မိခင်ဖြစ်သူအား အပျော်မျက်ရည်ကျအောင် လုပ်ဆောင်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိခင်ဟာမန်ယူအတွက်ဒုတိယမြောက်ပထမဆုံးကစားတဲ့ပွဲမှာသားဖြစ်သူ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အပျော်မျက်ရည်များကျဆင်းခဲ့ပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာနယူးကာဆယ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာမန်ယူအတွက်ဒုတိယမြောက်ပထမဆုံးပွဲအဖြစ်ပွဲထွက်ကစားခဲ့ပြီး၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ယင်းနိုင်ပွဲကြောင့်အိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ယူဟာပရီးမီးယားလိဂ်အဖွင့်လေးပွဲမှာနိုင်ပွဲသုံးပွဲရရှိကာရမှတ်၁၀မှတ်ရယူထားနိုင်ပါတယ်။

ပေါ်တူဂီစူပါစတားဟာပထမပိုင်းပြီးခါနီးမှာမေဆင်ဂရင်းဝုဒ်ရဲ့ကန်ချက်ပြန်အံထွက်လာရာကနေမန်ယူအတွက်ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ယင်းနောက်နယူးကာဆယ်ကမန်ကွီလိုရဲ့ဂိုးဖြင့်ပြန်လည်ချေပဂိုးရခဲ့ပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုကလုခ်ရှောနဲ့ချပေးမှုကနေနယူးကာဆယ်ဂိုးသမားရဲ့ပေါင်ကြားအောက်ကနေကန်သွင်းပြီးမန်ယူအတွက်အနိုင်ဂိုးစတင်သွင်းခဲ့ပါတယ်။မန်ယူအတွက်ကျန်အနိုင်ဂိုးများကိုဘရူနိုဖာနန်ဒက်စ်နှင့်လင်ဂတ်တို့ကသွင်းယူခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိခင်ဒိုလိုရက်စ်အယ်ဗီရိုဟာသားဖြစ်သူနှစ်ဂိုးသွင်းယူနိုင်မှုကြောင့်အိုးထရက်ဖို့ဒ်ကွင်းတွင်အပျော်မျက်ရည်များကျနေခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်ထောင်ပေါင်းများစွာသောမန်ယူပရိသတ်များဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကျောနံပါတ်၇အင်္ကျီကိုဝတ်ဆင်ကာကြည့်ရှုအားပေးခဲ့ကြပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိခင်ဟာယခုအပတ်အစောပိုင်းတုန်းကမန်ချက်စတာသို့လိုက်လာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မန်ယူအတွက်ပထမဆုံးပွဲအားကြည့်ရှုမှုအပေါ်အံ့ဩသင့်ရပါတယ်။

အစောပိုင်းတုန်းကခရစ္စတီယာနိုရော်နယ်ဒိုကမိခင်ဖြစ်သူအားစိတ်လှုပ်ရှားလွန်းတတ်မှုကြောင့်ကွင်းထဲတွင်နှစ်ကြိမ်မေ့လဲကျပြီးနောက်အရေးပါတဲ့ပွဲများကိုကြည့်ခွင့်ပိတ်ပင်ထားကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။

ZawGyi

မိခင္ျဖစ္သူအား အေပ်ာ္မ်က္ရည္က်ေအာင္ လုပ္ေဆာင္ခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မိခင္ဟာမန္ယူအတြက္ဒုတိယေျမာက္ပထမဆုံးကစားတဲ့ပြဲမွာသားျဖစ္သူ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ အေပ်ာ္မ်က္ရည္မ်ားက်ဆင္းခဲ့ပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ကြင္းမွာနယူးကာဆယ္အား၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာမန္ယူအတြက္ဒုတိယေျမာက္ပထမဆုံးပြဲအျဖစ္ပြဲထြက္ကစားခဲ့ၿပီး၂ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ယင္းႏိုင္ပြဲေၾကာင့္အိုလီဂန္းနားဆိုးလ္ရွားရဲ႕မန္ယူဟာပရီးမီးယားလိဂ္အဖြင့္ေလးပြဲမွာႏိုင္ပြဲသုံးပြဲရရွိကာရမွတ္၁၀မွတ္ရယူထားႏိုင္ပါတယ္။

ေပၚတူဂီစူပါစတားဟာပထမပိုင္းၿပီးခါနီးမွာေမဆင္ဂရင္းဝုဒ္ရဲ႕ကန္ခ်က္ျပန္အံထြက္လာရာကေနမန္ယူအတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။ယင္းေနာက္နယူးကာဆယ္ကမန္ကြီလိုရဲ႕ဂိုးျဖင့္ျပန္လည္ေခ်ပဂိုးရခဲ့ေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုကလုခ္ေရွာနဲ႔ခ်ေပးမႈကေနနယူးကာဆယ္ဂိုးသမားရဲ႕ေပါင္ၾကားေအာက္ကေနကန္သြင္းၿပီးမန္ယူအတြက္အႏိုင္ဂိုးစတင္သြင္းခဲ့ပါတယ္။မန္ယူအတြက္က်န္အႏိုင္ဂိုးမ်ားကိုဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္လင္ဂတ္တို႔ကသြင္းယူခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မိခင္ဒိုလိုရက္စ္အယ္ဗီ႐ိုဟာသားျဖစ္သူႏွစ္ဂိုးသြင္းယူႏိုင္မႈေၾကာင့္အိုးထရက္ဖို႔ဒ္ကြင္းတြင္အေပ်ာ္မ်က္ရည္မ်ားက်ေနခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္ေထာင္ေပါင္းမ်ားစြာေသာမန္ယူပရိသတ္မ်ားဟာ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္၇အက်ႌကိုဝတ္ဆင္ကာၾကည့္ရႈအားေပးခဲ့ၾကပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မိခင္ဟာယခုအပတ္အေစာပိုင္းတုန္းကမန္ခ်က္စတာသို႔လိုက္လာခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မန္ယူအတြက္ပထမဆုံးပြဲအားၾကည့္ရႈမႈအေပၚအံ့ဩသင့္ရပါတယ္။

အေစာပိုင္းတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုကမိခင္ျဖစ္သူအားစိတ္လႈပ္ရွားလြန္းတတ္မႈေၾကာင့္ကြင္းထဲတြင္ႏွစ္ႀကိမ္ေမ့လဲက်ၿပီးေနာက္အေရးပါတဲ့ပြဲမ်ားကိုၾကည့္ခြင့္ပိတ္ပင္ထားေၾကာင္းဖြင့္ဟခဲ့ဖူးပါတယ္။