပရိသတ္မ်ားဟာယင္းပြဲတြင္အသင္းအတြက္ႀကိဳးစားအားထုတ္ေပးျခင္းမႈအတြက္မာရီယိုဘာေလာ့တယ္လီကိုဆဲဆိုတိုက္ခိုက္ၿပီးေအာ္ဟစ္ခဲ့ၾကသလို သူ႔နာမည္ႏွင့္ေက်ာနံပါတ္ပါဝင္တဲ့အက်ႌတစ္ထည္ကိုမီးတင္ရႈိ႕ခဲ့ၾကပါတယ္။

မာရီယိုဘာေလာ့တယ္လီဟာအင္တာမီလန္၊မန္စီးတီး၊ေအစီလန္၊ဘရက္စီယာ၊လီဗာပူး၊ႏိုက္စ္၊မာေဆး၊မြန္ဇာ၊အဒါနာဒီမာစေပၚတို႔တြင္ကစားခဲ့ဖူးသူျဖစ္ၿပီးကစားခဲ့တဲ့ကလပ္တိုင္းတြင္ကြင္းတြင္းကြင္းျပင္ျပႆနာမ်ားႀကဳံခဲ့ရသူျဖစ္ပါတယ္။