မိနစ် ၄၀ ကြာ သွေးပူလေ့ကျင့်ခန်း လုပ်ခဲ့ပေမယ့် လူစားဝင်ခဲ့ရမှုကြောင့် နည်းပြကို အင်္ကျီဖြင့် ချွတ်ပေါက်ခဲ့တဲ့ အိုဇေးလ်

မီဆတ်အိုဇေးလ်ဟာအရန်ခုံတွင်ထိုင်နေခဲ့ရမှုကြောင့်ဖီနာဘာချီနည်းပြဗစ်တာပီရဲရာအား အရန်အသင်းအပြင်အင်္ကျီဖြင့်ပစ်ပေါက်ခဲ့ကြောင်းသိရပါတယ်။

အသက်၃၂နှစ်ရှိအာဆင်နယ်စတားဟောင်းအိုဇေးလ်ဟာတနင်္ဂနွေနေ့တုန်းကကာဆမ်ပါဆာအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်အရန်စာရင်းထဲမှာထည့်သွင်းခြင်းခံခဲ့ရပါတယ်။

သူဟာနေမကောင်းမှုကြောင့်ကြားရက်တုန်းကအိုလံပီယာကို့စ်အားရှုံးနိမ့်တဲ့ယူရိုပါလိဂ်ပွဲစဉ်ကိုလည်းလွဲချော်ခဲ့ရာကာဆမ်ပါဆာနှင့်ပွဲတွင်ပွဲထွက်လာမယ်လို့ယူဆခြင်းခံထားရပါတယ်။

သူဟာဒုတိယပိုင်းတစ်ပိုင်းလုံးနီးပါးသွေးပူလေ့ကျင့်ခန်းပြုလုပ်နေခဲ့ရပေမယ့်လည်း လူစားဝင်ရောက်ကစားရန်ဆင့်ခေါ်ခြင်းမခံခဲ့ရပါဘူး။

ဒါကြောင့်လည်းအိုဇေးလ်ဟာအကြီးအကျယ်ဒေါသထွက်ကာပွဲပြီးချိန်တွင်အရန်အသင်းအပြင်အင်္ကျီကိုနည်းပြရှိရာသို့ဦးတည်ပစ်ပေါက်မှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်ဖီနာဘာချီဥက္ကဌအလီကော့စ်ကတော့နည်းပြနှင့်အိုဇေးလ်အကြားတွင်မည်သည့်ပြဿနာမျှမရှိကြောင်းငြင်းဆိုထားပါတယ်။

အိုဇေးလ်ဟာယခုရာသီတွင်ပွဲတိုင်းပွဲထွက်ကစားခွင့်ရရှိရန်ရုန်းကန်နေမှုကြောင့်ဖီနာဘာချီတွင်မပျော်မရွှင်ဖြစ်နေပြီးလာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ကာတာ(သို့မဟုတ်)အမေရိကန်သို့သွားရောက်ကစားဖွယ်ရှိကြောင်းသတင်းထွက်နေပါတယ်။

ZawGyi

မိနစ္ ၄၀ ၾကာ ေသြးပူေလ့က်င့္ခန္း လုပ္ခဲ့ေပမယ့္ လူစားဝင္ခဲ့ရမႈေၾကာင့္ နည္းျပကို အက်ႌျဖင့္ ခြၽတ္ေပါက္ခဲ့တဲ့ အိုေဇးလ္

မီဆတ္အိုေဇးလ္ဟာအရန္ခုံတြင္ထိုင္ေနခဲ့ရမႈေၾကာင့္ဖီနာဘာခ်ီနည္းျပဗစ္တာပီရဲရာအား အရန္အသင္းအျပင္အက်ႌျဖင့္ပစ္ေပါက္ခဲ့ေၾကာင္းသိရပါတယ္။

အသက္၃၂ႏွစ္ရွိအာဆင္နယ္စတားေဟာင္းအိုေဇးလ္ဟာတနဂၤေႏြေန႔တုန္းကကာဆမ္ပါဆာအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္အရန္စာရင္းထဲမွာထည့္သြင္းျခင္းခံခဲ့ရပါတယ္။

သူဟာေနမေကာင္းမႈေၾကာင့္ၾကားရက္တုန္းကအိုလံပီယာကို႔စ္အားရႈံးနိမ့္တဲ့ယူ႐ိုပါလိဂ္ပြဲစဥ္ကိုလည္းလြဲေခ်ာ္ခဲ့ရာကာဆမ္ပါဆာႏွင့္ပြဲတြင္ပြဲထြက္လာမယ္လို႔ယူဆျခင္းခံထားရပါတယ္။

သူဟာဒုတိယပိုင္းတစ္ပိုင္းလုံးနီးပါးေသြးပူေလ့က်င့္ခန္းျပဳလုပ္ေနခဲ့ရေပမယ့္လည္း လူစားဝင္ေရာက္ကစားရန္ဆင့္ေခၚျခင္းမခံခဲ့ရပါဘူး။

ဒါေၾကာင့္လည္းအိုေဇးလ္ဟာအႀကီးအက်ယ္ေဒါသထြက္ကာပြဲၿပီးခ်ိန္တြင္အရန္အသင္းအျပင္အက်ႌကိုနည္းျပရွိရာသို႔ဦးတည္ပစ္ေပါက္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ဖီနာဘာခ်ီဥကၠဌအလီေကာ့စ္ကေတာ့နည္းျပႏွင့္အိုေဇးလ္အၾကားတြင္မည္သည့္ျပႆနာမွ်မရွိေၾကာင္းျငင္းဆိုထားပါတယ္။

အိုေဇးလ္ဟာယခုရာသီတြင္ပြဲတိုင္းပြဲထြက္ကစားခြင့္ရရွိရန္႐ုန္းကန္ေနမႈေၾကာင့္ဖီနာဘာခ်ီတြင္မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီးလာမယ့္ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကာတာ(သို႔မဟုတ္)အေမရိကန္သို႔သြားေရာက္ကစားဖြယ္ရွိေၾကာင္းသတင္းထြက္ေနပါတယ္။