မိခင်မကျန်းမာမှုကြောင့် အာဆင်နယ်ရဲ့နောက်ဆုံး ၂ ပွဲကို အူဘာမီယန်လွဲချော်ခဲ့ခြင်းဖြစ်

အာဆင်နယ်အသင်းခေါင်းဆောင်အူဘာမီယန်ကမိခင်ဖြစ်သူမကျန်းမမာမှုကြောင့်အာဆင်နယ်ရဲ့ဆောက်သမ်တန်နှင့်ကစားခဲ့ရတဲ့ပွဲနှစ်ပွဲကိုလွဲချော်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

အူဘာမီယန်ဟာဆောက်သမ်တန်ကိုရှုံးနိမ့်တဲ့အက်ဖ်အေဖလားပွဲစဉ်ကစားရန်စိန့်မေရီသို့သွားရောက်ခဲ့သော်လည်း ပွဲကစားရန်နာရီအနည်းငယ်အလိုတွင်မိခင်မကျန်းမာမှုကြောင့်လန်ဒန်သို့အရေးပေါ်ပြန်ခဲ့ရသူလည်းဖြစ်ပါတယ်။သူဟာကြားရက်တုန်းကဆောက်သမ်တန်ကိုအနိုင်ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်းလွဲချော်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြအာတီတာကအူဘာမီယန်မှာပုဂ္ဂိုလ်ရေးကိစ္စရပ်များကြောင့်ဆောက်သမ်တန်နှင့်ပွဲကိုမကစားနိုင် ခဲ့ခြင်းဟုဖွင့်ဟခဲ့ပါတယ်။

ယခုအခါအူဘာမီယန်ကမိခင်ဖြစ်သူရဲ့ကျန်းမာရေးအခြေအနေမှာကောင်းမွန်လာခဲ့ပြီဖြစ်ပြီးယခုအခါနေအိမ်သို့ပြန် ရောက်နေပြီဖြစ်ကြောင်းပြောကြားလာပါတယ်။

အူဘာမီယန်က “ပြီးခဲ့တဲ့ရက်တွေမှာကျွန်တော့်ကိုမက်ဆေ့ချ်ပို့၊ဖုန်းခေါ်ခဲ့ကြတဲ့သူတွေကိုကျေးဇူးတင်ပါတယ်။ ကျွန်တော့်အမေကျန်းမာရေးပြဿနာအချို့ရှိခဲ့ပြီးကျွန်တော်လည်းအဲဒီမှာရှိနေခဲ့ပါတယ်။အခုသူကျန်းမာလာပါပြီ။ ကျွန်တော့်လည်းဒီညအိမ်ပြန်ပါမယ်။သူမကိုကျန်းမာလာအောင်ကူညီခဲ့ကြတဲ့ဆရာဝန်နဲ့သူနာပြုတွေကိုကျေးဇူးတင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါကြောင့်အူဘာမီယန်ဟာစနေနေ့တွင်မန်ယူနှင့်ရင်ဆိုင်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွင်ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

ZawGyi

မိခင္မက်န္းမာမႈေၾကာင့္ အာဆင္နယ္ရဲ႕ေနာက္ဆုံး ၂ ပြဲကို အူဘာမီယန္လြဲေခ်ာ္ခဲ့ျခင္းျဖစ္

အာဆင္နယ္အသင္းေခါင္းေဆာင္အူဘာမီယန္ကမိခင္ျဖစ္သူမက်န္းမမာမႈေၾကာင့္အာဆင္နယ္ရဲ႕ေဆာက္သမ္တန္ႏွင့္ကစားခဲ့ရတဲ့ပြဲႏွစ္ပြဲကိုလြဲေခ်ာ္ခဲ့ျခင္းျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အူဘာမီယန္ဟာေဆာက္သမ္တန္ကိုရႈံးနိမ့္တဲ့အက္ဖ္ေအဖလားပြဲစဥ္ကစားရန္စိန႔္ေမရီသို႔သြားေရာက္ခဲ့ေသာ္လည္း ပြဲကစားရန္နာရီအနည္းငယ္အလိုတြင္မိခင္မက်န္းမာမႈေၾကာင့္လန္ဒန္သို႔အေရးေပၚျပန္ခဲ့ရသူလည္းျဖစ္ပါတယ္။သူဟာၾကားရက္တုန္းကေဆာက္သမ္တန္ကိုအႏိုင္ရတဲ့ပရီးမီးယားလိဂ္ပြဲစဥ္ကိုလည္းလြဲေခ်ာ္ခဲ့ပါတယ္။

အာဆင္နယ္နည္းျပအာတီတာကအူဘာမီယန္မွာပုဂၢိဳလ္ေရးကိစၥရပ္မ်ားေၾကာင့္ေဆာက္သမ္တန္ႏွင့္ပြဲကိုမကစားႏိုင္ ခဲ့ျခင္းဟုဖြင့္ဟခဲ့ပါတယ္။

ယခုအခါအူဘာမီယန္ကမိခင္ျဖစ္သူရဲ႕က်န္းမာေရးအေျခအေနမွာေကာင္းမြန္လာခဲ့ၿပီျဖစ္ၿပီးယခုအခါေနအိမ္သို႔ျပန္ ေရာက္ေနၿပီျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အူဘာမီယန္က “ၿပီးခဲ့တဲ့ရက္ေတြမွာကြၽန္ေတာ့္ကိုမက္ေဆ့ခ်္ပို႔၊ဖုန္းေခၚခဲ့ၾကတဲ့သူေတြကိုေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ့္အေမက်န္းမာေရးျပႆနာအခ်ိဳ႕ရွိခဲ့ၿပီးကြၽန္ေတာ္လည္းအဲဒီမွာရွိေနခဲ့ပါတယ္။အခုသူက်န္းမာလာပါၿပီ။ ကြၽန္ေတာ့္လည္းဒီညအိမ္ျပန္ပါမယ္။သူမကိုက်န္းမာလာေအာင္ကူညီခဲ့ၾကတဲ့ဆရာဝန္နဲ႔သူနာျပဳေတြကိုေက်းဇူးတင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေၾကာင့္အူဘာမီယန္ဟာစေနေန႔တြင္မန္ယူႏွင့္ရင္ဆိုင္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္တြင္ပါဝင္လာေတာ့မွာ ျဖစ္ပါတယ္။