မိခင်ကလပ်အစ်ဝှစ်ချ်ထက် ပရိသတ်များစွာ ရရှိနေတဲ့ အင်ဒိုလူငယ်လက်ရွေးစင်အယ်ကန်ဘက်ဂေါ့
ပြီးခဲ့တဲ့နှစ်တုန်းကအယ်ကန်ဘက်ဂေါ့ဟာဂယ်လင်ဂမ်နှင့်ရင်ဆိုင်ကစားရတဲ့ EFL Trophy ပွဲမှာအစ်ဝှစ်ချ်တောင်း အတွက်ပထမဆုံးပွဲကိုကစားခွင့်ရရှိခဲ့ပါတယ်။
အသက်၁၈နှစ်ရှိဘက်ဂေါ့ဟာယင်းပွဲစဉ်မှာခြေစွမ်းပြကစားနိုင်ခဲ့ပြီးအစ်ဝှစ်ချ်ဟာလည်း၂-၀ဂိုးဖြင့်အနိုင်ရယူနိုင်ခဲ့ပါတယ်။
ယင်းနောက်ပိုင်းမှာသူဟာဆိုရှယ်မီဒီယာတွေမှာပရိသတ်များစွာရရှိလာခဲ့ပါတယ်။အထူးသဖြင့်ဘက်ဂေါ့ရဲ့ဆိုရှယ်မီဒီယာအကောင့်များမှFollowers များကအစ်ဝှစ်ချ်ထက်တောင်ပိုများပါတယ်။­
ပြောရမယ်ဆိုရင်သူ့ရဲ့အင်ဒိုနီးရှားပရိသတ်များကြောင့်Followers များပြားနေတာလည်းဖြစ်ပါတယ်။၂၀၁၉ခုနှစ် တုန်းကအစ်ဝှစ်ချ်သို့စကော့လားရှစ်ဖြင့်ရောက်လာတဲ့ဘက်ဂေါ့ကိုအင်္ဂလိပ်ဖခင်၊အင်ဒိုနီးရှားမိခင်တို့မှဘန်ကောက်မှာမွေးဖွားခဲ့တာပါ။
သူဟာအင်ဒိုနီးရှားယူ-၁၉အသင်းမှာကစားမှုနဲ့အတူအင်ဒိုနီးရှားပရိသတ်များကနိုင်ငံအပေါ်သစ္စာရှိမှုကိုချစ်မြတ်နိုး ကာယခုကဲ့သို့ဆိုရှယ်မီဒီယာများမှာ Follow လုပ်နေကြတာလည်းဖြစ်ပါတယ်။
ဘောလုံးချစ်မြတ်နိုးတဲ့အင်ဒိုနီးရှားပရိသတ်များဟာအင်္ဂလိပ်ဘောလုံးလောကမှာဘက်ဂေါ့တစ်ယောက်အမြင့်ပျံ နိုင်ဖို့မျှော်လင့်နေကြပါတယ်။
မိခင်ကလပ်အစ်ဝှစ်ခ်ျထက် ပရိသတ်များစွာ ရရှိနေတဲ့ အင်ဒိုလူငယ်လက်ရွေးစင်အယ်ကန်ဘက်ဂေါ့
ပြီးခဲ့တဲ့နှစ်တုန်းကအယ်ကန်ဘက်ဂေါ့ဟာဂယ်လင်ဂမ်နှင့်ရင်ဆိုင်ကစားရတဲ့ EFL Trophy ပွဲမှာအစ်ဝှစ်ခ်ျတောင်း အတွက်ပထမဆုံးပွဲကိုကစားခွင့်ရရှိခဲ့ပါတယ်။
အသက်၁၈နှစ်ရှိဘက်ဂေါ့ဟာယင်းပွဲစဉ်မှာခြေစွမ်းပြကစားနိုင်ခဲ့ပြီးအစ်ဝှစ်ခ်ျဟာလည်း၂-၀ဂိုးဖြင့်အနိုင်ရယူနိုင်ခဲ့ပါတယ်။