မာလ်ဒီနီရဲ့ ဖုန်းခေါ်ဆိုမှုကြောင့် မီလန်သို့ ပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဟု ချဲလ်ဆီးရဲ့ဖီကာယိုတိုမိုရီဖွင့်ဟ

ချဲလ်ဆီးကအငှားချထားတဲ့ဖီကာယိုတိုမိုရီကဂန္ထဝင်နောက်ခံလူပေါ်လ်လိုမာလ်ဒီနီနှင့်စကားပြောပြီးနောက် အေစီမီလန်သို့ပြောင်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

မာလ်ဒီနီဟာအေစီမီလန်အသင်းမှာနည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပြီးကစားသမားဘဝတုန်းကအေစီမီလန်အတွက်ပွဲ၉၀၀ကျော်ကစားခဲ့ကာသမိုင်းတစ်လျှောက်အကောင်းဆုံးနောက်ခံလူများထဲမှတစ်ဦးအ ဖြစ်သတ်မှတ်ခံထားရသူပါ။

တိုမိုရီဟာလာမယ့်နွေရာသီတွင်ပေါင်၂၃သန်းဖြင့်ပြောင်းရွှေ့နိုင်မယ့်အချက်ပါအငှားစာချုပ်ဖြင့်အေစီမီလန်သို့ပြောင်းခဲ့တာလည်းဖြစ်ပါတယ်။

တိုမိုရီက “ကြီးကျယ်တဲ့သမိုင်းကြောင်း၊ကြီးကျယ်ကစားသမားတွေရှိနေလို့အေစီမီလန်သို့ပြောင်းဖို့ရွေးချယ်ခဲ့တာ ပါ။ပြီးတော့အခုအချိန်မှာအကောင်းဆုံးအနေအထားသို့ရောက်နေတဲ့ကလပ်လည်းဖြစ်ပါတယ်။ဒါကကျွန်တော် မပယ်ချနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ဒီမှာလာကစားခွင့်ရတာအရမ်းဂုဏ်ယူပါတယ်။ပထမဖုန်းခေါ်တုန်းက ပေါလ်လိုမာလ်ဒီနီနဲ့စကားပြောရတော့အရမ်းအံ့ဩခဲ့ရတယ်။ဘောလုံးသမိုင်းမှာအကောင်းဆုံးနောက်ခံလူကကျွန် တော့်ကိုစကားပြောနေတာ။ကျွန်တော့်ကိုဒီလာကစားဖို့ပြောနေတာ။ဒီနေရာကျွန်တော်သွားကစားချင်တဲ့နေရာ။ ဘောလုံးကစားပြီးသူ့ဆီကလည်းသင်ယူနိုင်မယ်။ပေါလ်လိုမာလ်ဒီနီကသမိုင်းတစ်လျှောက်အကောင်းဆုံးနောက်ခံလူပါ။ငယ်ငယ်တုန်းကကျွန်တော်အလယ်တန်းနဲ့တိုက်စစ်မှူးအဖြစ်ကစားခဲ့တယ်။ကာကာကလည်းကျွန်တော်ကြည့်ရတဲ့ကြိုက်တဲ့သူပါ။ဆီးဒေါ့ဖ်လည်းဒီအတိုင်းပါပဲ။ဒီအင်္ကျီဝတ်ဆင်ခွင့်ရတာအရမ်းဂုဏ်ယူတယ်”လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင်တိုမိုရီကအေစီမီလန်တွင်ကျောနံပါတ်၂၃ဝတ်ဆင်ရန်ရွေးချယ်ရခြင်းမှာသူ့အသက်၂၃နှစ်နှင့်မိုက်ကယ်ဂျော်ဒန်ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်ဖြစ်နေမှုကြောင့်ဖြစ်ကြောင်းလည်းဖွင့်ဟသွားပါတယ်။

ZawGyi

မာလ္ဒီနီရဲ႕ ဖုန္းေခၚဆိုမႈေၾကာင့္ မီလန္သို႔ ေျပာင္းရန္ ဆုံးျဖတ္ခဲ့ျခင္းဟု ခ်ဲလ္ဆီးရဲ႕ဖီကာယိုတိုမိုရီဖြင့္ဟ

ခ်ဲလ္ဆီးကအငွားခ်ထားတဲ့ဖီကာယိုတိုမိုရီကဂႏၴဝင္ေနာက္ခံလူေပၚလ္လိုမာလ္ဒီနီႏွင့္စကားေျပာၿပီးေနာက္ ေအစီမီလန္သို႔ေျပာင္းရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

မာလ္ဒီနီဟာေအစီမီလန္အသင္းမွာနည္းစနစ္ဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္လ်က္ရွိၿပီးကစားသမားဘဝတုန္းကေအစီမီလန္အတြက္ပြဲ၉၀၀ေက်ာ္ကစားခဲ့ကာသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးေနာက္ခံလူမ်ားထဲမွတစ္ဦးအ ျဖစ္သတ္မွတ္ခံထားရသူပါ။

တိုမိုရီဟာလာမယ့္ေႏြရာသီတြင္ေပါင္၂၃သန္းျဖင့္ေျပာင္းေ႐ႊ႕ႏိုင္မယ့္အခ်က္ပါအငွားစာခ်ဳပ္ျဖင့္ေအစီမီလန္သို႔ေျပာင္းခဲ့တာလည္းျဖစ္ပါတယ္။

တိုမိုရီက “ႀကီးက်ယ္တဲ့သမိုင္းေၾကာင္း၊ႀကီးက်ယ္ကစားသမားေတြရွိေနလို႔ေအစီမီလန္သို႔ေျပာင္းဖို႔ေ႐ြးခ်ယ္ခဲ့တာ ပါ။ၿပီးေတာ့အခုအခ်ိန္မွာအေကာင္းဆုံးအေနအထားသို႔ေရာက္ေနတဲ့ကလပ္လည္းျဖစ္ပါတယ္။ဒါကကြၽန္ေတာ္ မပယ္ခ်ႏိုင္တဲ့အခြင့္အေရးတစ္ခုျဖစ္ပါတယ္။ဒီမွာလာကစားခြင့္ရတာအရမ္းဂုဏ္ယူပါတယ္။ပထမဖုန္းေခၚတုန္းက ေပါလ္လိုမာလ္ဒီနီနဲ႔စကားေျပာရေတာ့အရမ္းအံ့ဩခဲ့ရတယ္။ေဘာလုံးသမိုင္းမွာအေကာင္းဆုံးေနာက္ခံလူကကြၽန္ ေတာ့္ကိုစကားေျပာေနတာ။ကြၽန္ေတာ့္ကိုဒီလာကစားဖို႔ေျပာေနတာ။ဒီေနရာကြၽန္ေတာ္သြားကစားခ်င္တဲ့ေနရာ။ ေဘာလုံးကစားၿပီးသူ႔ဆီကလည္းသင္ယူႏိုင္မယ္။ေပါလ္လိုမာလ္ဒီနီကသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးေနာက္ခံလူပါ။ငယ္ငယ္တုန္းကကြၽန္ေတာ္အလယ္တန္းနဲ႔တိုက္စစ္မႉးအျဖစ္ကစားခဲ့တယ္။ကာကာကလည္းကြၽန္ေတာ္ၾကည့္ရတဲ့ႀကိဳက္တဲ့သူပါ။ဆီးေဒါ့ဖ္လည္းဒီအတိုင္းပါပဲ။ဒီအက်ႌဝတ္ဆင္ခြင့္ရတာအရမ္းဂုဏ္ယူတယ္”လို႔ ေျပာၾကားသြားပါတယ္။

ဒါ့အျပင္တိုမိုရီကေအစီမီလန္တြင္ေက်ာနံပါတ္၂၃ဝတ္ဆင္ရန္ေ႐ြးခ်ယ္ရျခင္းမွာသူ႔အသက္၂၃ႏွစ္ႏွင့္မိုက္ကယ္ေဂ်ာ္ဒန္ဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္ျဖစ္ေနမႈေၾကာင့္ျဖစ္ေၾကာင္းလည္းဖြင့္ဟသြားပါတယ္။