မိခင်ဖြစ်သူအား ပွဲကြီးပွဲကောင်းများအား ကြည့်ခွင့်မပေးရတဲ့ အကြောင်းရင်းကို ရော်နယ်ဒိုဖွင့်ဟလာ

ခရစ္စတီယာနိုရော်နယ်ဒိုဟာမိခင်ဖြစ်သူအား အရေးပါတဲ့ပွဲကြီးပွဲကောင်းများအားကြည့်ခွင့်ပိတ်ပင်ထားရတဲ့အကြောင်းရင်းကိုဖွင့်ဟပြောကြားလာပါတယ်။

အသက်၃၆နှစ်ရှိပေါ်တူဂီစူပါစတားဟာယခုအပတ်အကုန်တွင်အိုးထရက်ဖို့ဒ်ကွင်းမှာနယူးကာဆယ်အားဧည့်ခံကစားရမယ့်ပွဲတွင်မန်ယူအတွက်ပထမဆုံးပွဲကိုပါဝင်ကစားသွားပါမယ်။

ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိခင်ဟာယင်းပွဲကိုအိုးထရက်ဖို့ဒ်သို့လာရောက်ကာသားဖြစ်သူအားကြည့်ရှုအားပေးသွားမှာမဟုတ်ပါဘူး။

ရီးရဲလ်မက်ဒရစ်နှင့်ဂျူဗင်တပ်ကစားသမားဟောင်းဟာမိခင်ဖြစ်သူမှာစိတ်လှုပ်ရှားလွန်းမှုကြောင့်နှစ်ကြိမ်တိုင်တိုင်သတိမေ့ခဲ့ဖူးမှုနဲ့အတူအရေးပါတဲ့ပွဲကြီးများကိုကြည့်ခွင့်ပိတ်ပင်ထားပါတယ်။တစ်ကြိမ်တွင်ရော်နယ်ဒိုရဲ့မိခင်ဒိုလိုရက်စ်ဟာမေ့လဲကျစဉ်သွားကျိုးတဲ့အထိဖြစ်ခဲ့ပါသေးတယ်။

ရော်နယ်ဒိုက “အခုဆိုရင်သူမကိုပွဲကြီးတွေကိုကြည့်ခွင့်မပေးတော့ပါဘူး။ အမေ၊ကျွန်တော်မှာအဖေဆိုတာလည်းမရှိတော့ဘူး။အမေ့ကိုလည်းထပ်ပြီးတော့မဆုံးရှုံးချင်ဘူး။ဒီတော့ကွာတားဖိုင်နယ်၊ဆီမီးဖိုင်နယ်(သို့မဟုတ်)ဗိုလ်လုပွဲတွေကိုလာမကြည့်နဲ့တော့လို့ပြောထားပါတယ်”လို့ Daily Mail သတင်းစာမှ ဂျာနယ်လစ်ပီယာမော်ဂန်နှင့်အင်တာဗျူးတွင်ပြောကြားသွားပါတယ်။

သူဟာယခင်တုန်းကပီယာမော်ဂန်နှင့်အင်တာဗျူးတွင်လည်း “သူကအရမ်းစိတ်လှုပ်ရှားတတ်တယ်။ဘာကြောင့်လည်းဆိုတာတော့မသိဘူး။ဒါကြောင့်ပွဲကြီးတွေကိုကြည့်ခွင့်မပေးခဲ့ပါဘူး။သူနဲ့အတူရှိနေဖို့သူငယ်ချင်းတွေရှိပါတယ်။အိမ်မှာဘဲလမ်းလေးပါလေး လျှောက်ခိုင်းထားတယ်။ကွင်းထဲမှာနှစ်ခါတောင်မေ့လဲကျဖူးတယ်။သူမကအရမ်းစိတ်လှုပ်ရှားတတ်တယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုကမိခင်ဖြစ်သူမှာသူတို့မိသားစုရဲ့အိမ်ထောင်ဦးစီး အရှင်သခင်ဖြစ်ပြီး၎င်းရဲ့အောင်မြင်မှုအားလုံးမှာမိခင်အတွက်သာဖြစ်ကြောင်းလည်းဆိုထားပါတယ်။

၎င်းက “အမေကအိမ်မှာအရေးအပါဆုံးပါ။ကျွန်တော် ဒီကနေ့အချိန်မှာဒီလိုနေထိုင်ရတယ်ဆိုတာသူမရဲ့ထောက်ပံ့မှုကြောင့်ပါ။သူ့ကလေးတွေအတွက်အရမ်းအလုပ်ကြိုးစားခဲ့ရတယ်။အထူးသဖြင့်ကျွန်တော်ကအိမ်မှာအငယ်ဆုံးဆိုတော့ကျွန်တော့်အတွက်ပိုပြီးတော့အလုပ်လုပ်ခဲ့ရတယ်။ကျွန်တော်အခွင့်အရေးတွေရလာဖို့သူမနာကျင်ခဲ့ရတယ်။ကျွန်တော်အသက်၁၂နှစ်တုန်းကဖြစ်ခဲ့တာမှတ်မိသေးတယ်။အဲဒီတုန်းကလစ္စဘွန်းသို့သွားပြီးစပို့တင်းလစ္စဘွန်းလူငယ်အသင်းမှာကစားချင်တယ်လို့ပြောခဲ့တယ်။သူမက ‘သား မင်းတကယ်လုပ်ချင်တယ်ဆိုရင်သွား၊ငါမတားဘူး၊မင်းထွက်ခွာသွားတာငါ့အတွက်ခက်ခဲလာမှာဖြစ်ပေမယ့်မင်းအိပ်မက်နောက်ကိုလိုက်ပါလို့ပြောခဲ့တာမှတ်မိသေးတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

မိခင္ျဖစ္သူအား ပြဲႀကီးပြဲေကာင္းမ်ားအား ၾကည့္ခြင့္မေပးရတဲ့ အေၾကာင္းရင္းကို ေရာ္နယ္ဒိုဖြင့္ဟလာ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမိခင္ျဖစ္သူအား အေရးပါတဲ့ပြဲႀကီးပြဲေကာင္းမ်ားအားၾကည့္ခြင့္ပိတ္ပင္ထားရတဲ့အေၾကာင္းရင္းကိုဖြင့္ဟေျပာၾကားလာပါတယ္။

အသက္၃၆ႏွစ္ရွိေပၚတူဂီစူပါစတားဟာယခုအပတ္အကုန္တြင္အိုးထရက္ဖို႔ဒ္ကြင္းမွာနယူးကာဆယ္အားဧည့္ခံကစားရမယ့္ပြဲတြင္မန္ယူအတြက္ပထမဆုံးပြဲကိုပါဝင္ကစားသြားပါမယ္။

ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မိခင္ဟာယင္းပြဲကိုအိုးထရက္ဖို႔ဒ္သို႔လာေရာက္ကာသားျဖစ္သူအားၾကည့္ရႈအားေပးသြားမွာမဟုတ္ပါဘူး။

ရီးရဲလ္မက္ဒရစ္ႏွင့္ဂ်ဴဗင္တပ္ကစားသမားေဟာင္းဟာမိခင္ျဖစ္သူမွာစိတ္လႈပ္ရွားလြန္းမႈေၾကာင့္ႏွစ္ႀကိမ္တိုင္တိုင္သတိေမ့ခဲ့ဖူးမႈနဲ႔အတူအေရးပါတဲ့ပြဲႀကီးမ်ားကိုၾကည့္ခြင့္ပိတ္ပင္ထားပါတယ္။တစ္ႀကိမ္တြင္ေရာ္နယ္ဒိုရဲ႕မိခင္ဒိုလိုရက္စ္ဟာေမ့လဲက်စဥ္သြားက်ိဳးတဲ့အထိျဖစ္ခဲ့ပါေသးတယ္။

ေရာ္နယ္ဒိုက “အခုဆိုရင္သူမကိုပြဲႀကီးေတြကိုၾကည့္ခြင့္မေပးေတာ့ပါဘူး။ အေမ၊ကြၽန္ေတာ္မွာအေဖဆိုတာလည္းမရွိေတာ့ဘူး။အေမ့ကိုလည္းထပ္ၿပီးေတာ့မဆုံးရႈံးခ်င္ဘူး။ဒီေတာ့ကြာတားဖိုင္နယ္၊ဆီမီးဖိုင္နယ္(သို႔မဟုတ္)ဗိုလ္လုပြဲေတြကိုလာမၾကည့္နဲ႔ေတာ့လို႔ေျပာထားပါတယ္”လို႔ Daily Mail သတင္းစာမွ ဂ်ာနယ္လစ္ပီယာေမာ္ဂန္ႏွင့္အင္တာဗ်ဴးတြင္ေျပာၾကားသြားပါတယ္။

သူဟာယခင္တုန္းကပီယာေမာ္ဂန္ႏွင့္အင္တာဗ်ဴးတြင္လည္း “သူကအရမ္းစိတ္လႈပ္ရွားတတ္တယ္။ဘာေၾကာင့္လည္းဆိုတာေတာ့မသိဘူး။ဒါေၾကာင့္ပြဲႀကီးေတြကိုၾကည့္ခြင့္မေပးခဲ့ပါဘူး။သူနဲ႔အတူရွိေနဖို႔သူငယ္ခ်င္းေတြရွိပါတယ္။အိမ္မွာဘဲလမ္းေလးပါေလး ေလွ်ာက္ခိုင္းထားတယ္။ကြင္းထဲမွာႏွစ္ခါေတာင္ေမ့လဲက်ဖူးတယ္။သူမကအရမ္းစိတ္လႈပ္ရွားတတ္တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုကမိခင္ျဖစ္သူမွာသူတို႔မိသားစုရဲ႕အိမ္ေထာင္ဦးစီး အရွင္သခင္ျဖစ္ၿပီး၎ရဲ႕ေအာင္ျမင္မႈအားလုံးမွာမိခင္အတြက္သာျဖစ္ေၾကာင္းလည္းဆိုထားပါတယ္။

၎က “အေမကအိမ္မွာအေရးအပါဆုံးပါ။ကြၽန္ေတာ္ ဒီကေန႔အခ်ိန္မွာဒီလိုေနထိုင္ရတယ္ဆိုတာသူမရဲ႕ေထာက္ပံ့မႈေၾကာင့္ပါ။သူ႔ကေလးေတြအတြက္အရမ္းအလုပ္ႀကိဳးစားခဲ့ရတယ္။အထူးသျဖင့္ကြၽန္ေတာ္ကအိမ္မွာအငယ္ဆုံးဆိုေတာ့ကြၽန္ေတာ့္အတြက္ပိုၿပီးေတာ့အလုပ္လုပ္ခဲ့ရတယ္။ကြၽန္ေတာ္အခြင့္အေရးေတြရလာဖို႔သူမနာက်င္ခဲ့ရတယ္။ကြၽန္ေတာ္အသက္၁၂ႏွစ္တုန္းကျဖစ္ခဲ့တာမွတ္မိေသးတယ္။အဲဒီတုန္းကလစၥဘြန္းသို႔သြားၿပီးစပို႔တင္းလစၥဘြန္းလူငယ္အသင္းမွာကစားခ်င္တယ္လို႔ေျပာခဲ့တယ္။သူမက ‘သား မင္းတကယ္လုပ္ခ်င္တယ္ဆိုရင္သြား၊ငါမတားဘူး၊မင္းထြက္ခြာသြားတာငါ့အတြက္ခက္ခဲလာမွာျဖစ္ေပမယ့္မင္းအိပ္မက္ေနာက္ကိုလိုက္ပါလို႔ေျပာခဲ့တာမွတ္မိေသးတယ္”လို႔ေျပာၾကားခဲ့ပါတယ္။