မာလီသို့ ရောက်ပြီးနောက် လေးရက်ကြာ ဆေးရုံတက်ခဲ့ရတဲ့ ဘရိုက်တန်စတားအမ်ဝီပူ

ဘရိုက်တန်စတားအီနော့ခ်အမ်ဝီပူဟာဇမ်ဘီယာလက်ရွေးစင်အသင်းနှင့်အတူ မာလီသို့ရောက်စဉ်ဆေးရုံသို့အရေးပေါ်တက်ခဲ့ရပါတယ်။

ဘရိုက်တန်အလယ်တန်းကစားသမားကဘာကြောင့်သူချက်ချင်းဆိုသလိုနာမကျန်းဖြစ်လာရသလဲဆိုတာမသိကြောင်းဆိုသွားပါတယ်။

အသက်၂၄နှစ်ရှိကစားသမားဟာမာလီရဲ့မြို့တော်ဘာမာကိုသို့ခြေစမ်းပွဲနှစ်ပွဲကစားရန်ရောက်ရှိလာပြီးနောက်နေထိုင်မကောင်းဖြစ်လာကာဆေးရုံတွင်လေးရက်ကြာတက်ရောက်ကုသမှုပြုလုပ်ခဲ့ရပါတယ်။

သူဟာဆေးရုံလေးရက်တက်ရောက်ခဲ့ရမှုနှင့်အတူယခုအပတ်အကုန်တွင်ကစားရမယ့်ဘရိုက်တန်နည်းပြသစ်ရောဘတ်တိုဒီဇာဘီရဲ့ပထမဆုံးပွဲကိုလွဲချော်ဖို့ရှိနေပါတယ်။

လက်စတာတိုက်စစ်မှူးပက်ဆင်ဒါကာမှာလည်းနေထိုင်မကောင်းဖြစ်ပြီးနောက်ဆေးရုံတက်ခဲ့ရပေမဲ့လည်းယခုအခါပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။

ယခုအခါအမ်ဝီပူဟာအင်္ဂလန်သို့ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ဆေးစစ်ဆေးမှုများထပ်မံပြုလုပ်နေပါတယ်။

ZawGyi

မာလီသို႔ ေရာက္ၿပီးေနာက္ ေလးရက္ၾကာ ေဆး႐ုံတက္ခဲ့ရတဲ့ ဘ႐ိုက္တန္စတားအမ္ဝီပူ

ဘ႐ိုက္တန္စတားအီေနာ့ခ္အမ္ဝီပူဟာဇမ္ဘီယာလက္ေ႐ြးစင္အသင္းႏွင့္အတူ မာလီသို႔ေရာက္စဥ္ေဆး႐ုံသို႔အေရးေပၚတက္ခဲ့ရပါတယ္။

ဘ႐ိုက္တန္အလယ္တန္းကစားသမားကဘာေၾကာင့္သူခ်က္ခ်င္းဆိုသလိုနာမက်န္းျဖစ္လာရသလဲဆိုတာမသိေၾကာင္းဆိုသြားပါတယ္။

အသက္၂၄ႏွစ္ရွိကစားသမားဟာမာလီရဲ႕ၿမိဳ႕ေတာ္ဘာမာကိုသို႔ေျခစမ္းပြဲႏွစ္ပြဲကစားရန္ေရာက္ရွိလာၿပီးေနာက္ေနထိုင္မေကာင္းျဖစ္လာကာေဆး႐ုံတြင္ေလးရက္ၾကာတက္ေရာက္ကုသမႈျပဳလုပ္ခဲ့ရပါတယ္။

သူဟာေဆး႐ုံေလးရက္တက္ေရာက္ခဲ့ရမႈႏွင့္အတူယခုအပတ္အကုန္တြင္ကစားရမယ့္ဘ႐ိုက္တန္နည္းျပသစ္ေရာဘတ္တိုဒီဇာဘီရဲ႕ပထမဆုံးပြဲကိုလြဲေခ်ာ္ဖို႔ရွိေနပါတယ္။

လက္စတာတိုက္စစ္မႉးပက္ဆင္ဒါကာမွာလည္းေနထိုင္မေကာင္းျဖစ္ၿပီးေနာက္ေဆး႐ုံတက္ခဲ့ရေပမဲ့လည္းယခုအခါျပန္လည္ေကာင္းမြန္လာၿပီျဖစ္ပါတယ္။

ယခုအခါအမ္ဝီပူဟာအဂၤလန္သို႔ျပန္လည္ေရာက္ရွိေနၿပီျဖစ္ၿပီး ေဆးစစ္ေဆးမႈမ်ားထပ္မံျပဳလုပ္ေနပါတယ္။