မာရှယ်ဒဏ်ရာရရှိသွားမှုကြောင့် တိုက်စစ်အတွက် ခေါင်းခဲစရာဖြစ်လာတဲ့ သရဲနီ

မန်ယူဟာအေစီမီလန်နှင့်ယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင်အန်တိုနီမာရှယ်ဒဏ်ရာရရှိသွားမှုနဲ့အတူတိုက်စစ်အတွက်ခေါင်းခဲစရာဖြစ်လာခဲ့ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာမန်ချက်စတာဒါဘီနိုင်ပွဲမှာဒဏ်ရာရရှိသွားခဲ့တဲ့မားကပ်ရပ်ရှ်ဖို့ဒ်ကိုအေစီမီလန်နှင့်ပွဲစဉ်မှာအသုံးမပြုနိုင်ခဲ့ပါဘူး။

ဆိုးလ်ရှားဟာအေစီမီလန်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲမှာတိုက်စစ်မှာမေဆင်ဂရင်းဝုဒ်ကိုတင်ကစားပြီးသူ့နောက်မှာ ဒါနီရယ်ဂျိမ်းစ်၊ဘရူနိုဖာနန်ဒက်စ်နှင့်မာရှယ်တို့ကိုအသုံးပြုသွားခဲ့ပါတယ်။ဒါပေမယ့်မာရှယ်ဒဏ်ရာရရှိသွားခဲ့မှုနဲ့အတူဆိုးလ်ရှားဟာနောက်ထပ်ဒဏ်ရာပြဿနာတစ်ခုကိုကိုင်တွယ်ရဦးမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာမာရှယ်ရဲ့ဒဏ်ရာအတိမ်အနက်ကိုမသိရသေးပါဘူး။ကံကောင်းတာတစ်ခုကတော့မာရှယ်အစား လူစားဝင်လာတဲ့အေမက်ဒီရယ်လိုကဖာနန်ဒက်စ်ရဲ့ဖန်တီးမှုကနေခေါင်းတိုက်ပြီးမန်ယူအတွက်ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့မန်ယူဟာယခုအပတ်မှာရလဒ်ကောင်းများဆက်တိုက်ရယူနေတဲ့ဒေးဗစ်မိုယက်စ်ရဲ့ဝက်စ်ဟမ်းအသင်းနှင့်ရင်ဆိုင်ကစားရပါမယ်။

ယင်းပွဲစဉ်မှာမာရှယ်ပါဝင်လာနိုင်ဖို့မရှိပါဘူး။ကြံ့ခိုင်မှုပိုင်းပြန်လည်ပြည့်ဝလာနိုင်တဲ့ကာဗာနီကိုအထောင်တိုက်စစ်မှူးအဖြစ်အသုံးပြုလာဖို့ရှိပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားအတွက်သတင်းကောင်းကတော့တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်မှာဝက်စ်ဟမ်းပွဲတွင်မပါဝင်လာနိုင်ပါကလည်းအေစီမီလန်နှင့်ယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်မှာပါဝင်လာဖို့သေချာနေတာ ဖြစ်ပါတယ်။

ဆိုးလ်ရှားက “ဒဏ်ရာရကစားသမားတွေပြန်ကောင်းလာဖို့မျှော်လင့်နေပါတယ်။လာမယ့်ကြာသပတေးနေ့မှာမား ကပ်စ်အသင့်ဖြစ်နေဖို့မျှော်လင့်ပါတယ်။ယခုအပတ်အကုန်ပွဲမှာပါဝင်လာနိုင်ဖို့တော့မတိအကျပြောဖို့ခက်ပါတယ်။ ကာဗာနီကတော့ပါဝင်လာနိုင်ပါတယ်။သူလည်းမီလန်နဲ့ပွဲမှာပါဝင်ဖို့သေချာပါတယ်။ဒီတော့ကျွန်တော်တို့အနေနဲ့ တောင့်တင်းတဲ့အသင်းနဲ့ပွဲထွက်နိုင်မှာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

မာရွယ္ဒဏ္ရာရရွိသြားမႈေၾကာင့္ တိုက္စစ္အတြက္ ေခါင္းခဲစရာျဖစ္လာတဲ့ သရဲနီ

မန္ယူဟာေအစီမီလန္ႏွင့္ယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္တြင္အန္တိုနီမာရွယ္ဒဏ္ရာရရွိသြားမႈနဲ႔အတူတိုက္စစ္အတြက္ေခါင္းခဲစရာျဖစ္လာခဲ့ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာမန္ခ်က္စတာဒါဘီႏိုင္ပြဲမွာဒဏ္ရာရရွိသြားခဲ့တဲ့မားကပ္ရပ္ရွ္ဖို႔ဒ္ကိုေအစီမီလန္ႏွင့္ပြဲစဥ္မွာအသုံးမျပဳႏိုင္ခဲ့ပါဘူး။

ဆိုးလ္ရွားဟာေအစီမီလန္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲမွာတိုက္စစ္မွာေမဆင္ဂရင္းဝုဒ္ကိုတင္ကစားၿပီးသူ႔ေနာက္မွာ ဒါနီရယ္ဂ်ိမ္းစ္၊ဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္မာရွယ္တို႔ကိုအသုံးျပဳသြားခဲ့ပါတယ္။ဒါေပမယ့္မာရွယ္ဒဏ္ရာရရွိသြားခဲ့မႈနဲ႔အတူဆိုးလ္ရွားဟာေနာက္ထပ္ဒဏ္ရာျပႆနာတစ္ခုကိုကိုင္တြယ္ရဦးမွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာမာရွယ္ရဲ႕ဒဏ္ရာအတိမ္အနက္ကိုမသိရေသးပါဘူး။ကံေကာင္းတာတစ္ခုကေတာ့မာရွယ္အစား လူစားဝင္လာတဲ့ေအမက္ဒီရယ္လိုကဖာနန္ဒက္စ္ရဲ႕ဖန္တီးမႈကေနေခါင္းတိုက္ၿပီးမန္ယူအတြက္ပထမဆုံးဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားရဲ႕မန္ယူဟာယခုအပတ္မွာရလဒ္ေကာင္းမ်ားဆက္တိုက္ရယူေနတဲ့ေဒးဗစ္မိုယက္စ္ရဲ႕ဝက္စ္ဟမ္းအသင္းႏွင့္ရင္ဆိုင္ကစားရပါမယ္။

ယင္းပြဲစဥ္မွာမာရွယ္ပါဝင္လာႏိုင္ဖို႔မရွိပါဘူး။ႀကံ့ခိုင္မႈပိုင္းျပန္လည္ျပည့္ဝလာႏိုင္တဲ့ကာဗာနီကိုအေထာင္တိုက္စစ္မႉးအျဖစ္အသုံးျပဳလာဖို႔ရွိပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားအတြက္သတင္းေကာင္းကေတာ့တိုက္စစ္မႉးရပ္ရွ္ဖို႔ဒ္မွာဝက္စ္ဟမ္းပြဲတြင္မပါဝင္လာႏိုင္ပါကလည္းေအစီမီလန္ႏွင့္ယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲစဥ္မွာပါဝင္လာဖို႔ေသခ်ာေနတာ ျဖစ္ပါတယ္။

ဆိုးလ္ရွားက “ဒဏ္ရာရကစားသမားေတြျပန္ေကာင္းလာဖို႔ေမွ်ာ္လင့္ေနပါတယ္။လာမယ့္ၾကာသပေတးေန႔မွာမား ကပ္စ္အသင့္ျဖစ္ေနဖို႔ေမွ်ာ္လင့္ပါတယ္။ယခုအပတ္အကုန္ပြဲမွာပါဝင္လာႏိုင္ဖို႔ေတာ့မတိအက်ေျပာဖို႔ခက္ပါတယ္။ ကာဗာနီကေတာ့ပါဝင္လာႏိုင္ပါတယ္။သူလည္းမီလန္နဲ႔ပြဲမွာပါဝင္ဖို႔ေသခ်ာပါတယ္။ဒီေတာ့ကြၽန္ေတာ္တို႔အေနနဲ႔ ေတာင့္တင္းတဲ့အသင္းနဲ႔ပြဲထြက္ႏိုင္မွာပါ”လို႔ေျပာၾကားသြားပါတယ္။