မိခင်ကလပ်ဖလာမင်ဂိုနဲ့ပွဲမှာ ရိုဒီနိုင်ကစားနိုင်ဖို့အတွက် ငွေစိုက်ထုတ်ပေးခဲ့တဲ့အင်တာနေစီယွန်နယ်ပရိသတ်

ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကဘရာဇီးထိပ်သီးဘောလုံးပွဲတစ်ပွဲရှိခဲ့ပါတယ်။ဖလာမင်ဂိုနဲ့အင်တာနေစီယွန်နယ်တို့ ထိပ်တိုက်တွေ့ခဲ့ကြတာပါ။ပွဲမတိုင်ခင်ကတည်းကကလပ်နှစ်ခုအကြားပြဿနာအဖုအထစ်ရှိခဲ့ပါတယ်။အဲဒါကတော့ဖလာမင်ဂိုကနေအငှားဖြင့်လာကစားနေတဲ့အင်တာနေစီယွန်နယ်နောက်ခံလူရိုဒီနိုင်ကိုသူတို့ထိပ်တိုက်တွေ့တဲ့ပွဲမှာမသုံးနိုင်တာပါ။ယင်းအချက်ကိုအငှားစာချုပ်မှာထည့်သွင်းချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်တနင်္ဂနွေနေ့ပွဲမှာအင်တာနေစီယွန်နယ်နောက်ခံလူရိုဒီနိုင်ပါဝင်ကစားလို့မရတဲ့အနေအထားနဲ့ကြုံခဲ့ရပါတယ်။ဒါပေမယ့်အင်တာနေစီယွန်နယ်ပရိသတ်တစ်ဦးကအရေးပါတဲ့နောက်ခံလူရိုဒီနိုင်ပါဝင်ကစားနိုင်ဖို့အတွက် ကြားဝင်လုပ်ဆောင်ပေးခဲ့ပါတယ်၊

အီလပ်စ်မာမက်ဂီရှက်ဖ်ဖာအမည်ရှိပရိသတ်ကရိုဒီနိုင်ပါဝင်ကစားနိုင်ဖို့အတွက်ဖလာမင်ဂိုထံသို့နစ်နာကြေး ပေါင်၁၃၃၀၀၀စိုက်ပေးခဲ့တာပါ။ယင်းသို့ပရိသတ်တစ်ဦးကကြားဝင်ပြီးငွေကြေးလူဒါန်းစိုက်ထုတ်ပေးမှုနဲ့အတူ ရိုဒီနိုင်ဟာမိခင်ကလပ်ဖလာမင်ဂိုနဲ့ပွဲမှာပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ဒါပေမယ့်ရိုဒီနိုင်ဟာမိခင်ကလပ်ဖလာမင်ဂိုနဲ့ပွဲမှာပါဝင်ကစားခဲ့ပြီးပထမပိုင်းမှာ၁ဂိုးစီသရေကျနေပါတယ်။ဒုတိယပိုင်းအစမှာရိုဒီနိုင်ဟာဦးနှောက်မဲ့တဲ့မှားယွင်းမှုကြီးတစ်ခုပြုလုပ်ခဲ့ပါတယ်။သူဟာဖလာမင်ဂိုမှဖီးလစ်ပီလူးဝစ်ကိုနောက်ကနေဖျက်ထုတ်ခဲ့ပြီးVARဖြင့်ပြန်လည်စစ်ဆေးပြီးနောက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အိမ်ရှင်ဖလာမင်ဂိုဟာတစ်ယောက်အသာနဲ့ကစားရမှုနဲ့အတူပွဲကိုထိန်းချုပ်ကစားလာနိုင်ပြီးပွဲချိန်၆၂မိနစ်မှာဂါဘီရီ ရယ်ဘာဘိုဆာကအနိုင်ဂိုးသွင်းယူလိုက်နိုင်မှုကြောင့်၂-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယခုအခါမှာတော့ရိုဒီနိုင်ဟာအနီကတ်ပြစ်ဒဏ်ကြောင့်သုံးပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာဖြစ်ပါတယ်။သူဟာလာမယ့်သောကြာနေ့မှာကစားရမယ့်ကိုရင်သီယန်နဲ့ရာသီပိတ်ပွဲကိုလွဲချော်ပါမယ်။ဖလာမင်ဂိုဟာကိုရင်သီယန်ကိုဂိုးပြတ်အနိုင်ရရှိရင်ဆုဖလားရယူနိုင်ပါသေးတယ်။

ZawGyi

မိခင္ကလပ္ဖလာမင္ဂိုနဲ႔ပြဲမွာ ႐ိုဒီႏိုင္ကစားႏိုင္ဖို႔အတြက္ ေငြစိုက္ထုတ္ေပးခဲ့တဲ့အင္တာေနစီယြန္နယ္ပရိသတ္

ၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကဘရာဇီးထိပ္သီးေဘာလုံးပြဲတစ္ပြဲရွိခဲ့ပါတယ္။ဖလာမင္ဂိုနဲ႔အင္တာေနစီယြန္နယ္တို႔ ထိပ္တိုက္ေတြ႕ခဲ့ၾကတာပါ။ပြဲမတိုင္ခင္ကတည္းကကလပ္ႏွစ္ခုအၾကားျပႆနာအဖုအထစ္ရွိခဲ့ပါတယ္။အဲဒါကေတာ့ဖလာမင္ဂိုကေနအငွားျဖင့္လာကစားေနတဲ့အင္တာေနစီယြန္နယ္ေနာက္ခံလူ႐ိုဒီႏိုင္ကိုသူတို႔ထိပ္တိုက္ေတြ႕တဲ့ပြဲမွာမသုံးႏိုင္တာပါ။ယင္းအခ်က္ကိုအငွားစာခ်ဳပ္မွာထည့္သြင္းခ်ဳပ္ဆိုထားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္တနဂၤေႏြေန႔ပြဲမွာအင္တာေနစီယြန္နယ္ေနာက္ခံလူ႐ိုဒီႏိုင္ပါဝင္ကစားလို႔မရတဲ့အေနအထားနဲ႔ႀကဳံခဲ့ရပါတယ္။ဒါေပမယ့္အင္တာေနစီယြန္နယ္ပရိသတ္တစ္ဦးကအေရးပါတဲ့ေနာက္ခံလူ႐ိုဒီႏိုင္ပါဝင္ကစားႏိုင္ဖို႔အတြက္ ၾကားဝင္လုပ္ေဆာင္ေပးခဲ့ပါတယ္၊

အီလပ္စ္မာမက္ဂီရွက္ဖ္ဖာအမည္ရွိပရိသတ္က႐ိုဒီႏိုင္ပါဝင္ကစားႏိုင္ဖို႔အတြက္ဖလာမင္ဂိုထံသို႔နစ္နာေၾကး ေပါင္၁၃၃၀၀၀စိုက္ေပးခဲ့တာပါ။ယင္းသို႔ပရိသတ္တစ္ဦးကၾကားဝင္ၿပီးေငြေၾကးလူဒါန္းစိုက္ထုတ္ေပးမႈနဲ႔အတူ ႐ိုဒီႏိုင္ဟာမိခင္ကလပ္ဖလာမင္ဂိုနဲ႔ပြဲမွာပါဝင္ကစားခြင့္ရခဲ့ပါတယ္။

ဒါေပမယ့္႐ိုဒီႏိုင္ဟာမိခင္ကလပ္ဖလာမင္ဂိုနဲ႔ပြဲမွာပါဝင္ကစားခဲ့ၿပီးပထမပိုင္းမွာ၁ဂိုးစီသေရက်ေနပါတယ္။ဒုတိယပိုင္းအစမွာ႐ိုဒီႏိုင္ဟာဦးေႏွာက္မဲ့တဲ့မွားယြင္းမႈႀကီးတစ္ခုျပဳလုပ္ခဲ့ပါတယ္။သူဟာဖလာမင္ဂိုမွဖီးလစ္ပီလူးဝစ္ကိုေနာက္ကေနဖ်က္ထုတ္ခဲ့ၿပီးVARျဖင့္ျပန္လည္စစ္ေဆးၿပီးေနာက္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

အိမ္ရွင္ဖလာမင္ဂိုဟာတစ္ေယာက္အသာနဲ႔ကစားရမႈနဲ႔အတူပြဲကိုထိန္းခ်ဳပ္ကစားလာႏိုင္ၿပီးပြဲခ်ိန္၆၂မိနစ္မွာဂါဘီရီ ရယ္ဘာဘိုဆာကအႏိုင္ဂိုးသြင္းယူလိုက္ႏိုင္မႈေၾကာင့္၂-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယခုအခါမွာေတာ့႐ိုဒီႏိုင္ဟာအနီကတ္ျပစ္ဒဏ္ေၾကာင့္သုံးပြဲပယ္ျပစ္ဒဏ္က်ခံရေတာ့မွာျဖစ္ပါတယ္။သူဟာလာမယ့္ေသာၾကာေန႔မွာကစားရမယ့္ကိုရင္သီယန္နဲ႔ရာသီပိတ္ပြဲကိုလြဲေခ်ာ္ပါမယ္။ဖလာမင္ဂိုဟာကိုရင္သီယန္ကိုဂိုးျပတ္အႏိုင္ရရွိရင္ဆုဖလားရယူႏိုင္ပါေသးတယ္။